၂၀၁၆ ခုနှစ် မတ်တွင် မြန်မာနိုင်ငံအတွင်း လှည့်လည်သုံးစွဲနေသော ငွေစက္ကူ ကျပ် ၁၁၇၇၁ ဘီလျံကျော်ရှိပြီး ၂၀၁၉ ခုနှစ် ဇွန်တွင် ကျပ် ၁၄၁၅၆ ဘီလျံကျော်ရှိကာ သုံးနှစ်ခွဲအတွင်း ကျပ် ၂၃၈၅ ဘီလျံကျော် မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်သည့် Quarterly Financial Statistics Bulletin (2019 Volume II) အရ သိရသည်။
၂၀၁၆ ခုနှစ် မတ်မှ ၂၀၁၉ ခု နှစ် ဇွန်အထိ မြန်မာနိုင်ငံအတွင်း လှည့်လည်သုံးစွဲနေသော ငွေစက္ကူ တန်ဖိုးမှာ ၂၀၁၆ ခုနှစ်မတ်တွင် ကျပ် ၁၁၇၇၁ ဘီလျံ၊ ၂၀၁၆ ခုနှစ် ဇွန်တွင် ကျပ် ၁၁၁၂၇ ဘီလျံ၊ ၂၀၁၆ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၁၃၄၉ ဘီလျံ၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၁၁၆၈၆ ဘီလျံ၊ ၂၀၁၇ ခုနှစ် မတ်တွင် ကျပ် ၁၃၀၆၃ ဘီလျံ၊ ၂၀၁၇ ခုနှစ် ဇွန်တွင် ကျပ် ၁၂၁၆၄ ဘီလျံ၊ ၂၀၁၇ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၂၂၂၇ ဘီလျံ၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၁၂၆၆၉ ဘီလျံ၊ ၂၀၁၈ ခုနှစ် မတ်တွင် ကျပ် ၁၄၁၈၄ ဘီလျံ၊ ၂၀၁၈ ခုနှစ်ဇွန်တွင် ကျပ် ၁၃၀၄၁ ဘီလျံ၊ ၂၀၁၈ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၃၆၅၂ ဘီလျံ၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၁၃၈၈၄ ဘီလျံ၊ ၂၀၁၉ ခုနှစ် မတ်တွင် ၁၄၅၅၀ ဘီ လျံ၊ ၂၀၁၉ ခုနှစ် ဇွန်တွင် ၁၄၁၅၆ ဘီလျံရှိပြီး သုံးနှစ်ခွဲအတွင်း မြန်မာနိုင်ငံအတွင်း လှည့်လည်သုံးစွဲနေသော ငွေစက္ကူတန်ဖိုး ကျပ် ၂၃၈၅ ဘီလျံကျော် မြင့်တက်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်သော သုံးလပတ်ကာလအလိုက် လက်ကျန်ငွေရှင်းတမ်းအရ ၂၀၁၆ ခုနှစ် မတ်၌ နိုင်ငံတော် ဗဟိုဘဏ်တွင်ရှိသော Assets (ရပိုင်ခွင့်များ) မှာ Cash and Cash Equivalents ကျပ် ၁၇၁၉ ဘီလျံ၊ ရွှေကျပ် ၃၅၀ ဘီလျံ၊ Placement with Foreign Banks ကျပ် ၃၇၆၁ ဘီလျံ၊ Deposit with Local Banks ကျပ် ၆၂၄ ဘီလျံ၊ IMF Related Assets ကျပ် ၂၉၈၂ သန်း၊ Other Assets (Foreign ကျပ် ၅၂၃၉ သန်း၊ Domestic Securities ကျပ် ၁၂၂၃၄ ဘီလျံ၊ Loans to Bank ကျပ် ၁၃၁ သန်း၊ Property, Plant and Equipment ကျပ် ၁၄ ဘီလျံ၊ Other Assets (Domestic) ကျပ် ၁၃၉ ဘီလျံ၊ စုစုပေါင်း ၁၈၉၈၄ ဒသမ ၆၂၄ ဘီလျံဖြစ်သည်။
နိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်သော သုံးလပတ်ကာလအလိုက် လက်ကျန်ငွေရှင်းတမ်းအရ ၂၀၁၉ ခုနှစ် ဇွန်လ၌ နိုင်ငံတော် ဗဟိုဘဏ်တွင်ရှိသော Assets (ရပိုင်ခွင့်များ) မှာ Cash and Cash Equivalents ကျပ် ၁၉၅၃ ဘီလျံ၊ ရွှေကျပ် ၄၉၉ ဘီလျံ၊ Placement with Foreign Banks ကျပ် ၅၃၄၇ ဘီလျံ၊ Foreign Securities ကျပ် ၅၇၁ ဘီလျံ၊ Deposit with Local Banks ကျပ် ၇၇၈ ဘီလျံ၊ IMF Local Banks ကျပ် ၃ ဒသမ ၀၄၁ ဘီလျံ၊ Other Assets (Foreign) ကျပ် ၁ ဒသမ ၇၃၆ ဘီလျံ၊ Domestic Securities ကျပ် ၁၄၄၁၉ ဘီလျံ၊ Loans to Bank ကျပ် ၂၇၃ သန်း၊ Property, Plant and Equipment ကျပ် ၁၅ ဒသမ ၀၆၇ ဘီလျံ၊ Other Assets (Domestic) ကျပ် ၁၃၄ ဘီလျံ၊ စုစုပေါင်း ကျပ် ၂၃၇၂၃ ဒသမ ၉၉၂ ဘီလျံဖြစ်သည်။
နိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်သော သုံးလပတ်ကာလအလိုက် လက်ကျန်ငွေရှင်းတမ်းအရ ၂၀၁၆ ခုနှစ် မတ်၌ နိုင်ငံတော် ဗဟိုဘဏ်တွင်ရှိသော Liabilites (ပေးရန် တာဝန်များ) မှာ Bank Deposits ကျပ် ၈၄၅ ဘီလျံ၊ Foreign Institutions Deposits ကျပ် ၂၉၃ သန်း၊ IMF Related Liabilities ကျပ် ၄၂၁ ဘီလျံ၊ Other Liabilities (Foreign) ကျပ် ၁၇၄ သန်း၊ Government Deposits ကျပ် ၄ ဘီလျံ၊ Bank Deposits (Domestic) ကျပ် ၃၀၆၆ ဘီလျံ၊ Other Deposits ကျပ် ဘီလျံ ၃၇၀၊ Other Liabilities (Domestic) ကျပ် ဘီလျံ ၂၆၀၊ မြန်မာနိုင်ငံအတွင်း လှည့်လည်သုံးစွဲနေသော ငွေစက္ကူ (Currency in Curculation) ကျပ် ၁၁၇၇၁ ဘီလျံ၊ Equity and Reserves ကျပ် ၂၂၄၄ ဘီလျံရှိပြီး စုစုပေါင်း ၁၈၉၈၄ ဒသမ ၆၂၄ ဘီလျံဖြစ်သည်။
-
မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး အား (၃၅) ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ရက်လုပ်ကပ်ပူဇော်
-
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်တွင် Eleven Media Group မိသားစုက ခုနစ်ကြိမ်မြောက် ကထိန်အလှူတော် ပြုလုပ်
-
■ ဘွန်ဒစ်လီဂါကလပ် ဆန့်ပေါ်လီအသင်း လူမှုကွန်ရက် X မှ နုတ်ထွက်
-
■ မန်ယူတိုက်စစ်မှူးဟောင်း ဖော်လန် ဥရုဂွေးအိုးပင်း ပရိုတင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့
-
■ ကူဒူစ်ကို အနည်းဆုံးပေါင်(၈၅)သန်းရမှ ဝက်စ်ဟမ်းအသင်း ရောင်းမည်