Top News

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်အများဆုံးဖြင့် အောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူ ၃၃ ဦးကို  ထိုင်းနှင့် စင်ကာပူနိုင်ငံသို့ လေ့လာရေး ခရီးပို့ဆောင်
24htopnews | November 3, 2024 12:12 PM CST

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏အစီအစဉ်ဖြင့် ပညာရေးဝန်ကြီးဌာနက ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ၀ိဇ္ဇာဘာသာတွဲ၊ ၀ိပ္ပံဘာသာတွဲ၊ သိပ္ပံဘာသာတွဲများတွင် မြန်မာတစ်နိုင်ငံလုံး အမှတ် အများဆုံးဖြင့် အဆင့် ၁ မှ အဆင့် ၁၀ အတွင်း အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ (၃၃) ဦးကို ကြီးကြပ်သူဆရာ၊ ဆရာမများ တာဝန်ရှိသူများနှင့်အတူ  ဇူလိုင် ၄ ရက် မှ ၈ ရက်အထိ ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံသို့ လေ့လာရေးခရီးပို့ဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ကျောင်းသား၊ ကျောင်းသူ ၃၃ ဦးနှင့်အဖွဲ့သည် ဇူလိုင် ၄ ရက်တွင်  ရန်ကုန်မြို့မှ ထိုင်းနိုင်ငံသို့ လေ့လာရေးခရီးသွားစတင် သွားရောက်ခဲ့ပြီး ထိုင်းနိုင်ငံသို့ရောက်ရှိချိန်တွင်  ဘန်ကောက်မြို့ရှိ  မြန်မာသံရုံးမှ တာဝန်ရှိသူများက ကြိုဆိုကာ မြဘုရားသို့သွားရောက် ဖူးမြော်ခြင်း၊ မြန်မာသံရုံးတွင် သံအမတ်ကြီး တည့်ခင်းဧည့်ခံသည့် နေ့လယ်စာစားသုံးခြင်း၊ Siam Paragon & Sd Siam Ocean World သို့သွားရောက်လေ့လာခြင်း၊ Madame Tussauds ပြတိုက်သို့ သွားရောက် လေ့လာခြင်း၊ Asiatique သို့သွားရောက်လည်ပတ်ပြီး  ChaoPhraya River Cruise စီး၍ ကျောက်ဖ ရား မြစ်ကြောင်းတစ်လျှောက် လှည့်လည် ကြည့်ရှုလေ့လာခြင်းတို့ပြု လုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများ လေ့လာရေးအဖွဲ့သည် ဇူလိုင် ၅ ရက်တွင် ထိုင်းနိုင်ငံရှိ ASSUMPTION University သို့သွားရောက်လေ့လာခဲ့ပြီး ပတ္တရားကမ်း ခြေသို့ ဆက်လက်သွားရောက်ပြီး ပတ္တရား ကမ်းခြေတွင်အပန်းဖြေခြင်းပြုလုပ်ကာ ပတ္တရားရေပေါ်စျေးနှင့် တောင်ပေါ်ဘုရားများသို့ သွားရောက်လေ့လာခဲ့ပြီး ယင်းနောက် ဘန်ကောက်မြို့သို့  ပြန်လည်ထွက်ခွာ၍ Baiyoke Tower ပေါ်တွင် ဘန်ကောက်မြို့၏ ညရှုခင်းကိုကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။

 ဇူလိုင် ၆ ရက်တွင်ကျောင်းသား ကျောင်းသူလေ့လာရေးအဖွဲ့သည် ကြီးကြပ်သူ ဆရာဆရာမများ တာဝန်ရှိသူများနှင့်အတူ ထိုင်းနိုင်ငံသုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှလေကြောင်းခရီးဖြင့် စင်ကာပူနိုင်ငံသို့ လေ့လာရေးခရီး ဆက်လက်ထွက်ခွာခဲ့ပြီး ဒေသစံတော်ချိန် ၃ နာရီ မိနစ် ၄၀ တွင် စင် ကာပူနိုင်ငံချိန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိကြရာ စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးနှင့် စစ်သံရုံးမှ တာဝန်ရှိသူများက လေဆိပ်၌ကြိုဆိုခဲ့ပြီး မြန်မာသံရုံးတွင်ညစာဖြင့် တည့်ခင်ဧည့်ခံခဲ့ကာ ကျောင်းသားကျောင်းသူများအဖွဲ့သည် Gardens by the Bay သို့ သွားရောက်လည်ပတ်ခြင်းတို့ ပြုလုပ်ခဲ့ ကြောင်းသိရသည်။

ယင်းနောက် ဇူလိုင် ၇ ရက် တွင် ကျောင်းသားကျောင်းသူများ လေ့လာရေး အဖွဲ့သည် စင်္ကာပူနိုင်ငံရှိ Sentosa Beach ၊ Palawan Beach ၊ Siloso Beach နှင့် Universal Studio Singapore သို့ သွားရောက်လည်ပတ်ခဲ့ကြောင်းသိရသည်။

ထို့ပြင် Waterfront Station မှ မိုးပျံရထားစီးနင်း၍ Vivo City Station သို့ သွားရောက်ပြီး ထိုမှတဆင့် မော်တော်ယာဉ်များဖြင့် Science Center Singapore သိပ္ပံပြတိုက် သို့သွားရောက်၍လေ့လာခြင်း၊ Nanyang Technological University-NTU သို့  သွားရောက်လေ့လာခြင်း၊ Vivo City တွင် လည်ပတ်၍  စျေးဝယ်ခြင်းတို့ပြုလုပ်ခဲ့ကြောင်းသိရသည်။

ထို့အတူ ကျောင်းသား ကျောင်းသူများ လေ့လာရေးအဖွဲ့သည် Tine Capsule တွင် စင်္ကာပူနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်လာမှု သမိုင်းကြောင်းကို လေ့လာကြည့်ရှုပြီး Singapore Flyer စီးနင်း၍ စင်ကာပူ တစ်မြို့လုံး၏ ညအလှရှုခင်းကြည့်ရှုခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

ဇူလိုင် ၈ ရက်တွင် ကျောင်းသားကျောင်းသူ လေ့လာရေးအဖွဲ့သည် Lavender ဘူတာမှ Raffles Place ဘူတာသို့  MRT ရထား စီးနင်း၍ စင်္ကာပူမြစ်ဘေးရှိ Boat Quayသို့ သွားရောက်လည်ပတ်ခြင်း၊  Fullerton Hotel နှင့် Asian Civilisations Museumအကြားရှိ Mirror Balls ကို လေ့လာကြည့်ခြင်း၊ စင်ကာပူနိုင်ငံ၏ အထိမ်းအမှတ်ဖြစ်သည့် Merlion ရုပ်ထုပန်းခြံနှင့် East Coast Park ပန်းခြံသို ့  သွားရောက်လည်ပတ်ခြင်းစသည်တို့ပြုလုပ်ခဲ့ပြီး ညပိုင်းတွင် စင်ကာပူနိုင်ငံမှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာခဲ့ကြကြောင်း သိရသည်။

ထူးချွန်စွာအောင်မြင်ခဲ့သည့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများကို ချီးမြှင့်ဂုဏ်ပြုသည့်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ပညာရေးဝန်ကြီးဌာနက ပြည်ပနိုင်ငံအတွေ့ အကြုံကောင်းများရရှိရေး၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် ရှင်သန်ထက်မြက်စေရေးအတွက် စီစဉ်ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။


READ NEXT
Cancel OK