၂၀၂၂ ခုနှစ် မေလတွင် မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၁၁ ဒသမ ၇၉ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း ဗဟို စာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရ သည်။
မေလတွင် မြန်မာနိုင်ငံ၏ ပျမ်းမျှငွေ ကြေးဖောင်းပွမှုနှုန်း Annual Rate of Inflation မှာ ၁၁ ဒသမ ၇၉ ရာခိုင်နှုန်းဖြစ် ပြီး နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း Year of the Year Inflation မှာ ၁၈ ဒသမ ၁၅ ရာ ခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
၂၀၂၁ ခုနှစ် မေလတွင် မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေ းဖောင်းပွမှုနှုန်း ၂ ဒသမ ၂၇ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ၂၀၂၂ ခုနှစ် မေလ တွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၁၁ ဒသ မ ၇၉ ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်းဖြစ် သည်။
လအလိုက် ဖြစ်ပေါ်ခဲ့သော မြန်မာနိုင် ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် ၂ ဒသမ ၆၁ ရာခိုင်နှုန်း၊ မတ်တွင် ၂ ဒသမ ၂၈ ရာခိုင်နှုန်း၊ ဧပြီတွင် ၂ ဒသမ ၁ရရာခိုင်နှုန်း၊မေတွင် ၂ ဒသမ ၂၇ ရာခိုင်နှုန်း၊ဇွန်တွင် ၂ ဒသမ ၄၀ ရာခိုင်နှုန်း၊ဇူလိုင်တွင် ၂ ဒသမ ၈ဝရာခိုင်နှုန်း၊ သြဂုတ်တွင် ၃ ဒသမ ၂ဝရာခိုင်နှုန်း၊စက်တင် ဘာတွင် ၃ဒသမ ၆၄ ရာခိုင်နှုန်း၊ အောက်တို ဘာတွင် ၄ ဒသမ ၃၄ ရာခိုင်နှုန်း၊နိုဝင်ဘာ တွင် ၅ ဒသမ ၂၃ ရာခိုင်နှုန်း၊ ဒီဇင်ဘာတွင် ၆ ဒသမ ၂၂ ရာခိုင်နှုန်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါ ရီတွင် ၇ ဒသမ ၃ဝရာခိုင်နှုန်း၊ ဖေဖော်ဝါရီ တွင် ၈ ဒသမ ၃၅ ရာခိုင်နှုန်း၊ မတ်တွင် ၉ ဒသမ ၅၇ ရာခိုင်နှုန်း၊ ဧပြီတွင် ၁၀ ဒသမ ၇၂ ရာခိုင်နှုန်း၊ မေလတွင် ၁၁ ဒသမ ၇၉ ရာခိုင် နှုန်းအထိ ဖြစ်ပေါ်ခဲ့သည်။
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဒုတိယသုံး လပတ်ကာလအတွင်း မြန်မာနိုင်ငံ၏ ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁၅ ဒသမ ၀၅ ရာခိုင်နှုန်းဖြစ် ပြီး နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း မှာ ၁၅ ဒသမ ၀၆ ရာခိုင် နှုန်းဖြစ်သည်။
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမသုံး လပတ်ကာလအတွင်း မြန်မာနိုင်ငံ၏ ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁၁ ဒသမ ၃၉ ရာ ခိုင်နှုန်းဖြစ် ပြီး နှစ်အလိုက်ငွေကြေးဖောင်းပွ မှုနှုန်းမှာ ၁၁ ဒသမ ၃၉ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။
-
၂၀၂၄ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖွင့်ပွဲ ကျင်းပ
-
ဇလွန်မြိုရှိ မာရ်အောင်မြင်ပြည်တော်ပြန်ဘုရားကြီး၊ တန်ဆောင်တိုင်ပွဲတော်၌ မသိုးသင်္ကန်းရက်ချုပ်ပြိုင်ပွဲနှင့် ရောင်စုံမီးအလှဆင်ပုံဖော်မှုများ ပါဝင်မည်
-
ဇူလိုင် ၂၆ ရက်တွင် ကမ္ဘာ့ဒေါ်လာစျေးအညွှန်းကိန်း ၁၀၆ ပွိုင့်ဝန်းကျင်ရှိပြီး ပြင်ပစျေးကွက်တွင်မူ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၄၉၀ ဝန်းကျင်ရှိနေ
-
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် တတိယသုံးလပတ်အတွင်း စတော့ရှယ်ယာတန်ဖိုးစုစုပေါင်း ကျပ်သန်း ၇၉၀ ကျော် အရောင်းအဝယ်ဖြစ်မြောက်ခဲ့ပြီး ဒုတိယသုုံးလပတ်ထက် ၁၅ ရာခိုင်နှုန်းကျဆင်း
-
ဇူလိုင် ၂၈ ရက်တွင် ရွှေလုပ်ငန်းရှင်များအသင်းက ပြည်တွင်းရွှေစျေးနှုန်း တစ်ကျပ်သားလျှင် ကျပ် ၂၀၆၀၀၀၀ ဖြင့် စျေးပိတ်ခဲ့သော်လည်း ပြင်ပစျေးကွက်တွင် ကျပ် ၂၂၈၀၀၀၀ ဝန်းကျင်ရှိနေ