Top News

COVID-19 နှင့်ပတ်သက်၍ ရပ်ကွက်/ကျေးရွာ ဝင်/ထွက်လမ်းများကို မိမိသဘောဆန္ဒအရ တားဆီးပိတ်ပင်မှုများ မပြုလုပ်ရန် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားစာထုတ်
24htopnews | November 2, 2024 1:12 PM CST

COVID-19 နှင့်ပတ်သက်၍ ရပ်ကွက်/ကျေးရွာ ဝင်/ထွက်လမ်းများကို မိမိတို့၏ သဘောဆန္ဒဖြင့် တားဆီးပိတ်ပင်မှုများ မပြုလုပ်ရေး ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ လိုက်နာဆောင်ရွက်ရန် မြို့နယ်၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီများထံ ယနေ့(ဧပြီ ၂၂ရက်)တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားစာပေးပို့ထားကြောင်း သိရသည်။

အဆိုပါ ညွှန်ကြားစာတွင် COVID-19 ကူးစက်ရောဂါပျံ့ပွားကူးစက်မှုကို စိုးရိမ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အချို့ရပ်ကွက်/ကျေးရွာများတွင် ဝင်/ထွက်ပေါက်များကို အတားအဆီးနှင့် လုံခြုံရေးများချထားပြီး ရွာတွင်းသို့ ပြင်ပမှသူစိမ်းများ ဝင်/ထွက်မှုကို စိုးရိမ်တင်းကြပ်စွာ တားဆီးနေသည်ဟု သိရကြောင်း၊ ရပ်ကွက်/ကျေးရွာများအားလုံး ခွင့်ပြုချက်မရှိပဲ ဝင်/ထွက်များကို အတားအဆီးများချထားပြီး ပိတ်ဆို့ခြင်း ဝင်/ထွက်မှုများ တားမြစ်ခြင်းများကို မိမိတို့ သဘောဖြင့် လုံးဝ (လုံးဝ) မပြုလုပ်ရန်နှင့် COVID-19 ကူးစပ်ရောဂါနှင့်ပက်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့် မြို့နယ်အလိုက် ထုတ်ပြန်ထားသော ဒေသန္တရအမိန့်များအတိုင်းသာ လိုက်နာဆောင်ရွက်ကြရန်နှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအားလုံးကို နားလည်သဘောပေါက်အောင် ရှင်းလင်းပြောကြား လိုက်နာဆောင်ရွက်သွားရန်ဟု ဖော်ပြထားသည်။

ထို့အပြင် ရပ်ကွက်/ကျေးရွာများအတွင်းသို့ ပြင်ပမှဝင်ရောက်လာမှုရှိပါက အပူချိန်တိုင်းတာခြင်း လက်ဆေးခြင်း ဝင်/ထွက်သွားလာမှုကို မှတ်ပုံတင်မှတ်တမ်းယူခြင်း ကိစ္စရပ်များမှအပ ဝင်/ထွက်ခွင့်ပြုရမည်ဖြစ်ကြောင်း၊ ထိုသို့စစ်ဆေးစဉ် မသင်္ကာဖွယ်ရာ တစ်စုံတစ်ရာတွေ့ရှိမှ နီးစပ်ရာ ကျန်းမာရေးဌာန၊ သက်ဆိုင်ရာရုံးဌာနသို့ သတင်းပို့ရမည်ဖြစ်ပြီး ဝင်/ထွက်သွားလာမှုအတွက် တားမြစ်ပိတ်ပင်ခြင်းမပြုလုပ်ရန် ညွှန်ကြားစာတွင် ပါရှိသည်။

 


READ NEXT
Cancel OK