သံလွင်တံတား(မော်လမြိုင်) မော်လမြိုင်ဘက်ခြမ်း လုံခြုံရေးဂိတ်အနီးတွင် နိုဝင်ဘာ ၁ ရက် က Pajero ယာဉ်တစ်စီးပေါ်မှ လက်နက်နှင့် ကျည်ဆန်များ ဖမ်းမိခဲ့ကြောင်း သတင်းရရှိသည်။
နိုဝင်ဘာ ၁ ရက် ၊ နေ့လယ် ၁ နာရီ ၅၀ မိနစ် ခန့် က မော်လမြိုင်မြို့မှ တဆင့် ရန်ကုန်မြို့ဘက်သို့ အသက် (၃၅) နှစ်အရွယ် ယာဉ်မောင်း သူရဇော် (ခ) အောင်ကြီး မောင်းနှင်သည့် Pajero အပြာရောင်ယာဉ် အား သံလွင်တံတား (မော်လမြိုင်) မော်လမြိုင်ဘက်ခြမ်းရှိ လုံခြုံရေးဂိတ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းအရ ရပ်တန့်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ထို့သို့ စစ်ဆေးစဉ် ယာဉ်ပေါ်မှ AK - 47 (၇) လက်၊ MA-1 (၁) လက်၊ AK ကျည်ဘောက် (၇) ခု၊ MA-1 ဖိုက်ဘာ ကျည်ဘောက် (၃) ခု၊ ၅.၅၆ ကျည် (၈၈၀) တောင့်၊ ပွိုင့် - ၃၈ ကျည် (၂၄) တောင့်ပွိုင့် ၉ - မမ ကျည် (၇၀) တောင့် တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ နှင့် နီးစပ်သူတစ်ဦးကပြောကြားသည်။
၎င်းကဆက်လက်ပြီ "လက်နက်နဲ့ ကျည်ဆံတွေ ဖမ်းဆီးရမိခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ သူရဇော် (ခ) အောင်ကြီး ကို စစ်ဆေးမေးမြန်းမှုတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်" ဟု ပြောကြားသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး မော်လမြိုင်မြိုမရဲစခန်းတွင် တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၂၃) ရက်နေ့ ညပိုင်းကလည်း ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ် ရန်ကုန် - မော်လမြိုင် ကားလမ်းမပေါ်ရှိ ညောင်ခါးရှည် X-ray စက် စစ်ဆေးရေးဂိတ်တွင် မော်လမြိုင်မြို့မှ မန္တလေးမြို့သို့ ထွက်ခွာလာသော “ရာဇာအောင်” ခရီးသည်တင်မှန်လုံယာဉ်တစ်စီးပေါ်လိုက်ပါလာသည့် ခရီးသည်အမျိုးသားတစ်ဦးထံမှ လက်နက်နှင့်ကျည်ဆုံများဖမ်းဆီးရမိခဲ့သေးကြောင်း သိရသည်။
အလားတူ အောက်တိုဘာလ (၂၈) ရက်နေ့၊ မွန်းလွဲ (၂) နာရီအချိန်ခန့်က အဆိုပါ ညောင်ခါးရှည် X-ray စက် စစ်ဆေးရေးဂိတ်တွင် ကရင်ပြည်နယ် ကော့ကရိတ်မြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့ မောင်းနှင်လာသော “သိင်္ဂီအောင်” ခရီးသည်တင်မှန်လုံယာဉ်ငယ်ပေါ်တင်ဆောင်လာသည့် ကုန်ပစ္စည်းများအား X-ray စက်ဖြင့် စစ်ဆေးစဉ် ယာဉ်ပေါ်တွင် လက်နက်နှင့် ကျည်ဆံများအား တွေ့ရှိဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
-
ဟုမ္မလင်းမြို့နယ်တွင် ကျေးရွာပေါင်း ၁၈၀ ကျော် အသုံးပြုနေသည့် ဥရုတံတား၏ ကမ်းကပ်ခုံမှာ ဥရုမြစ်ရေတိုက်စားမှုကြောင့် ပျက်စီးနိုင်သည့်အတွက် ကမ်းထိန်းနံရံ အမြန်ဆုံး တည်ဆောက်ပေးရန် စစ်ကိုင်းတိုင်းလွှတ်တော်တွင် မေးမြန်း
-
လင်းခေးခရိုင်အတွင်းရှိ သုံးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်များ ရေနစ်မြုပ်
-
တာမွေမြို့နယ် NLD ပါတီက နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဓာတ်ပုံ အသုံးပြုမဲဆွယ်ခြင်းသည် ပြည်သူ့ဝန်ထမ်း အကူအညီ ရယူရာရောက်သည်ဟုဆိုကာ ကန့်ကွက်ထားမှုအပေါ် ပုံရိပ်ကို အသုံးပြုခြင်းသည် စပ်ဆိုင်မှုမရှိကြောင်း ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင
-
နိုဝင်ဘာ ၂၁ ရက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်ကျောင်းများ ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်လက်ခံခြင်းကို နိုဝင်ဘာ ၁၄ ရက်မှစ၍ ပိတ်ရက်မရှိ လက်ခံပေးမည်
-
မြန်မာနိုင်ငံတွင် LNG Terminal တည်ဆောက်ပြီး ရရှိလာမည့် သဘာဝဓာတ်ငွေ့ကို မျှဝေသုံးစွဲနိုင်ရေး အပါအဝင် အခြားကိစ္စရပ်များ မြန်မာ-တရုတ် ဆွေးနွေး