အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်နှင့် အတွင်းဝန်းရုံးအနီးရှိ လမ်း များကို ဇူလိုင် ၁၉ ရက် (အာဇာနည်နေ့) တွင် ခေတ္တပိတ်ထားမည်ဖြစ်ပြီး လမ်းပိတ်/လမ်းလွှဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇူလိုင် ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ သိရသည်။
၂၀၂၂ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ကျင်းပ မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့အခမ်း အနားကို ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန် တွင် ကျင်းပမည်ဖြစ်ရာ အခမ်းအနားကျင်းပ မည့် နံနက် ၄ နာရီအချိန်မှ အခမ်းအနားပြီး ဆုံးသည်အထိ အနောက်ရွှေဂုံတိုင်လမ်းကို ရေတာရှည်လမ်းဟောင်းမှ လည်းကောင်း၊ ဓမ္မစေတီလမ်းကို ဦးဝိစာရ-ဓမ္မစေတီလမ်း ဆုံမှလည်းကောင်း၊ ဓမ္မစေတီလမ်းကို အင်းလျားမြိုင်လမ်းဆုံမှလည်းကောင်း၊ အာဇာနည် လမ်းကို အနောက်ရွှေဂုံတိုင်လမ်းနှင့် ဦးဝိစာရ လမ်းဆုံမှလည်းကောင်း၊ အာဇာနည်လမ်းကို ဦးထောင်ဘိုလမ်းနှင့် အာဇာနည်လမ်းဆုံမှ လည်းကောင်း၊ ဦးဝိစာရလမ်းကို ဦးဝိစာရ အဝိုင်းမှ ဦးဝိစာရ-ဓမ္မစေတီလမ်းဆုံအထိ လည်းကောင်း၊ ရွှေတိဂုံဘုရားမြောက်ဘက်မုခ် (သွေးဆေးကန်)လမ်းတို့ကို ခေတ္တပိတ်ထား မည်ဖြစ်ပြီး လမ်းပိတ်/လမ်းလွှဲ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် ဖွင့်လှစ်မည့်နေရာကို ဇူလိုင် ၁၉ ရက်မှ ဇူလိုင် ၂၁ ရက် (နံနက် ၅ နာရီမှ ညနေ ၆ နာရီအထိ) နတ်မောက်လမ်းကို ဝင်္ကဘာလမ်းဆုံမှလည်း ကောင်း၊ နတ်မောက်လမ်းကို ဖိုးစိန်လမ်းဆုံမှ လည်းကောင်း၊ ဗိုလ်ချုပ်ပြတိုက်လမ်းကို ငါး ထပ်ကြီး ဘုရားလမ်းနှင့် ဆုံရာမှလည်းကောင်း၊ ဗိုလ်ချိုလမ်းကို ရွှေကြက်ယက်လမ်းနှင့် ဆုံရာ လမ်းဆုံမှလည်းကောင်း၊ ဗိုလ်ချုပ်ပြတိုက် လမ်းကို စောမဟာလမ်းဆုံမှလည်းကောင်း ခေတ္တပိတ်ထားမည်ဖြစ်ပြီး လမ်းပိတ်/လမ်း လွှဲဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အလားတူ အလံတင်အခမ်းအနား ကျင်းပမည့် အတွင်းဝန်ရုံးကို ဇူလိုင် ၁၉ ရက် မှ ဇူလိုင် ၂၁ ရက် (နံနက် ၅ နာရီမှ ညနေ ၆ နာရီအထိ) သိမ်ဖြူလမ်းကို ဗိုလ်ချုပ်လမ်းဆုံမှ လည်းကောင်း၊ အနော်ရထာလမ်းကို ဗိုလ် မြတ်ထွန်းလမ်းဆုံမှလည်းကောင်း၊ မဟာ ဗန္ဓုလလမ်းကို ပန်းဆိုးတန်းလမ်းဆုံမှလည်းကောင်း၊ ဗိုလ်အောင်ကျော်လမ်းကို ကုန် သည်လမ်းဆုံမှလည်းကောင်း လမ်းပိတ်ထား မည်ဖြစ်ကြောင်း သိရသည်။
ယင်းအတွက်ကြောင့် ယာဉ်မောင်းသူ ပြည်သူများအနေဖြင့် အခမ်းအနားကျင်းပ စဉ် လမ်းပိတ်/လမ်းလွှဲ ဆောင်ရွက်နေသည့် အချိန်များတွင် အခြားသင့်လျော်သောလမ်း များမှ မောင်းနှင်သွားလာကြပါရန် ကြိုတင်အသိပေးနှိုးဆော်အပ်ပါကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
-
မည်သည့်အောင်မြင်မှုမျှ မရသေးကြောင်း ဒါဝင်နူးနက်ဇ် သတိပေး
-
■ UEFA Nations League ပွဲကြိုသုံးသပ်ချက်
-
■ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ (အာရှဇုန်) ပွဲကြိုသုံးသပ်ချက်
-
■ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ (တောင်အမေရိကဇုန်) ပွဲကြိုသုံးသပ်ချက်
-
■ နစ္စတယ်ရွိုင်းအား နေရာမပေးခြင်းအတွက် မန်ယူနည်းပြသစ် အာမိုရင်မ်အား ဆာဟာ ဝေဖန်ပြစ်တင်