Top News

တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ဖြစ်ပွားနှုန်း ဆက်လက်မြင့်တက်နေ၍ နိုင်ငံအတွင်း ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးကို ပထမဦးစားပေးအရေးပေါ်အဖြစ် သတ်မှတ်ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ပြောကြား
24htopnews | November 2, 2024 12:13 AM CST

တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါဖြစ်ပွားနှုန်း ဆက်လက်မြင့်တက်နေ၍ နိုင်ငံအတွင်း ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးကို ပထမဦးစားပေး အရေးပေါ်အဖြစ် သတ်မှတ်ဆောင်ရွက်ရန် ဖေဖော်ဝါရီ ၁ ရက်က ပြုလုပ်သည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေးဗဟိုအဆင့် ညှိနှိုင်းအစည်းအဝေး၌ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြော ကြားသည်။

ပြည်ထောင်စုဝန်ကြီးက “တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အဆုတ်ရောင်ရောဂါဖြစ်ပွားနှုန်းက နေ့စဉ်ဆက်လက်မြင့်မားနေတာ တွေ့ရတဲ့အတွက် ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးတွေကို ကျန်းမာရေးဝန်ကြီးဌာနက ပထမဦးစားပေး အရေးပေါ်အနေနဲ့  အထူးဂရုပြု အားထုတ်ဆောင်ရွက်ရမှာဖြစ်ပါ တယ်။ ရောဂါဖြစ်ပွားတဲ့နိုင်ငံတွေက ခရီးသည်တွေ ပြည်တွင်းကို ဝင်ရောက်မှုနည်းပါးသွားတာနဲ့အမျှ နိုင်ငံအတွင်းမှာ ရောဂါကူးစက် ဖြစ်ပွားနိုင်ခြေ နည်းပါးသွားမယ်။ တိုင်းဒေသကြီး၊  ပြည်နယ်လေးခုမှာရှိတဲ့ မြို့နယ် ၁၀ ခုမှာ တရားဝင် မြေပြင်နယ်စပ်ဝင်ထွက် ဂိတ်အနည်းဆုံး ၂၀ လောက်ရှိပါတယ်။ ဇန် နဝါရီ ၂၉ ရက်အထိ ဝင်ထွက်သူပေါင်း ၁၇၆၂၉ ဦးရှိပြီး သံသယရောဂါလက္ခဏာရှိ သူ မတွေ့ရှိရသေးပါဘူး” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြား သည်။

ထို့ပြင် ဇန်နဝါရီ  ၅ ရက်မှ  ၃၀ ရက်အထိ ရန်ကုန်လေဆိပ်၌ ခရီးသည် ၁၇၀၀၀၀ ခန့်၊ မန္တလေးလေဆိပ်၌ ၉၀၀၀၀၊ နေပြည်တော်၌ ၃၀၀၀ ဝင်ရောက်ခဲ့ကြောင်းနှင့် နယ်စပ်ဝင် ထွက်ဂိတ်များအနေဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် ဇန်နဝါရီ ၁ ရက်မှ ၃၀ ရက် အထိ ဝင်ထွက်သည့်အကြိမ်ပေါင်း ၆၀၀၀၀၀ ကျော်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် ဇန်န ၀ါရီ ၆ ရက်မှ ၃၀ ရက်အထိ ဝင်ထွက်သူ ၃၃၀၀၀၀ ခန့်ရှိကြောင်းနှင့် အဆိုပါဝင်ထွက် သွားလာသူများတွင် အများစုမှာ မြန်မာနိုင်ငံ သားများ ဖြစ်သည်ကို တွေ့ရ ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့ကြောင့် နိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် ခရီးသည်ဦးရေနည်းပါးစေရေး အတွက် နယ်စပ်ဝင်ထွက်မှုများကို လျှော့ချခြင်း (သို့မဟုတ်) လတ်တလော ယာယီပိတ်ပင်မှု ဆောင်ရွက်ခြင်းကို ထည့်သွင်းစဉ်းစားရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆက်သွယ် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင် စုဝန်ကြီးက ဆက်လက်ပြောကြားသည်။

ရောဂါကူးစက်မှုမဖြစ်စေရန် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်းစသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ ခံစားနေရသောသူများနှင့် အနီးကပ်နေထိုင်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ လူထူထပ်သောနေ ရာများသို့ သွားလာခြင်းမှ ရှောင်ကြဉ်ခြင်း၊ နှာချေ၊ ချောင်းဆိုးသည့်အခါ နှာခေါင်းနှင့် ပါးစပ်လုံခြုံအောင် ဖုံးအုပ်ထားသော အဝတ် နှင့် နှာခေါင်းစည်းအသုံးပြုခြင်း၊ တိရစ္ဆာန်များနှင့် အကာအကွယ်မရှိဘဲ တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ခြင်း၊ လူနာနှင့်ထိတွေ့သော အရာဝတ္ထုများကို အသုံးပြုကိုင်တွယ်ပြီးတိုင်း၊ လူနာနှင့်ထိတွေ့ပြီးသည့်အခါတိုင်း စနစ်တကျလက်ဆေးခြင်း၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် လူနာအား ထိ တွေ့ကိုင်တွယ်ရသည့်အချိန်တိုင်း မိမိကိုယ်ကိုယ် ရောဂါပိုး ကူးစက်ခံရခြင်းမရှိစေရန် Infection Prevention and Control အား ဂရုပြုလိုက်နာခြင်း၊ အပြည်ပြည်ဆိုင်ရာ လေ ဆိပ်များသို့ လေကြောင်းခရီးမှတစ်ဆင့် ဝင်ရောက်လာသော ပြည်တွင်းပြည်ပခရီးသွားများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အပြည်ပြည်ဆိုင်ရာခရီးသွားများအတွက် ကျန်းမာရေးဆိုင်ရာ အကြံပေးချက် Travel Advice ကို လိုက်နာခြင်းဖြင့် ကာကွယ်နိုင်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်သည် ဖေဖော်ဝါရီ ၁ ရက်တွင် ၂၅၉ ဦးအထိ မြင့်တက်လာစဉ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အခြား အစိုးရများအနေဖြင့် ၎င်းတို့၏နိုင်ငံများထဲ သို့  ဗိုင်းရပ်စ်ပျံ့နှံ့မှုဖြစ်လာလျှင် ပြည်တွင်း၌  ကူးစက်ပျံ့နှံ့မှုအား ထိန်းချုပ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း ညွှန်ကြားခဲ့သည်။

တရုတ်တွင် ကူးစက်မှုဖြစ်ပွားကြောင်း အတည်ပြုမှုသည် ၁၁၇၉၁ မှုအထိ မြင့်တက်လာခဲ့ရာ ၂၀၀၂-၂၀၀၃ တွင် SARS ရောဂါ ကူးစက်ပျံ့နှံ့မှုအတွင်း ကူးစက်ခံရမှုအရေအတွက်ကို ကျော်လွန်သွားပြီဖြစ်သည်။ နှစ်လအတွင်း ထိုဗိုင်းရပ်စ်ပျံ့နှံ့မှု အလွန်မြန်ဆန် ခြင်းကြောင့် WHO က အစောပိုင်းတွင် အစိုးရ များအား ဗိုင်းရပ်စ်ကူးစက်နိုင်ခြေအတွက် ကြိုတင်ပြင်ဆင်ထားရန် အကြံပြုထားသည့် အဆင့်မှ ဇန်နဝါရီ ၃၀ တွင် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ရသည်။                 

 

 

 


READ NEXT
Cancel OK