Top News

လော်ဝေါ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ရွေးကောက်ပွဲတွင် ကချင်နှင့် ရှမ်းပြည်နယ်၌ ငါးမြို့နယ်တွင် ရှစ်နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်
24htopnews | November 3, 2024 9:12 PM CST

လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ရွေးကောက်ပွဲတွင် ကချင်နှင့် ရှမ်းပြည်နယ်၌ မြို့နယ်ငါးမြို့နယ်တွင် ရှစ်နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထိုသို့ ရွေးကောက်ပွဲဝင်ရောက်ရာတွင် လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် ကချင်ပြည်နယ် မိုးကောင်းမြို့နယ်တွင် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)နေရာ၊ ဝိုင်းမော်မြို့ နယ်တွင် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၁)နေရာနှင့် အမျိုးသားလွှတ်တော်၊ ချီဖွေမြို့နယ်တွင် ပြည်သူ့လွှတ်တော်တစ်နေရာ၊ ဆော့လော်မြို့နယ်တွင် ပြည်သူ့လွှတ်တော် နေရာတို့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်း လုံမြို့နယ်တွင် ပြည်နယ်လွှတ်တော်မဲဆန္ဒ နယ် နှစ်နေရာစလုံးနှင့် ပြည်သူ့လွှတ်တော် တစ်နေရာတို့တွင် ယှဉ်ပြိုင်မည်ဖြစ်သည်။

လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ် ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ၂၀၁၅ ခုနှစ် ဇွန်လတွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၅ ခုနှစ် အထွေ ထွေရွေးကောက်ပွဲတွင် ဝင်ပြိုင်ခဲ့သော်လည်း အနိုင်ရရှိခြင်းမရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် လော်ဝေါ်တိုင်းရင်းသားများ လို အပ်ချက်အရ လော်ဝေါ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နေရာမရှိသဖြင့် အဆိုပါ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနေရာ ရရှိနိုင်ရန် ပြည်ထောင်စုထံ ဆက်လက်တင်ပြ တောင်းဆိုမည်ဖြစ်ကြောင်း လော်ဝေါ်အမျိုး သားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဒေးဝိဒ်က ပြောကြားသည်။

“ဒီနှစ်တော့ နိုင်ခြေရှိတဲ့နေရာတွေပဲ ပြိုင်တော့မယ်။ နိုင်ငံတော်ကနေ မှတ်ပုံတင်မှာ ပြောင်းပေးမယ်ပြောပြီး မြေပြင်မှာ၊ မြို့ နယ်မှာ၊ ရပ်ကျေးမှာ လိုက်လုပ်တော့၊ နဂိုအတိုင်းလုပ်ရမယ်။ မပြောင်းနိုင်တော့ဘူး ပြန် လာတာ၊ အစိုးရနဲ့တွေ့ကြည့်နေတယ်။ အခု က မှန်းထားတဲ့ နေရာတွေပဲပြိုင်တာ။ ၇၅ ရာ ခိုင်နှုန်းလောက်တော့ မျှော်လင့်တယ်။ ခုချိန် သွားလာရေး အခက်အခဲရှိတယ်။ ပါတီဝင် အင်အား ၂၇၀၀ ကျော်လောက်ရှိတယ်။ လော်ဝေါ်က တစ်ပါတီပဲရှိတယ်။ ဒါပေမဲ့ တ ခြားပါတီတွေမှာလည်း လော်ဝေါ်တွေအများ ကြီးရှိတယ်။ ကြံ့ခိုင်ရေးပါတီနဲ့တော့ မဟာ မိတ်လို့တော့ဖွဲ့တယ်။ ခုတော့ ဘယ်လိုဖြစ် သွားလဲမသိဘူး။ နေရာချထားရေးမှာ နည်း နည်းလိုသွားတယ်။ ခုချိန်မဖြစ်တော့ဘူး ပေါ့။ ပြည်သူလူထုကို ပြောချင်တာ နိုင်ငံ ရေးအလှည့်အပြောင်းတစ်ခုဖြစ်နေတဲ့ ရွေး ကောက်ပွဲမဲကို ထည့်နိုင်ရင်ကောင်းတယ် ပြောချင်တာပေ့ါ။ နိုင်ငံတော်အခင်းအကျင်း မှာ တိုင်းရင်းသားအဖြစ် နိုင်ငံသားတစ်ဦး အနေနဲ့ အားလုံးပါဝင်သင့် ပါဝင်ထိုက်တယ်။  ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ မတ်မတ် ရပ်တည်သွားကြအောင်လို့ ပြောချင်တာ ပေ့ါ။ အောင်နိုင်ရင်တော့ တိုင်းရင်းသားစည်း လုံးညီညွတ်မှုမှာ ပြည်ထောင်စုလို့ ပြောနေ ရင်လည်း ဂဏနဃ မဖြစ်သေးဘူး။ အဲဒီအ ပိုင်းတွေကို တစ်အား အားခဲနေကြတယ်။ ပီပီပြင်ပြင်ဖြစ်ပေါ်လာအောင် တတ်နိုင်သ လောက် ပါဝင်ဆွေးနွေးဖို့ပေ့ါ” ဟု ပါတီအတွင်းရေးမှူး ဦးဒေးဝိဒ်က ပြောကြားသည်။

လော်ဝေါ်တိုင်းရင်းသားများသည် ကချင်ပြည်နယ်တွင် ၃၆၀၀၀၀ ကျော်၊ ရှမ်း ပြည်နယ်တွင်လည်း ၂၀၀၀၀၀ ကျော်ရှိ ကြောင်း လော်ဝေါ်စာပေနှင့် ယဉ်ကျေးမှုအ သင်း၏ ခန့်မှန်းစာရင်းအရ သိရပြီး ကချင် အမည်ပေါက် လော်ဝေါ်တိုင်းရင်းသားများ စွာရှိကြောင်း၊ တရားဝင်စာရင်းပေါက်လူဦး ရေ ၆၀၀၀၀ ကျော်သာရှိသဖြင့် နိုင်ငံတော် ထံ တင်ပြပြီးနောက်ပိုင်းတွင် လော်ဝေါ်တိုင်း ရင်းသားလူဦးရေ ၁၅၀၀၀ သာရှိသည်ဟု ထပ်မံအကြောင်းပြန်လာကြောင်း ဦးဒေး ၀ိဒ်က ဆိုသည်။

၂၀၁၉ ခုနှစ် သြဂုတ်လ လဝကစာရင်း အရ လော်ဝေါ်တိုင်းရင်းသားလူဦးရေစာ ရင်း ၆၀၀၀၀ ကျော်ရှိကြောင်း သိရသည်။

လော်ဝေါ်တိုင်းရင်းသားများသည် ကချင်ပြည်နယ် မိုးကောင်းမြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ ချီဖွေမြို့နယ်၊ ဆော့လော်မြို့နယ်၊ မြစ်ကြီးနားမြို့နယ်၊ မိုးညှင်းမြို့နယ်၊ ဆွမ်ပရာဘိုမြို့နယ်၊ ဗန်းမော်မြို့နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိူး၊ ကွတ်ခိုင်၊ နမ့်ဖတ်ကာ၊ ကွမ်းလုံတို့တွင် အနှံ့အပြားနေထိုင်ကြပြီး ကုတ်နံပါတ်အမည်ပေါက် တိုင်းရင်းသား တစ်ခုဖြစ်ကြောင်း သိရသည်။

 


READ NEXT
Cancel OK