အဂတိလိုက်စားမှုဖြင့် အမှုရင်ဆိုင်နေရသည့် နေပြည်တော်ကောင်စီနယ်မြေမှ စျေးများဌာန ဌာနမှူး ဦးမင်းလွင်စိုးကို စွဲဆိုထားသော အမှုများမှ အပြီးပြတ်လွှတ်စေရန် မန္တလေးတိုင်းတရားလွှတ်တော်မှ သြဂုတ် ၂၈ ရက်တွင် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
"စွဲဆိုထားတဲ့ အမှုနှစ်မှုလုံးအတွက် အပြီးအပြတ် လွှတ်ပေးလိုက်တာပါ။ အဓိကကတော့ ငွေယူကြောင်းသက်သေဖြစ်တဲ့ ဗွီဒီယိုဖိုင်ကို ဖြတ်ညှပ်ကပ်လုပ်ပြီး မမှန်တင်သွင်းခဲ့တာကို ရအောင်ဖော်ထုတ် တင်ပြနိုင်ခဲ့ပါတယ်။ ဒါကြောင့် ခုလို လွတ်မြောက်သွားတာပါ။ နှစ်နှစ်နီးပါး အချုပ်ကျခံခဲ့ရမှုတွေအတွက် တရားမကြောင်းအရ ပြန်လည်တရားစွဲဆိုသွားပါမယ်" ဟု ဦးမင်းလွင်ဘက်မှ လိုက်ပါဆောင်ရွက်ခဲ့သည့် တရားလွှတ်တော်ရှေ့နေ တော်ဝင်ဦးခင်မောင်သန်းက ပြောကြားခဲ့သည်။
နေပြည်တော် စည်ပင်သာယာရေးကော်မတီက စျေးခုံစနစ်ဖျက်သိမ်း၍ ပြောင်းလဲလုပ်ကိုင်ရန် ညွှန်ကြားချက်အပေါ် စျေးခုံရောင်းချသူများက စျေးခုံလေလံစနစ်ဖြင့်သာ ပြန်လည်လုပ်ကိုင်ရန် ညှိနှိုင်းခဲ့ရာတွင် လာဘ်ငွေပေးခဲ့ရသည်ဟုဆိုကာ စည်ပင်ဌာနမှူး ဒေါက်တာခိုင်စိုးလှနှင့် စျေးများဌာန ဌာနမှူး ဦးမင်းလွင်စိုးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၅ ရက်က မန္တလေးတိုင်း တရားလွှတ်တော် ရာဇဝတ်ကြီးအမှုအမှတ် ၆ တွင် စျေးများဌာနမှ ဌာနမှူး ဦးမင်းလွင်စိုးမှာ အဂတိလိုက်စားကြောင်း ခိုင်လုံသည့် သက်သေခံမပြနိုင်သည့်အတွက် အပြီးပြတ်လွှတ်ရန် အမိန့်ချခဲ့သော်လည်း ရာဇဝတ်ကြီးအမှုအမှတ် ၇ တွင် ဒေါက်တာခိုင်စိုးလှအနေဖြင့် အဂတိလိုက်စားကြောင်း ဗွီဒီယိုဖိုင် သက်သေပြနိုင်သည့်အတွက် ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
အမှုမှာ မန္တလေးတိုင်းတရားလွှတ်တော်တွင် ၂၀၁ရခုနှစ် နိုဝင်ဘာလမှစတင်ကာ တရားစွဲဆို စစ်ဆေးနေခဲ့ခြင်းဖြစ်ရာ နှစ်နှစ်ကျော် ကြာမြင့်ခဲ့သည်။
-
သရုပ်ဆောင် မေမီကိုကိုရဲ့ ငယ်ဘဝအမှတ်တရ ဖြတ်သန်းရာ
-
မာဗယ်၏ ပထမဦးဆုံး ရုပ်ပြစာစောင်ကို လေလံတင်ရောင်းချရာ ဒေါ်လာ ၁.၃ သန်း ရရှိ
-
သရုပ်ဆောင် ခရစ္စတင်းဘဲလ်နှင့် အဆိုတော်၊ သရုပ်ဆောင် အဒီးနားမန်ဇယ်တို့ ဟောလိဝုဒ် Walk of Fame တွင် ကြယ်ပွင့်ဖြင့် ဂုဏ်ပြုခံရ
-
တစ်ရှိန်ထိုးအောင်မြင်လာသည့် ရက်ပ်အဆိုတော် လစ်ဇိုက (၆၂) ကြိမ်မြောက် ဂရမ်မီဆန်ခါတင်စာရင်းတွင် ဦးဆောင်
-
ပိုင်တံခွန် ပါဝင်ခွင့်ရရှိခဲ့သည့် ထိုင်းရုပ်သံအစီအစဉ် Farang Day ၏ Host ဖြစ်သူ Sunny Burns မြန်မာနိုင်ငံသို့ လာရောက်မည်