တိုင်းနှင့် ပြည်နယ်အသီးသီး၌ ခေတ်မီ စံပြကျေးရွာ ၄၂ ရွာ ရွေးချယ်၍ Pilot Project အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သမဝါယမနှင့် ကျေး လက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးက ပြောကြားသည်။
ဇူလိုင် ၇ ရက် နံနက်ပိုင်းက တာဝန်ရှိသူ များနှင့်အတူ ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် နေမှုကို ကွင်းဆင်းစစ်ဆေးစဉ် ဒုတိယဝန်ကြီး က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒုတိယဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအ နေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီး တွင် ခေတ်မီစံပြကျေးရွာ ၄၂ ရွာ ရွေးချယ်၍ Pilot Project အနေဖြင့် ယခုဘဏ္ဍာနှစ်မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်နေပါ ကြောင်း၊ စံပြကျေးရွာများ ရွေးချယ်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဒေသထွက်ကုန် စသည်တို့ကို အခြေခံ၍ ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်နေပါကြောင်း၊ ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဘော်နင်းကျေးရွာအတွက် ဆောင်ရွက်ပေးထားသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း နှင့် ဃေျ့ င်္သမ ျွှသမု စီမံကိန်းခွင့်ပြုရန်ပုံငွေ များကို စီမံကိန်းလက်စွဲပါ စည်းမျဉ်း၊ စည်း ကမ်းများနှင့်အညီ ကျေးရွာလူထုက ၀ိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း၊ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရန်လည်း လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ဘော်နင်းကျေးရွာ အုပ်ချုပ်ရေးမှူးက ကျေးရွာအတွက် လုပ်ငန်းလို အပ်ချက်တင်ပြမှုအပေါ် ဒုတိယဝန်ကြီးက ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးပြီး ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် ကျေးရွာတွင်း လမ်းကွန် ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့ သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် ရွာတော်-မြက်ဆက် (တ)-မြက်ဆက် (မ)-ဘော်နင်း ကျေးရွာ လေးရွာ၏ ကတ္တရာခင်းခြင်းလုပ်ငန်း ကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက် များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ညောင်ရွှေ မြို့နယ် စိုက်ပျိုးရေးကျေးရွာရှိ ရှမ်းပြည်နယ် သမဝါယမအသင်းစုချုပ်က ဆောင်ရွက်နေသော သဘာဝမြေသြဇာထုတ်လုပ်ရေးလုပ်ငန်းသို့ ရောက်ရှိရာ သဘာဝမြေသြဇာ လက် တွေ့ အသုံးပြုနေသော စပါးစိုက်တောင်သူ တစ်ဦးနှင့် ပြောင်းစိုက်တောင်သူတစ်ဦးတို့က စိုက်ပျိုးဖြစ်ထွန်းမှု အခြေအနေများကို ရှင်း လင်းတင်ပြပြီး တင်ပြမှုများအပေါ် ဒုတိယ ဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြား ကြောင်း၊ ယင်းနောက် အင်းလေးကန်အတွင်း မှ ဗေဒါမြေဆွေးကုန်ကြမ်း ရရှိသည့်နေရာသို့ စက်လှေဖြင့် သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆောင်ရွက်နေမှုများအပေါ် ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးကြောင်း သိရ သည်။
-
■ ဘွန်ဒစ်လီဂါကလပ် ဆန့်ပေါ်လီအသင်း လူမှုကွန်ရက် X မှ နုတ်ထွက်
-
■ မန်ယူတိုက်စစ်မှူးဟောင်း ဖော်လန် ဥရုဂွေးအိုးပင်း ပရိုတင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့
-
■ ကူဒူစ်ကို အနည်းဆုံးပေါင်(၈၅)သန်းရမှ ဝက်စ်ဟမ်းအသင်း ရောင်းမည်
-
ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် B.1.1.7 အကြောင်းတစေ့တစောင်း
-
ရန်သူများ၏ မည်သည့် တိုက်ခိုက်မှုမျိုးကိုမဆို လက်တုံ့ပြန်သွားမည်ဟု အီရန်တပ်ဖွဲ့ ထုတ်ပြန်