7 July ချီတက်အလေးပြုခြင်းကြောင့် ပုဒ်မ၁၉ဖြင့် တရားစွဲဆိုခံထားရသည့် ဗကသကျောင်းသားလေးဦးကို ငွေဒဏ်သုံးသောင်းပေးဆောင်ရန်နှင့်ငွေဒဏ်ပေးဆောင်ခြင်းမရှိပါက ထောင်ဒဏ် ၁၅ ရက် ကျခံစေရန်အမိန့်ချမှတ်ရာ နှစ်ဦးမှာထောင်ဒဏ်၁၅ရက်ရွေးချယ်ခဲ့ပြီး ကျန်နှစ်ဦးမှာ ငွေဒဏ်သုံးသောင်းရွေးချယ်
7 July အထိမ်းအမှတ် ချီတက်အလေးပြုခြင်းကြောင့် ငြိမ်းစုစီဥပဒေ ပုဒ်မ၁၉ဖြင့် တရားစွဲဆိုခံထားရသည့် ဗကသကျောင်းသားလေးဦးကို ငွေဒဏ်သုံးသောင်းပေးဆောင်ရန်နှင့်ငွေဒဏ်ပေးဆောင်ခြင်းမရှိပါက ထောင်ဒဏ် ၁၅ ရက် ကျခံစေရန်အမိန့်ချမှတ်ရာ ကိုမင်းသွေးသစ်နှင့် ကိုခန့်မင်းထက်တို့က ထောင်ဒဏ် ၁၅ ရက် ရွေးချယ်ခဲ့ပြီး ကိုစိုင်းသုဝဏ်နှင့် မအိသီရိကျော်တို့က ငွေဒဏ်သုံးသောင်း ပေးဆောင်ခဲ့သည်။
7 July ချီတတ်ရာတွင် ပါဝင်ခဲ့သည့် ဗကသကျောင်းသားလေးဦးကို ကမာရွတ်မြို့နယ်တရားရုံးတွင် ဩဂုတ်၂၈ ရက်က စစ်ဆေးခဲ့ပြီး အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကာ ကိုဝေယံဖြိုးမိုးနှင့် ကိုသူရလင်းတို့နှစ်ဦးမှာ တရားရုံးသို့ လာရောက်ခြင်းမရှိသည့်အတွက် ဖမ်းဝရမ်းထုတ်ထားသည်။
တက္ကသိုလ်တတ်ရောက်နေဆဲ ကျောင်းသားများဖြစ်ကြသည့် ကိုစိုင်းသုဝဏ်နှင့် မအိသီရိကျော်တို့နှစ်မှာ စာမေးပွဲဖြေဆိုရမည်ဖြစ်သည့်အတွက် ငွေဒဏ်သုံးသောင်း ပေးဆောင်ခဲ့ကြောင်း၊ ကိုမင်းသွေးသစ်နှင့် ကိုခန့်မင်းထက်တို့က ငွေဒဏ်ပေးဆောင်ခြင်း မရှိသည့်အတွက် ထောင်ဒဏ်၁၅ ရက်ကျခံခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့က ဒီမိုကရေစီကို တားဆီးပိတ်ပင်တဲ့ ဒီမိုကရေစီစံနှုန်းတွေကို ချိုးဖောက်နေတဲ့ ဥပဒေတွေကို ဆန့်ကျင်တဲ့အနေနဲ့ ထောင်ဒဏ်ကို ရွေးချယ်ခဲ့တာ ဖြစ်တယ်။နောက်ထပ်လည်း ဒီမိုကရေစီစံချိန်စံနှုန်းနဲ့မညီတဲ့ ဥပဒေတွေကို မရှိဖို့အတွက် ဆက်လက်တိုက်ပွဲဝင်နေမှာ ဖြစ်ပါတယ်"ဟု ထောင်ဒဏ် ၁၅ ရက် ရွေးချယ်ခဲ့သည့် ကိုမင်းသွေးသစ်က ပြောကြားသည်။
လွန်ခဲ့သည်ဩဂုတ်၂ဝရက်က 7 July အထိမ်းအမှတ် ချီတက်အလေးပြုခဲ့သည့် တကသကျောင်းသားနှစ်ဦးဖြစ်သည့် ကိုဇင်မင်းဖြိုးနှင့် ကိုမင်းဟန်ထက်တို့ကို လှိုင်မြို့နယ်တရားရုံးက ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉နှင့် ထောင်ဒဏ် ၇ ရက် ချမှတ်ခဲ့သည်။
7 July ချီတတ်ရာတွင်ပါဝင်ခဲ့သည့် ကျောင်းသားရှစ်ဦးကို ပုဒ်မ ၁၉ဖြင့် ဇူလိုင်၁၈ရက်တွင် စတင်တရားစွဲဆိုခဲ့ပြီး တကသကျောင်းသားနှစ်ဦးမှာ အာမခံမယူသည့်အတွက် အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
