Top News

ယခုလအတွင်း စက်သုံးဆီတန်ချိန် နှစ်သိန်းသုံးသောင်းကျော် တင်သွင်းခွင့်ပြုထားပြီး သီလဝါဆိပ်ကမ်းရှိ  Terminal များတွင် ဆီချလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
24htopnews | November 3, 2024 5:12 PM CST

ယခုလအတွင်း စက်သုံးဆီတန်ချိန် နှစ်သိန်းသုံးသောင်းကျော် တင်သွင်းခွင့်ပြုထားကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက  ထုတ်ပြန်ထားသည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့် ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ “ စက်သုံးဆီတင်သွင်း၊သိုလှောင်၊ဖြန့်ဖြူးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ(Standard Operating Procedure-SOPs)” ကို ရေးဆွဲပြုစု၍ စက်သုံးဆီတင်သွင်းမှုများကို နိုင်ငံခြားသုုံးငွေကြီးကြပ်မှုကော်မတီအစည်းအဝေးသို့ စိစစ်ပြုစုတင်ပြဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလအတွင်း ဓာတ်ဆီ ၈၀၄၉၉ တန်နှင့် ဒီဇယ်ဆီ ၁၅၃၀၉၅ ဒသမ ၆၀ တန် စုစုပေါင်းစက်သုံးဆီတန်ချိန် ၂၃၃၅၉၄ ဒသမ ၆၀ တန် တင်သွင်းခွင့်ပြုပေးခဲ့ပြီးဖြစ်သည်။

ပြည်တွင်း၌ စက်သုံးဆီဖူလုံမှုရှိသည့်အပြင် ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းရှိ Terminal များတွင် MT Yu Dong သင်္ဘောသည် ဒီဇယ်ဆီ ၅၁ ဒသမ ၁၇ ဂါလန်သန်းနှင့် ပရီမီယံဒီဇယ်ဆီ ၆၀ ဒသမ ၃၉ ဂါလန်သန်း၊MT Yu Hai သင်္ဘောသည် 92 Ron ၄၂ ဒသမ ၃၃ ဂါလန်သန်းနှင့် ဒီဇယ် ဆီ ၉၂ ဒသမ ၂၅ ဂါလန်သန်းကို ဆီချလုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် နေ့စဉ်စက်သုံးဆီရည်ညွှန်းစျေးနှုန်းများကို ထုတ်ပြန်ပေးလျက်ရှိရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေလဲနှုန်းကို ပုံသေထား၍ စင်ကာပူနိုင်ငံမှ နေ့စဉ်ထုတ်ပြန်သော MOPS စျေးနှုန်း၊ Premium ၊ အလျော့တွက် ၊ အမြတ်ရာခိုင်နှုန်း၊ သယ်ယူစရိတ်Transport Charges တို့ကို အခြေခံကာတွက် ချက်ထုတ်ပြန်ပေးခြင်းဖြစ်သည်။ တစ်ပတ်အတွင်း စက်သုံးဆီစျေးနှုန်းများ ကျဆင်းခဲ့သော်လည်း MOPS စျေးနှုန်းမြင့်တက်မှုကြောင့် ယနေ့တွင် စက်သုံးဆီစျေးနှုန်း အနည်းငယ်ပြန်လည်မြင့်တက်ခဲ့ကြောင်း တွေ့ ရှိရသည်။

လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်း ချဖြန့်ဖြူးရေးအသင်းနှင့်ပူးပေါင်း၍ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များ၏ မြို့နယ်များအလိုက် စက်သုံးဆီလိုအပ်ချက်များအတွက် စက်သုံးဆီလက်ကျန်အပေါ်မူတည်၍ ခွဲဝေဖြန့်ဖြူးပေးလျက်ရှိသည်။ သို့ရာတွင် အချို့သောမြို့နယ်များသို့ စက်သုံးဆီဖြန့်ဖြူးဆောင်ရွက်ရာတွင် စက်သုံးဆီတင် ဘောက်ဆာ(Bowser)များနှင့် ဆီတွဲရေယာဉ်(Bowser)များကို လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များက တိုက်ခိုက်လုယက်မှုများ ပြုလုပ်လျက်ရှိသဖြင့် သက်ဆိုင်ရာစက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီများ အချိန်မီမရောက်ရှိဘဲ နှောင့်နှေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အချို့တိုင်းဒေသကြီး/ပြည်နယ်များ၏ စက်သုံးဆီလိုအပ်ချက်များ ပြည့်မီနိုင်ရန် အတွက် သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့၏ ထောက်ခံချက်များဖြင့် နယ်စပ်ဒေသများမှ စက်သုံးဆီတင်သွင်းမှုများကိုလည်း ကြီးကြပ်စိစစ်ဆောင်ရွက်ပေးလျက်ရှိသည်။

ရုရှားနိုင်ငံမှတင်သွင်းလာသည့် စက်သုံးဆီများ မကြာမီရက်ပိုင်းအတွင်းရောက်ရှိလာမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိ ယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်တင်ဘာ ၂၀ ရက်က နေပြည်တော်၌ကျင်းပသည့် သ တင်းစာရှင်းလင်းပွဲတွင် ရုရှားနိုင်ငံမှရောက်ရှိ လာမည့် စက်သုံးဆီများနှင့်ပတ်သက်၍မည် သည့်အချိန်တွင်ရောက် မည်နည်းဆိုသည့်သတင်းထောက်တစ်ဦး၏မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်း က အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ ရုရှားကရောက်ရှိလာမယ့်စက်သုံးဆီများ၊ ခုနကပြောတဲ့ ဖြန့်ဖြူးမှုအပိုင်းကိုပြောပါမယ်။ ဖြန့်ဖြူးမှုအပိုင်းက ဦးစားပေးကတော့ Public Transportation ကို ဖြန့်မှာဖြစ်ပါတယ်။ အများအားဖြင့် ဖြန့် သွားမှာ ဖြစ်ပါတယ်။ ပြီးရင် ကျွန်တော်တို့ ဒီစက်သုံးဆီများနဲ့ပတ်သက်ပြီး သူတို့လမ်းခရီးမှာ ကြန့်ကြာမှုရှိပါတယ်။ ရုရှားနိုင်ငံကနေ ထွက်လာပြီးတော့ လမ်းခရီးမှာရောက်ရှိနေပြီဖြစ်တယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြော ကြားသည်။

ရုရှားနိုင်ငံမှ စက်သုံးဆီ လိုသမျှရနိုင် မည်ဖြစ်ပြီး ပြည်တွင်း၌လည်း နှစ်နိုင်ငံပူးပေါင်း၍ရေနံတူးဖော်ရေးနှင့် ရှာဖွေရေးလုပ်ငန်းများကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သြဂုတ် ၁၇ ရက်က ကျင်းပခဲ့ သည့် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ ရောက်ရှိလာ မယ့်ရက်နဲ့ပတ်သက်လို့ကတော့ ရောက်ရှိ လာမယ့်အချိန်နဲ့ပတ်သက်လို့ကတော့ မကြာမီရက်ပိုင်းအတွင်းပဲ ရောက်ရှိလာနိုင်မယ်လို့ပဲ ကျွန်တော်တို့ဖြေနိုင်ပါတယ်။အတိအကျ ကတော့ဘယ်ရက်မှာ အတိအကျရောက်မယ်လို့တော့ ဖြေနိုင်ခြင်းမရှိသေးပါဘူး“ဟု ပြောကြားသည်။

ရုရှားနိုင်ငံမှစက်သုံးဆီဝယ်ယူပြီး ပြည်တွင်း၌ ဖြန့်ဖြူးရောင်းချရေးကိစ္စသည် ရုရှားနိုင်ငံသို့ နစကဥက္ကဋ္ဌသွားရောက်ခဲ့သည့်ခရီးစဉ်တစ်ခုတွင် အပြီးသတ်ဆွေးနွေးခြင်း၊ အပြီးသတ်သဘောတူညီချက်ရ ယူခဲ့ခြင်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။


READ NEXT
Cancel OK