Top News

ဝူဟန်ဗိုင်းရပ်စ် စိုးရိမ်စိတ်ကြောင့် တရုတ်နိုင်ငံတွင် အလုပ်လုပ်နေသူများ ကချင်ပြည်နယ် နယ်စပ်ဂိတ်များမှတစ်ဆင့် နေ့စဉ်ဝင်ရောက်နေ
24htopnews | November 2, 2024 12:12 AM CST

ဝူဟန်ဗိုင်းရပ်စ် စိုးရိမ်စိတ်ကြောင့် တရုတ်နိုင်ငံတွင် အလုပ်လုပ်နေသူများ ကချင်ပြည်နယ် နယ်စပ်ဂိတ်များမှတစ်ဆင့် နေ့စဉ် ဝင်ရောက်နေကြောင်း သတင်းရရှိ သည်။

ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံ တရား ဝင်နယ်စပ်ဂိတ်သုံးခုရှိပြီး မြန်မာနိုင်ငံဘက် က ကျန်းမာရေး စစ်ဆေးခြင်းနှင့် ကိုယ်ရေး အချက်အလက်များကို ဇန်နဝါရီ ၂၈ ရက်မှ စတင် ကောက်ယူနေခြင်းဖြစ်သည်။ 

ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံအများဆုံး ကူးသန်းရောင်းဝယ်နေသည့် ကန်ပိုင်တည်ဂိတ်တွင် ကုန်သွယ်သွားလာမှု မရှိသလောက်ဖြစ်နေပြီး မြန်မာနိုင်ငံသားများ နေ့စဉ် ရာနှင့်ချီဝင်ရောက်နေသည်ကိုလည်း ဇန် နဝါရီ ၃၁ ရက်က တွေ့ရသည်။

ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအနေဖြင့် ခရီးစရိတ် ပိုမိုကုန် ကျခြင်း၊ စားသောက်ကုန်စျေးကြီးခြင်း၊ ခရီး စဉ်အတွက် အခက်အခဲများ ရှိနေခြင်း၊ တရုတ်နိုင်ငံတွင် လုပ်အားခများ နစ်နာခဲ့ခြင်း များ ရှိနေကြောင်း ၎င်းတို့က ပြောကြားကြသည်။

“ကျုံးဟော် အထပ်သားစက်ရုံမှ ပြန် လာသည့်   မသင်းသင်းထွေးက “လုပ်အားခ နှစ်လယွမ်တစ်ထောင်က ၁၄ လအပေါင်ထား ရတယ်။ အဲဒါမပြည့်တော့ မပေးလိုက်ဘူး။ကူးစက်မြန်ရောဂါဆိုတော့ အားလုံးက ကြောက်သွားကြတယ်။ ဆိုင်တွေဆိုရင် အား လုံးပိတ်တယ်။ မိဘတွေကလည်း စိုးရိမ်နေ ကြပြီ။ ခွင့်တစ်လ ယူတာကို မရတော့ဘူး။ သူဌေးက အပြီးပြန်ဆိုပြီးလုပ်လိုက်တာ” ဟု ပြောကြားသည်။

ထိန်ချုံးခရိုင်အတွင်းမှ ပြန်လာသူများ သည် ထိန်းချုံးမြို့တွင် ရောဂါသံသယရှိသူ နှစ်ဦးကောလာဟလ သတင်းများသာ ကြား သိရပြီး ပတ်ဝန်းကျင်တွင် ယင်းရောဂါဖြစ်ပွား မှုမရှိကြောင်း နေရပ်ပြန်သူများက ဆိုသည်။

