NLD ပါတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်မည့် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု UNDP ဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။
၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ကို အခြေခံတည်ထောင်သည့် UNDP ပါတီ အနေဖြင့် ကော့မှူးမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပါတီဥက္ကဋ္ဌကို တာဝန်ပေးအပ်ကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) က သြဂုတ် ၂ ရက်တွင် ထုတ်ပြန်သည်။
“ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ် ဆိုတဲ့ကိစ္စက ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကနေ ဆုံးဖြတ်ချက်ချပြီး တာဝန်ပေးခြင်း ဖြစ်ပါတယ်။ သူတို့ တာဝန်ပေးချက်အတိုင်း ကျွန်တော်က တာဝန်ယူပြီးတော့ ကော့မှူးမြို့နယ်မှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်တာပါ" ဟု UNDP ပါတီဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။
ကော့မှူးမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ပါတီ တည်ထောင်စဉ်တည်းက ပါတီခေါင်းဆောင်များက တောင်းဆိုမှုရှိနှင့်ပြီး လက်ရှိ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီဥက္ကဋ္ဌနှင့် ယှဉ်ပြိုင်ရမည့်အပေါ် စိုးရိမ်မှုမရှိဟု NLD ပါတီဝင်ဟောင်း ဦးဒေးဗစ်လှမြင့်က ဆိုသည်။
“ဒီရွေးကောက်ပွဲ ဝင်ပြိုင်ရင် ကျော်ဖြတ်ရမဲ့ကိစ္စတွေ ဆောင်ရွက်ရမဲ့ လုပ်ငန်းစဉ်တွေကိုတော့ အစောကြီးတည်းက ပြင်ဆင်ထားတယ်။ လေ့လာထားတယ်။ ဒီနယ်မြေနဲ့ ပက်သက်တဲ့ အခြေအနေအရပ်ရပ်ကို လေ့လာထားတယ်” ဟု ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။
ဦးဒေးဗစ်လှမြင့်သည် ၁၉၈၈ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ စတင် တည်ထောင်စဉ် ဧရာဝတီတိုင်း စည်းရုံးရေးကော်မတီအဖွဲ့ဝင် အနေဖြင့် ပါဝင်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် ငပုတောမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်း ဖြစ်သည်။
၁၉၉၃ ခုနှစ်တွင် ကျင်းပသည့် အမျိုးသားညီလာခံသို့ NLD ပါတီ မတက်ရောက်ရေး ဆန္ဒပြလှုပ်ရှားမှုဖြင့် ပါတီမှ ပထမအကြိမ် ထုတ်ပယ်ခံခဲ့ရပြီး ၁၉၉၅ ခုနှစ်တွင် ဒုတိယအကြိမ် ပါတီတွင် ပြန်လည်ဆောင်ရွက်ကာ ၂၀၀၄ ခုနှစ်တွင် လွှတ်တော်ခေါ်ယူရေး လှုပ်ရှားမှုဖြင့် ပါတီမှ ဒုတိယအကြိမ် ထုတ်ပယ်ခံခဲ့ရသူ ဖြစ်ကြောင်း သိရသည်။
ထို့နောက် နိုင်ငံရေးလှုပ်ရှားမှုများအဖြစ် ၂၀၁၀ ခုနှစ်ဝန်းကျင်တွင် ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့၊ ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ (UNDO) တို့တွင် အတွင်းရေးမှူးအဖြစ် ပါဝင် ဆောင်ရွက်ကာ လွှတ်တော်နိုင်ငံရေး ဆောင်ရွက်မည်ဟု ဆုံးဖြတ်ပြီး ညီညွတ်သော တိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (UNDP) ကို ၂၀၁၉ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။
UNDP ပါတီသည် ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ကို အခြေခံ တည်ထောင်ခြင်းဖြစ်ရာ ယင်းအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ထွန်ဦး အပါအဝင် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီ ခေါင်းဆောင်အချို့ကို ပါတီနာယကများအဖြစ် ထားရှိဆောင်ရွက်လျက်ရှိသလို စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) အဖွဲ့ဝင် အဖြစ်လည်း ပါဝင်လျက်ရှိသည်။
ရန်ကုန် တောင်ပိုင်းခရိုင်တွင် တည်ရှိပြီး ရက်ကွက် ၇ ခု၊ ရက်ကွက်၊ ကျေးရွာအုပ်စု ၅၅ အုပ်စုနှင့် ကျေးရွာခွဲပေါင်း ၁၃၀ တို့ဖြင့် ဖွဲ့စည်းထားသည့် ကော့မှူးမြို့နယ်သည် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အနိုင်ရမဲဆန္ဒနယ် ဖြစ်သည်။
-
၂ဝ၂၄ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် ပုလဲအတွဲ ၂၈၀၊ ကျောက်မျက်အတွဲ ၁၆၀ နှင့် ကျောက်စိမ်းအတွဲ ၄၈၀၀ တို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်
-
ရုရှားနိုင်ငံထဲက ပစ်မှတ်များကို တိုက်ခိုက်ရန် အမေရိကန်ပံ့ပိုးပေးသော ဝာာဝေးပစ်ဒုံးကျည်များအား ယူကရိန်း ပထမဆုံး အသုံးပြုရေးကို သမ္မတဂျိုးဘိုင်ဒင် ခွင့်ပြု
-
ရလဒ်က အရေးကြီးပေမဲ့ အသင်းတိုးတက်လာရင် ရလဒ်က နောက်ကလိုက်လာပါလိမ့်မယ်
-
ဆီမြွန်နီနေရာ အစားထိုးရန် အက်သလက်တီကိုအသင်း ရှာဖွေနေပြီး အရန်အသင်းနည်းပြ ဖာနန်ဒိုတောရက်စ် ရေပန်းစားနေ
-
တာမွေမြို့နယ် မြန်မာ့ဂုဏ်ရောင်အိမ်ရာဝန်းအတွင်းရှိ မြို့ဦးပရိယတ္တိစာသင်တိုက်တွင် လက်လုပ်လက်ပစ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် ဆရာတော်တစ်ပါး ပျံလွန်တော်မူ