Top News

ဟောင်ကောင်တွင် တိုင်ဖွန်းကွိုင်နူး သတိပေးချက် တိုးမြှင့်ထုတ်ပြန်ထားပြီး စာသင်ကျောင်းများကို ပိတ်ထားခဲ့
24htopnews | November 2, 2024 7:12 AM CST

တိုင်ဖွန်းကွိုင်နူးသည် ဟောင်ကောင်ကို ချဉ်းကပ်လာချိန်တွင် မိုးရွာသွန်းမှုများနှင့် လေပြင်းတိုက်ခတ်မှုများကြုံတွေ့နေရသောကြောင့် ဟောင်ကောင်တွင် ၎င်း၏တတိယ အမြင့်ဆုံးမုန်တိုင်းသတိပေးချက်ကို ထုတ်ပြန်ထားကာ ပို့ဆောင်ဆက်သွယ်ရေးဝန်ဆောင်မှုအချို့နှင့် စာသင်ကျောင်းများကို အောက်တိုဘာ ၈ ရက်တွင် ပိတ်ထားခဲ့သည်။

ဟောင်ကောင်၏အမြင့်ဆုံး “T10” မုန်တိုင်းသတိပေးချက် ထုတ်ပြန်ခဲ့ရသည့် တိုင်ဖွန်းဆာအိုလာ ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် တစ်လအကြာတွင် တိုင်ဖွန်းကွိုင်နူး ဝင်ရောက်တိုက်ခတ်ခြင်းဖြစ်သည်။

တိုင်ဖွန်းဆာအိုလာ ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် သီတင်းတစ်ပတ်အကြာအထိ ဟောင်ကောင်သည် နှစ်ပေါင်း ၁၄ဝနီးပါးအတွင်း ၎င်း၏အမြင့်ဆုံးမိုးရေချိန်ကိုရောက်ရှိခဲ့ပြီး မြေအောက်ဘူတာများနှင့် စျေးဝယ်ကုန်တိုက်များတွင် ရေကြီးမှုများ ဖြစ်ပွားကာ မြေပြိုမှုများကို ကြုံတွေ့ခံစားခဲ့ရသည်။

ကွိုင်နူးသည် ပုလဲမြစ်ဝအနီးသို့ရွှေ့လျားလာခဲ့ပြီး မြို့၏တောင်ဘက် ၆၂ မိုင်အတွင်းသို့ ဝင်ရောက်လာသောကြောင့် ဟောင်ဟောင် မိုးလေဝသစောင့်ကြည့်လေ့လာရေးအဖွဲ့က အောက်တိုဘာ ၈ ရက်တွင်လေပြင်းများတိုက်ခတ်မှုနှင့် မိုးသည်းထန်စွာရွာသွန်း မှုသတိပေးချက်များ ထုတ်ပြန်ခဲ့သည်။

“ကွိုင်နူးက အောက်တိုဘာ ၈ ရက်နေ့ ညအချိန်မှာ ဟောင်ကောင်ကို ချဉ်းကပ်လာပြီး တောင်ပိုင်း ၇၀ ကီလိုမီတာအတွင်းမှာ ရောက်ရှိနေပါလိမ့်မယ်”ဟု ဟောင်ကောင် စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောကြားခဲ့ပြီး ပြည်သူများအနေဖြင့် မြေနိမ့်ပိုင်းနေရာများကို သွားရောက်ခြင်းမပြုရန် သတိပေးခဲ့သည်။

၎င်းတို့အနေဖြင့် လေတိုက်နှုန်းကိုအခြေခံ၍ ပိုမိုမြင့်မားသည့်မုန်တိုင်း သတိပေးချက်များကို ထုတ်ပြန်ရန် လိုအပ်ခြင်းရှိ၊မရှိအကဲ ဖြတ်သွားမည်ဟုလည်း ပြောကြားခဲ့သည်။

ဟောင်ကောင်၏သတိပေးချက်စနစ်တွင် တတိယအမြင့်ဆုံးဖြစ်သော တိုင်ဖွန်း ကွိုင်နူး၏ “T8” သတိပေးချက်ကို မုန်တိုင်းကြောင့်လေတိုက်နှုန်း တစ်နာရီလျှင် ၁၁ရကီ လိုမီတာ(၇၂)မိုင်နှုန်းရှိနေချိန်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မုန်တိုင်း၏ အမြင့်ဆုံးလေတိုက်နှုန်းကို တစ်နာရီလျှင် ၁၄၅ ကီလိုမီတာနှုန်းဖြင့် စောင့်ကြည့်လေ့လာခဲ့သည်။

စာသင်ကျောင်းများ၊ နေ့ကလေးထိန်းစင်တာများ၊ ကုန်ပစ္စည်းဂိတ်များ၊ ကူးတို့လှေဆိပ်များနှင့် ဘတ်စ်ကားများအနေဖြင့် တစ်ရက်ကြာ သို့မဟုတ် နေ့တစ်ဝက်အထိ လုပ်ငန်းဆောင်ရွက်မှုများကို ဆိုင်းငံ့ထားမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

လေကြောင်းခရီးစဉ် ၃၀ ကျော်ကို ဒေသစံတော်ချိန် ၁၁ နာရီဝန်းကျင်တွင် ဖျက်သိမ်း ခဲ့သည်ဟု ဟောင်ကောင်နိုင်ငံတကာလေဆိပ်၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

ဟောင်ကောင်သို့ မပြောင်းရွှေ့မီ ကွိုင်နူးသည် ထိုင်ဝမ်အနီးဝန်းကျင်သို့ရောက်ရှိခဲ့ပြီး ၎င်း၏အစွန်အဖျားရှိ Orchid ကျွန်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများနှင့် စံချိန်တင် လေပြင်းတိုက်ခတ်မှုများ ကြုံတွေ့ခဲ့သည်။

ယင်းဖြစ်စဉ်ကြောင့် လူတစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး နေအိမ်ပေါင်းသိန်းချီ လျှပ်စစ်ဓာတ်အားပြတ်တောက်လျက်ရှိသည်။

ထိုမုန်တိုင်းသည် တရုတ်၏ ကွမ်တုံပြည်နယ် ကမ်းရိုးတန်း ဒေသသို့ ချဉ်းကပ်ခဲ့သဖြင့် တရုတ်နိုင်ငံ တောင်ပိုင်းဒေသများတွင် မိုးသက်မုန်တိုင်း ကျရောက်မှုများနှင့် လေပြင်း တိုက်ခိုက်မှုများ ကြုံတွေ့ခဲ့သည်။

ထိုင်ဝမ်သည် အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းများတိုက်ခတ်လေ့ရှိသည့်ဒေသတွင် တည်ရှိပြီး တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်မှုများမှာ ကြုံတောင့်ကြုံခဲဖြစ်သည်။


READ NEXT
Cancel OK