Top News

ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်း လူမှုအကျိုးပြု ချန်ပီယံဆု ချီးမြှင့်ခံရ
24htopnews | November 4, 2024 1:12 PM CST

ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်းကို ယမန်နေ့ နိုဝင်ဘာ ၃ ရက်က လူမှုအကျိုး ပြု ချန်ပီယံဆု ဂုဏ်ပြုချီးမြှင့်ခံရကြောင်း သိရသည်။

အဆိုပါ ဆုကို ဘာသာရေး‌ကျောင်း
တစ်ခုဖြစ်သည့် အယ်အဇ်ဟရ်အစ္စလာမ့်သိပ္ပံက ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်တွင် ပေးအပ်ချီးမြှင့်ခဲ့ခြင်းလည်းဖြစ် သည်။

” အယ်အဇ်ဟရ်အစ္စလာမ့်သိပ္ပံ ရန်ကုန်အခြေစိုက်က ပေးအပ်တဲ့ဆုပါ။”ဟု ထွန်းထွန်းမင်းက ပြောသည်။

ထို့အပြင် ၎င်းက ပရဟိတ လုပ်ငန်းများကိုလည်း အများပြည်သူအတွက် ကြိုး စား လုပ်ဆောင်သွားမည်ဆိုသည့်ကတိစကားကိုလည်း သူ၏လူမှုကွန်ရက်စာ မျက်နှာမှတဆင့် မျှဝေထားသည်ကိုတွေ့ရသည်။

ရိုးရာလက်ဝှေ့ကျော်ထွန်းထွန်းမင်းသည်ရေဘေးသင့်ဘေးပြည်သူများအား ထောက်ပံ့ကူညီရန် သူ၏ မြန်မာ့လက်ဝှေ့ ကမ္ဘာ့ချန်ပီယံခါးပတ်ကိုလေလံတင် ရောင်းချခဲ့ပြီး ကလောရေဘေးသင့်ပြည်သူများအား ထောက်ပံ့လှူဒါန်းမှုများပြု လုပ်ပေးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် (၆၉)နှစ်မြောက် ကရင်ပြည် နယ်ပွဲတော်အတွင်း ထည့်သွင်းပြုလုပ်မည့် မြန်မာပြည်အလွတ်တန်းချန်ပီလုပွဲအတွက် သွေးသစ်ဝင်းလှိုင်ဖြင့် ယှဉ်ပြိုင်ထိုးသတ်ရန် လေ့ကျင့်ပြင်ဆင်နေပြီး နိုဝင်ဘာ ၅ ရက်(မနက်ဖြန်)တွင် ဘားအံမြို့သို့ ထွက်ခွာမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခု ယှဉ်ပြိုင်ထိုးသတ်မည့် မြန်မာပြည်အလွတ်တန်း ချန်ပီယံဆုသည် ဒုတိယမြောက် အောင်လံလုပွဲတစ်ခုဖြစ်ပြီး၊ ပထမအကြိမ်၌ မန္တလေးသားလက်ဝှေ့အကျော်အမော် ကျော်စွာဝင်းနှင့်ယှဉ် ပြိုင်ထိုးသတ်ရာ ထွန်းထွန်းမင်းက ချန်ပီယံဆုကို ဆွတ်ခူးရရှိထားသည်။


READ NEXT
Cancel OK