မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ (၈၆)လမ်းနှင့် (၈၄)လမ်း ဗ်ိုလ်အိမ်မီးပွိုင့်အနီး (၁၀၄)လမ်းနှင့် ကန်ပတ်လမ်းကြား၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ အကွက်အမှတ် (၅၀၁) ရှိ လူနေနှစ်ထပ်အိမ်၌ မီးလောင်မှု ဖြစ်ပွားရာ မီးသတ်ယာဉ်အများအပြားဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။
နိုဝင်ဘာ (၂)ရက်၊ ည (၉)နာရီ မိနစ် (၃၀)အချိန်ခန့်၊ အဆိုပါ နေရာရှိ လူနေအိမ် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ ချမ်းမြသာစည်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ကျွန်းလုံးဥသျှောင်အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သံလျှက်မှော်တောင်အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ သံလျှက်မှော်ရှေ့အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ထွန်းတုံးအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ တမ္ပဝတီအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂) စီး၊ MMCသီးသန့်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည (၉)နာရီ (၅၄)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုတန်ဖိုးနှင့် မီးလောင်မှုအကြောင်းရင်းကို မီးသတ်တပ်ဖွဲ့မှ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ နိုဝင်ဘာ (၂)ရက်၊ မွန်းလွဲ (၃)နာရီအချိန်ခန့်ကလည်း မဟာအောင်မြေမြို့နယ်၊ လမ်း (၆၀)၊ လမ်း (၄၀) နှင့် (၄၁)လမ်းကြားရှိ လူနေအိမ်ခန်း တစ်ခုတွင် Air-cooler ဝါယာရှော့ဖြစ်ရာမှတဆင့် မီးလောင်မှု တစ်ခု ဖြစ်ပွားခဲ့သေးကြောင်း နယ်မြေခံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
-
လက်ရှိတွင် အချိုးကျကိုယ်စားပြုစနစ် (PR) မလိုအပ်သေးကြောင်းနှင့် ပြည်သူများသာမက နိုင်ငံရေးသမားများပင်လျှင် PR စနစ်ကို နားမလည်သေးကြောင်း မွန်ညီညွတ်ရေးပါတီ ပြောကြား
-
မြန်မာ့အရေးနှင့် ပတ်သက်ပြီး ဥပဒေမူဘောင်အတွင်း ညှိနှိုင်းတိုင်ပင်ဆွေးနွေးခြင်းကို အလျင်အမြန် ရှာကြံရေးအပေါ် ထောက်ခံကြောင်း တရုတ်နိုင်ငံ ပြောကြား
-
မိန်းကလေးငယ်များအား Facebook, TikTok များမှတစ်ဆင့် တရုတ်မယား ပြုလုပ်ရန် စည်းရုံးပြီး လူကုန်ကူးမှု ဂိုဏ်းဖွဲ့ကျူးလွန်သည့် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသားများအား မန္တလေးမြို့တွင် ဖမ်းဆီးရမိ
-
NMSP (AD) အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် မုဒုံမြို့နယ် ကျိုက်ရွဲကျေးရွာရှိ ဟွန်ဒါမြန်မာ သစ်ပါးလွှာစက်ရုံမှ စက်ရုံမှူး၊ မန်နေဂျာနှင့် တရုတ်နိုင်ငံသားပညာရှင်တစ်ဦးတို့ ပြန်လည်လွတ်မြောက်လာဟုဆို
-
ရွှေနိုင်ငံစာပေနှင့် ပိုစတာဖြန့်ချိရေးလုပ်ငန်း၏ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ်အား ရုပ်သိမ်း