၂၀၂၂ ခုနှစ်အတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် လက်နက်ကိုင်ပဋိပက္ခကြောင့် အိမ်ခြေ ၅၂၆ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က နိုဝင်ဘာ ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။
၂၀၂၂ ခုနှစ်အတွင်း လက်နက်ကိုင်ပဋိပက္ခကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အိမ်ခြေ ၂၄၈ လုံး၊ မကွေးတိုင်းဒေသကြီးအတွင်း အိမ်ခြေ ၂၈ လုံး၊ ချင်းပြည်နယ်အတွင်း အိမ်ခြေ ၂၂၀ နှင့် ကချင်ပြည်နယ်အတွင်း အိမ်ခြေ ၃၀ မီးလောင်ပျက်စီးခဲ့ကြောင်း နစက၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုဝင်ဘာ ၂၇ ရက်ကလည်း စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် အင်ကြင်းကုန်းကျေးရွာတွင် တပ်မတော်နှင့် KIAအဖွဲ့၊ PDF များ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှုကြောင့် နေအိမ် ၄၀ မီးလောင်ပျက်စီးခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထီးချိုင့်မြို့နယ် ဆူးပုတ်ကျေးရွာတွင်လည်း နိုဝင်ဘာ၂၆ ရက်က မီးရှို့ဖျက်စီးမှုကြောင့် နေအိမ် ၄၀၊ လက်တွန်းထွန်စက် ခြောက်စီး၊ စပါးချွေလှေ့စက်တစ်လုံး၊ မော်တော်ဆိုင်ကယ် ၂၀၊ မီးစက်နှစ်လုံးနှင့် စပါးများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အထက်ပါဖြစ်စဉ်များအား ကျူးလွန်ခဲ့သူများကို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်းနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
-
အာဖဂန်နစ္စတန်မှ ဆုတ်ခွာခဲ့ပြီးနောက် အမေရိကန်သည် စူပါပါ၀ါနိုင်ငံ မဟုတ်တော့ဟု ဗြိတိန် ကာကွယ်ရေးဝန်ကြီးက ပြောကြား
-
မြန်မာနိုင်ငံသို့ သွားရောက်နိုင်ရေး အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် ကြိုးပမ်းနေဆဲဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီး ပြောကြား
-
အစိုးရဆန့်ကျင်ဆန္ဒပြမှုများ ပိုမိုလုပ်ဆောင်ရန် ထိုင်းဆန္ဒပြသူများက စီစဉ်နေကြစဉ် ဝန်ကြီးချုပ် ပရာယွတ်က အယုံအကြည်မရှိအဆိုမဲခွဲမှုကို ကျော်လွှားနိုင်ခဲ့
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား