Top News

မြန်မာ့စီးပွားရေးဘဏ်ခွဲအချို့တွင် ပင်စင်လစာထုတ်ပေးသည့် လတစ်လ၏ ၂၁ ရက်နေ့တစ်ရက်တည်းတွင် စုပြုံ၍ လာရောက်ထုတ်ယူခြင်းများ တွေ့ရှိရခြင်းကြောင့် ဇူလိုင်မှစ၍ ပင်စင်လစာထုတ်ယူမှုအဆင်ပြေစေရန် ဆောင်ရွက်မည်
24htopnews | November 3, 2024 12:12 PM CST

မြန်မာ့စီးပွားရေးဘဏ်ခွဲအချို့တွင် ပင်စင်လစာထုတ်ပေးသည့်လတစ်လ၏ ၂၁ ရက် တစ်နေ့တည်းတွင် စုပြုံ၍ လာရောက်ထုတ် ယူခြင်းများ တွေ့ရှိရခြင်းကြောင့် ဇူလိုင်မှစ၍ ပင်စင်လစာထုတ်ယူမှု အဆင်ပြေစေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ဇူလိုင် ၈ ရက် တွင် မြန်မာ့စီးပွားရေးဘဏ်၏ ပန်ကြားချက် အရ သိရသည်။

နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင် လစာများကို မြန်မာ့စီးပွားရေးဘဏ်များက တာဝန်ယူထုတ်ပေးလျက်ရှိရာ သက်ဆိုင်ရာ ဘဏ်ခွဲများတွင် လစဉ်ရုံးဖွင့်ရက် ၂၁ ရက်နေ့ တစ်ရက်တည်းတွင်သာ စုပြုံထုတ်ယူရန် မလို အပ်ဘဲ မိမိအဆင်ပြေမည့် အခြားဘဏ်ဖွင့် သည့်ရက်များတွင်လည်း လွယ်ကူအဆင်ပြေ စွာ ထုတ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထား ပြီးဖြစ်ကြောင်း ပန်ကြားချက်တွင် ပါရှိသည်။

ပင်စင်လစာငွေများကို ဘဏ်တွင် ငွေ စာရင်းဖွင့်လှစ်ထည့်သွင်း၍ လိုအပ်ချိန်တွင် အဆိုပါငွေစာရင်းမှ ထုတ်ယူခြင်းဖြင့်လည်း ကောင်း၊ ATM စာရင်းဖွင့်လှစ်၍ ATM စက် များမှ ထုတ်ယူခြင်းဖြင့်လည်းကောင်း၊ Myan-mar Mobile Money (MMM)

 စနစ်နှင့် Wave Money စနစ်တို့ကို အသုံးပြု၍လည်း ကောင်း နီးစပ်ရာ Mobile Agent များမှတစ် ဆင့် ထုတ်ယူနိုင်ရန်လည်းကောင်း ဆောင် ရွက်ပေးထားပြီး ယင်းနည်းလမ်းများဖြင့် ဆောင်ရွက်နိုင်ကြောင်းကို အသိပေးကြေ ညာထားရှိကြောင်း သိရသည်။

ယခုအခါ အချို့သောဘဏ်ခွဲများတွင် လတစ်လ၏ ပင်စင်လစာကို စတင်ထုတ်ပေး သည့်ရက်ဖြစ်သော ၂၁ ရက် တစ်နေ့တည်း၌ စုပြုံ၍ လာရောက်ထုတ်ယူကြခြင်းကြောင့် လူစုလူဝေးဖြစ်ပေါ်ခြင်း၊ ရှည်လျားစွာတန်းစီ ရခြင်း၊ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်း တို့ ဖြစ်ပေါ်နေကြောင်း စိစစ်တွေ့ရှိရသည် ဟု ပါရှိသည်။

၂၀၂၂ ခုနှစ် ဇူလိုင်မှစ၍ မြန်မာ့စီးပွား ရေးဘဏ်တွင် ကိုယ်တိုင် ပင်စင်လစာထုတ် ယူမှု အဆင်ပြေစေရန်အတွက် ဘဏ်များ တွင် ငွေပေးကောင်တာများတိုးချဲ့စီစဉ်ထား ရှိခြင်း၊ ငွေထုတ်ပေးမှု လျင်မြန်စေရန် စီစဉ် ဆောင်ရွက်ခြင်းတို့ ဆောင်ရွက်ထားရှိပါ ကြောင်း ဖော်ပြပါရှိသည်။

ယင်းအတွက်ကြောင့် နိုင်ငံဝန်ထမ်း အငြိမ်းစားများ၏ ပင်စင်လစာထုတ်ယူမှု အဆင်ပြေချောမွေ့စေရေးအတွက် သက် ဆိုင်ရာဘဏ်ခွဲများနှင့် ပူးပေါင်းကူညီဆောင် ရွက်ပေးရန် လေးစားစွာ ပန်ကြားအပ်ကြောင်း  မြန်မာ့စီးပွားရေးဘဏ်၏ ပန်ကြားချက်အရ သိရသည်။

ယခင်နှစ်များကလည်း မြန်မာ့စီးပွားရေး ဘဏ်ခွဲအချို့တွင် ပင်စင်လာရောက်ထုတ်ယူ ရာတွင် စုပြုံတိုး၍ ထုတ်ယူမှုများကြောင့် အငြိမ်းစားဝန်ထမ်းအချို့ မူးမေ့လဲကျသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။


READ NEXT
Cancel OK