Top News

၂၀၂၂ ခုနှစ် မေလတွင် အခွန်အရပ်ရပ်ကောက်ခံရရှိငွေ ကျပ်သန်းပေါင်း ၆၆၂၁၂၉ ကောက်ခံရရှိ
24htopnews | November 3, 2024 5:12 PM CST

၂၀၂၂ ခုနှစ် မေတွင် အခွန်အရပ်ရပ် ကောက်ခံရရှိငွေ ကျပ်သန်းပေါင်း ၆၆၂၁၂၉ ကောက်ခံရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၏(ယာယီ) ထုတ်ပြန်ချက်ကို ကိုးကားပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအဖွဲ့မှ ထုတ်ပြန်ထားသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း အခွန်ကောက်ခံရရှိမှုအနေဖြင့် အထူးကုန်စည်ခွန် ကျပ် ၄၇၅၉၂ သန်း၊ ကုန်သွယ်လုပ်ငန်းခွန် ၉၈၈၆၇ သန်း၊ ဝင်ငွေခွန် ကျပ်၂၅၇၉၀၂ သန်း၊ တံဆိပ်ခေါင်းခွန် ၉၉၃၁ သန်း၊ အောင် ဘာလေသိန်းဆုခွန် ၂၃၇၄ သန်း စသည်တို့ကို ကောက်ခံရရှိခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း အခွန်ကောက်ခံရရှိမှုအနေဖြင့် အထူးကုန်စည်ခွန် ကျပ် ၉၄၆၅၇ သန်း၊ ကုန်သွယ်လုပ်ငန်းခွန် ၁၆၁၃၈၈ သန်း၊ ဝင်ငွေခွန်ကျပ် ၁၀၄၅၈၄ သန်း၊ တံဆိပ်ခေါင်းခွန် ၇၇၀၉ သန်း၊ အောင် ဘာလေသိန်းဆုခွန် ၇၆၈ သန်း စသည်တို့ကို ကောက်ခံရရှိခဲ့သည်။

၂၀၂၂ ခုနှစ် မတ်လအတွင်း အခွန်အရပ်ရပ်ကောက်ခံရရှိမှုအနေဖြင့် အထူးကုန်စည်ခွန် ကျပ် ၁၄၃၆၉၅ သန်း၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၂၁၆၉၁၄ သန်း၊ ဝင်ငွေခွန်ကျပ် ၃၂၈၁၄၆ သန်း၊ တံဆိပ်ခေါင်းခွန် ၁၃၄၁၃ သန်း၊ အောင်ဘာလေသိန်းဆုခွန် ၂၂၁၈ သန်း ကောက်ခံရရှိခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် ဧပြီလအတွင်း အခွန်အရပ်ရပ်ကောက်ခံရရှိမှုအနေဖြင့် အထူးကုန်စည်ခွန် ကျပ် ၄၉၀၅၀ သန်း၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၁၁၀၃၂၆သန်း၊ ဝင်ငွေခွန်ကျပ် ၂၃၃၄၇၂ သန်း၊ တံဆိပ်ခေါင်းခွန် ၁၀၂၃၂ သန်း၊ အောင်ဘာလေသိန်းဆုခွန် ၈၄၀ သန်း ကောက်ခံရရှိခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် မေလအတွင်း အခွန်အရပ်ရပ်ကောက်ခံရရှိမှုအနေဖြင့် အထူးကုန်စည်ခွန် ကျပ် ၁၄၈၉၇၀ သန်း၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၂၆၆၄၈၄ သန်း၊ ဝင်ငွေခွန်ကျပ် ၂၃၃၁၆၀ သန်း၊ တံဆိပ်ခေါင်းခွန် ၉၇၀၁ သန်း၊ အောင်ဘာလေသိန်းဆုခွန် ၉၁၂ သန်း ကောက်ခံရရှိခဲ့ကြောင်း သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်(Mini Budget) ခြောက်လအတွင်း အခွန်အရပ်ရပ်ကောက်ခံရရှိငွေ ကျပ်သန်းပေါင်း ၂၉၃၁၂၆၉ ကောက်ခံရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၏(ယာယီ)ထုတ်ပြန်ချက်ကို ကိုးကားပြီး စီမံကိန်းနှင်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအဖွဲ့မှ ထုတ်ပြန်ထားသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် Mini Budget ခြောက်လအတွင်း အထူးကုန်စည်ခွန် ကျပ် ၅၇၃၈၅၈ သန်း၊ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၉၃၆၂၉၂ သန်း၊ ဝင်ငွေခွန်ကျပ်သန်း ၁၃၄၉၆၂၄၊ တံဆိပ်ခေါင်းခွန် ၅၃၁၃၀ သန်း၊ အောင်ဘာလေသိန်းဆုခွန်ကျပ်သန်း ၁၁၃၄၇ စသည်ဖြင့် အခွန်အရပ်ရပ်စုစုပေါင်း ကျပ်သန်း ၂၉၃၁၂၆၉ ကောက်ခံရရှိခဲ့ကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အခွန်အရပ်ရပ်ကောက်ခံရရှိမှုစုစုပေါင်း ၄၇၄၅ ဒသမ ၇၃၂ ဘီလျံရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန(IRD)၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။

နှစ်အလိုက် ပြည်ထောင်စု၏အခွန် ကောက်ခံရရှိမှုအခြေအနေကို လေ့လာကြည့်ပါက ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ် ၁၆၉၁၄၂၉ ဒသမ ၇၆၆ သန်း၊၂၀၁၂- ၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ၃၃၇၃၂၉၆ ဒသမ ၇၆၁ သန်း၊၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ၄၄၅၈၇၇၆ ဒသမ ၃၅၁ သန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၆၅၁၇၉၇၉ ဒသမ ၃၆၈ သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၆၃၁၄၇၃၃ ဒသမ ၆၅၇ သန်း၊၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်တွင် ၇၁၂၂၄၃၀ ဒသမ ၂၂၈ သန်း၊၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၇၄၂၃၇၂၄ ဒသမ ၉၈၄ သန်း၊၂၀၁၈ ခုနှစ် ဧပြီမှစက်တင်ဘာ အထိကြားကာလခြောက်လတွင် ကျပ် ၃၄၂၄၂၀၆ ဒသမ ၈၃၂  သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ် ၈၃၆၀၃၀၃ ဒသမ၅၆၈ သန်း ရရှိခဲ့သည်။


READ NEXT
Cancel OK