ထိန်ချုံး ကားရေဆေးလုပ်ငန်းမှ ပြန်လာသူမအေးအေးငြိမ်းက “အရင်နှစ်တွေကတည်းက လာလုပ်ကြတာ။ ရောဂါအကြောင်း လိုင်းတွေပေါ်တွေ့တော့  ကြောက်ကြတယ်။ ဆိုင်တွေပိတ်တာဆိုရင် ၁၀ ရက်လောက်ရှိ သွားပြီ။ တရုတ်တွေကလည်း အပြင်ထွက် တာနဲ့ စစ်ဆေးတာတွေလုပ်တယ်။လူကြားထဲ မသွားရ၊ ၀ိုင်းဖွဲ့စကားမပြောရ။ အပြင်ထွက်ရင် Mask တပ်ဖို့ ကြေညာတယ်။ ဒီအတိုင်း နေရင်လည်း ကြာမယ့်သဘောဆိုတော့ ပြန်လာခဲ့တော့တာ” ဟုဆိုသည်။

လက်ရှိတွင် တရုတ်ရောက် မြန်မာနိုင်ငံသားများကို ပြန်လာရာ၌ ကျေးရွာအတွင်း ခွဲခြား ဆက်ဆံခံရမှုပုံစံကိုလည်း တွေ့ရကြောင်း မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ညောင်ပင်လျှိုကျေးရွာနေ ကိုထွန်းထွန်းဇော် က ဆိုသည်။

၎င်းက “ကျေးရွာ အုပ်ချုပ်ရေးမှူးကလည်း ရောဂါအကြောင်း မသိတာလား။ကျွန်တော်တို့က ရောဂါရှိလို့ ပြန်လာတာ မဟုတ်ဘူးလေ။ အခြားမှာဖြစ်တာကို စိုးရိမ်လို့ ပြန်လာတာကိုမလိုလားတဲ့သဘောတွေ ရှိနေတယ်။ ဟိုမှာ အခြေအနေမကောင်းလို့ ပြန်တာကို နွေးနွေးထွေးထွေး ကြိုဆိုစေချင် တာပေါ့။ အခုက မလိုလားတဲ့ပုံစံ ပေါက်နေတယ်” ဟု ဆိုသည်။

တရုတ်နိုင်ငံတွင် မြန်မာနိုင်ငံသား  သောင်းနှင့်ချီ အလုပ်လုပ်ကိုင်နေပြီး အချို့ မှာ အထောက်အထား မပြည့်စုံခြင်းကြောင့် တရားဝင် ဖွင့်လှစ်ထားသည့် ဂိတ်များမှ ဝင်ရောက်လာခြင်းမရှိဘဲ တရားမဝင်နေရာများ မှဝင်ရောက်လာခြင်းကြောင့် ကချင်ပြည်နယ်အတွင်းရှိ ပြည်သူများက စိုးရိမ်မှုများ မြင့်တက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းသို့ ပန်ဝါ၊ ကန်ပိုင် တည်၊ လွယ်ဂျယ် တရားဝင်နယ်စပ်ဂိတ်များမှ ဇန်နဝါရီ ၂၅ ရက်မှ ၂၉ ရက်အထိ တရုတ် နိုင်ငံသား ၇၀၁ ဦး၊ မြန်မာနိုင်ငံသား ၃၄၂၀ ဝင်ရောက်ခဲ့ပြီး တရုတ်နိုင်ငံသား ၅၃၅ ဦး၊ မြန်မာနိုင်ငံသား  ၁၆၈၂ ဦး တရုတ်နိုင်ငံသို့ ထွက်ခွာခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့ စာရင်းများအရသိရသည်။

လက်ရှိတွင် ကချင်ပြည်နယ်အတွင်း သံ သယလူနာ မတွေ့ရှိသေးဘဲ နယ်စပ်ဂိတ်များ ကို အဝင်အထွက် ခွင့်ပြုချက်များရှိနေဆဲဖြစ် ကြောင်း  ပြည်နယ်အစိုးရအဖွဲ့က ဇန်နဝါရီ ၃၁ ရက်တွင် ပြောကြားခဲ့သည်။

  

 


READ NEXT
Cancel OK