7 July ချီတတ်ရာတွင် ပါဝင်ခဲ့ကြသည့် ဗကသများအဖွဲ့ချုပ်မှ ကျောင်းသား ၆ ဦးကို ကမာရွတ်မြို့နယ်တရားရုံးနှင့် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(တကသ)မှ ကျောင်းသားနှစ်ဦးကို လှိုင်မြို့နယ်တရားရုံးတွင် ပုဒ်မ ၁၉ဖြင့် တရားစွဲဆိုခဲ့ပြီး ဗကသများအဖွဲ့ချုပ်မှ ကျောင်းသား ၄ ဦးသာ တရားရုံးသို့ လာရောက်ခဲ့ပြီး ကိုယ်ပိုင်ခံဝန်ဖြင့် အာမခံယူခဲ့ကြောင်း၊ တကသကျောင်းသားနှစ်ဦးမှာ အာမခံမယူသည့်အတွက် လှိုင်မြို့နယ်တရားရုံးမှ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်တွင် ဖြိုချဖျက်ဆီးခြင်းခံခဲ့ရသည့် သမဂ္ဂအဆောက်အုံမြေနေရာတွင် ဝမ်းနည်းခြင်း အထိန်းအမှတ်အဖြစ် 7 July အခမ်းအနားကို ဇူလိုင် ၇ ရက် နံနက်ပိုင်းတွင် ဗကသများအဖွဲ့ချုပ်မှ ဦးဆောင်ကာ စိုက်ပျိုးရေးမှတ်တိုင်မှ သမဂ္ဂမြက်ခင်းပြင်အထိ လမ်းလျှောက်ချီတတ်ခဲ့ကြသည်။
ထို့နောက် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ)မှ မွန်းလွဲ ၂ နာရီတွင်် အင်းလျားကန်ဘောင်မှ သမဂ္ဂမြက်ခင်းပြင်အထိ လမ်းလျှောက်ချီတက်ခဲ့ကြပြီး 7 July အထိမ်းအမှတ် အခမ်းအနားကို ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
ထိုသို့လမ်းလျှောက်ချီတတ်ရာတွင် ပါဝင်ခဲ့သည့် ဗကသများအဖွဲ့ချုပ်မှ ကိုမင်းသွေးသစ်၊ မအိသီရိကျော်၊ ကိုစိုင်းသုဝဏ်၊ ကိုဝေယံဖြိုးမိုး၊ ကိုသူရလင်း၊ ကိုခန့်မင်းထက်တို့ကို ကမာရွတ်နယ်မြေရဲစခန်းတွင်လည်းကောင်း၊ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကျောင်းသားနှစ်ဦးဖြစ်သည့် ကိုဇင်မင်းဖြိုး၊ ကိုမင်းဟန်ထက်တို့ကို လှိုင်မြို့နယ်ရဲစခန်းတွင်လည်းကောင်း ဇူလိုင် ၁၃ ရက်က တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် 7 July လမ်းလျှောက်ချီတတ်ခြင်းကြောင့် ကမာရွတ်ရဲစခန်းတွင် ဗကသများအဖွဲ့ချုပ်မှ ကျောင်းသား ခြောက်ဦးနှင့် လှိုင်ရဲစခန်းတွင် တကသမှ ကျောင်းသားနှစ်ဦး စုစုပေါင်း ရှစ်ဦး အမှုဖွင့်ခံထားရကြောင်း သိရသည်။
7 July အခမ်းအနား ချီတတ်လမ်းလျှောက်ခြင်းနှင့်ပတ်သက်၍ ၂၀၁၂ ခုနှစ်တွင် ဖမ်းဆီးခဲ့ခြင်းများရှိခဲ့သော်လည်း နိုင်ငံရေးအသိုင်းအဝိုင်း၏ ဝေဖန်မှုများကြောင့် တရားစွဲဆိုဖမ်းဆီးခြင်းမရှိခဲ့ဘဲ နှစ်စဉ်ပြုလုပ်လျက်ရှိပြီး ယခုနှစ်တွင် စတင်တရားစွဲဆိုခြင်း ဖြစ်သည်။
-
သရုပ်ဆောင် မေမီကိုကိုရဲ့ ငယ်ဘဝအမှတ်တရ ဖြတ်သန်းရာ
-
မာဗယ်၏ ပထမဦးဆုံး ရုပ်ပြစာစောင်ကို လေလံတင်ရောင်းချရာ ဒေါ်လာ ၁.၃ သန်း ရရှိ
-
သရုပ်ဆောင် ခရစ္စတင်းဘဲလ်နှင့် အဆိုတော်၊ သရုပ်ဆောင် အဒီးနားမန်ဇယ်တို့ ဟောလိဝုဒ် Walk of Fame တွင် ကြယ်ပွင့်ဖြင့် ဂုဏ်ပြုခံရ
-
တစ်ရှိန်ထိုးအောင်မြင်လာသည့် ရက်ပ်အဆိုတော် လစ်ဇိုက (၆၂) ကြိမ်မြောက် ဂရမ်မီဆန်ခါတင်စာရင်းတွင် ဦးဆောင်
-
ပိုင်တံခွန် ပါဝင်ခွင့်ရရှိခဲ့သည့် ထိုင်းရုပ်သံအစီအစဉ် Farang Day ၏ Host ဖြစ်သူ Sunny Burns မြန်မာနိုင်ငံသို့ လာရောက်မည်