ဗလင်စီယာဒေသတစ်ခုတည်းမှာပင် သေဆုံးသူ စုစုပေါင်း ၁၅၈ ဦးအထိမြင့် တက်လာစဉ် စပိန်နိုင်ငံအရှေ့ပိုင်း၌ ပြင်းထန်သော ရုတ်တရက်ရေကြီးမှုဖြစ်ပွားခဲ့ပြီး နောက်ကယ်ဆယ်ရေးသမားများသည် အမှိုက်များထဲ ပိတ်မိနေသော အလောင်းရှစ်လောင်းကို အောက်တိုဘာ ၃၁ ရက်တွင် ရှာဖွေတွေ့ရှိခဲ့သည်။
နှစ်ပေါင်းများစွာအတွင်း ဥရောပ၏အ ပြင်းထန်ဆုံး ရေကြီးမှုဖြစ်ပွားခဲ့ပြီးနောက် ဒေသဆိုင်ရာ အာဏာပိုင်များသည် လူဘယ်လောက်စာရင်းပျောက်နေသလဲဆိုသည်ကို ဖော်ပြခြင်းမရှိပေ။ တစ်နိုင်ငံလုံးအတိုင်းအ တာအားဖြင့် သေဆုံးသူစုစုပေါင်း၏နောက် ဆုံးပိတ်စာရင်းမှာ အရေအတွက် အလွန်များပြားနိုင်သည်ဟု စပိန်ကာကွယ်ရေးဝန်ကြီးမာဂါရီတာရိုဘယ်က ပြောကြားခဲ့သည်။
မက်ဒရစ်မြို့ရှိ ဗဟိုအစိုးရသည် ဒေသခံများကို သတိပေးရန်နှင့် ကယ်ဆယ်ရေးအဖွဲ့များကို စေလွှတ်ရန် နှေးကွေးလွန်းစွာ ဆောင် ရွက်ခဲ့ကြသည်ဟု အတိုက်အခံ နိုင်ငံရေးသမားများက စွပ်စွဲခဲ့ကြသည်။ ဒေသဆိုင်ရာ အာဏာပိုင်များသည် အများပြည်သူကာကွယ်ရေး အစီအမံများအတွက် တာဝန်ရှိသည်ဟု ပြည်ထဲရေးဝန်ကြီးက ချက်ချင်းပြောကြားခဲ့ရသည့် အနေအထားဖြစ်ခဲ့သည်။
ဗလင်စီယာဆင်ခြေဖုံးရပ်ကွက် လာတော်ရေးက အမှိုက်များထဲ နစ်လျက်တွေ့ရသော အလောင်းရှစ်လောင်းထဲတွင် ဒေသဆိုင်ရာရဲတစ်ဦးပါဝင်ခဲ့သည်ဟု ဗလင်စီယာမြို့တော်ဝန် မာရီယာဟိုဆေးကာတာလာက သတင်းထောက်များကို ပြောကြားခဲ့သည်။ အဆိုပါရပ်ကွက်တွင်ပင်အသက် ၄၅ နှစ်အ ရွယ်အမျိုးသမီးကို ၎င်းင်း၏နေအိမ်ထဲတွင် သေဆုံးလျက်တွေ့ရှိခဲ့သည်ဟု အမျိုးသမီး မြို့တော်ဝန်က ဖြည့်စွက်ပြောကြားခဲ့သည်။
“အချိန်မီ သတိပေးတာမျိုးလုပ်ခဲ့ရင် အဲဒီလူတွေဟာ သေရမှာမဟုတ်ပါဘူး”ဟု လာတော်ရေး ရပ်ကွက်သူဖြစ်ပြီး စူပါမားကက်တွင် မန်နေဂျာအဖြစ်လုပ်ကိုင်နေသူ လော်ရာဗီလာစကူဆာက ရိုက်တာကို ပြောကြားခဲ့သည်။
အောက်တိုဘာ ၂၉ ရက်တွင် ဗလင်စီယာ၏အရပ်ဒေသများ၌ တစ်နှစ်အတွင်းရွာသော မိုးရေချိန်ပမာဏကို ရှစ်နာရီအတွင်း ရွာခဲ့သည်ဟု မိုးလေဝသပညာရှင်များက ပြောကြားခဲ့သည်။
ရေကြီးမှုများက ဗလင်စီယာ၏လမ်း၊ တံတား၊ အခြေခံအဆောက်အအုံများကို ဆိုး ဆိုးရွားရွား ပျက်စီးသွားစေခဲ့သည်။တံတားများ၊ ကားလမ်းများ၊ ရထားလမ်းပိုင်းများ ပျက်စီးသွားခဲ့သည်။ စပိန်နိုင်ငံတွင် စိုက်ပျိုးသော Citrus Fruit (လိမ္မော်သီး၊ ရှောက်သီး၊ သံပုရာသီးမျိုးနွယ်ဝင်အသီး) သုံးပုံနှစ်ပုံခန့်ကို စိုက်ပျိုးသော ဗလင်စီယာ ဒေရှိ လယ်ယာမြေများကို ရေမြုပ်သွားစေခဲ့သည်။စပိန်သည် ကမ္ဘာပေါ်တွင် လိမ္မော်သီး အများဆုံးတင်ပို့သော နိုင်ငံဖြစ်သည်။
အိတ်များ သယ်ထားသော လူများ၊စျေးဝယ်စင်တာတို့တွင် သုံးသော လက်တွန်းလှည်းများကို တွန်းနေသောလူများသည် သန့်စင်ခန်းသုံးစက္ကူများနှင့်ရေကဲ့သို့သောအခြေခံလူသုံးကုန်ပစ္စည်းများကို ဖြည့်စွက်ထားရန်လာတော်ရေးမှ ဗလင်စီယာမြို့လယ်ကို ဖြတ်သန်းသွားသည့် တူရီယာမြစ်ဖြတ်တံတား ဖြစ်သည့် လူကူးတံတားကို ဖြတ်သန်းသွားကြပုံအား အောက်တိုဘာ ၃၁ ရက်တွင်တွေ့ရသည်။
၎င်းတို့သည် ရေကြီးမှု အန္တရာယ်ကျ ရောက်လာတော့မည်ဆိုသည့် သတိပေးချက် ကို လက်ခံရရှိခြင်းမရှိဟု ဗလင်စီယာအနီးရှိ ပိုင်ပေါ်တာမြို့၏မြို့တော်ဝန် မာရီဘယ် အယ်လ်ဘာလတ်က ပြောကြားခဲ့သည်။ ပိုင် ပေါ်တာမြို့တွင် ၆၂ ဦးသေဆုံးသွားခဲ့သည် ဟု ၎င်းင်းက ပြောကြားခဲ့သည်။
“အိမ်တွေထဲမှာ အသက်ကြီးသူအများ အပြားရှိနေတာကိုရော ကားတွေကိုသွားယူ တဲ့သူတွေကိုရော ကျွန်မတို့တွေ့ပါတယ်။ အဲ ဒါဟာ ထောင်ချောက်ဖြစ်နေပါတယ်”ဟု မာ ရီဘယ် အယ်လ်ဘာလတ်က TVE ရုပ်သံကို ပြောကြားခဲ့သည်။
မာဂရိုမြစ် ရေလျှံသဖြင့် အဆိုးဆုံးခဲ့ရသောမြို့မှာ အူတီရယ်မြို့ငယ်ဖြစ်သည်ဟု ဆိုသည်။ Ref;Reuters
-
■ ဘွန်ဒစ်လီဂါကလပ် ဆန့်ပေါ်လီအသင်း လူမှုကွန်ရက် X မှ နုတ်ထွက်
-
■ မန်ယူတိုက်စစ်မှူးဟောင်း ဖော်လန် ဥရုဂွေးအိုးပင်း ပရိုတင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့
-
■ ကူဒူစ်ကို အနည်းဆုံးပေါင်(၈၅)သန်းရမှ ဝက်စ်ဟမ်းအသင်း ရောင်းမည်
-
ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် B.1.1.7 အကြောင်းတစေ့တစောင်း
-
ရန်သူများ၏ မည်သည့် တိုက်ခိုက်မှုမျိုးကိုမဆို လက်တုံ့ပြန်သွားမည်ဟု အီရန်တပ်ဖွဲ့ ထုတ်ပြန်