၂၀၁၉ ခုနှစ် ဇွန်တွင် နိုင်ငံခြားဘဏ် ဘဏ်ခွဲများတွင် အပ်ငွေ ကျပ်ဘီလျံ ၄၂၆၀ ကျော်ရှိပြီး ချေးငွေ ၁၆၈၄ ဘီလျံကျော် ထုတ် ချေးထားပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာနှင့် နှိုင်း ယှဉ်ပါက အပ်ငွေ ကျပ် ၁၁၄ ဘီလျံကျော် ကျဆင်းကာ ချေးငွေ ကျပ် ၁၄၄ ဘီလျံမြင့် တက်ခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် က ထုတ်ပြန်သည့် Quarterly Financial Statistics Bulletin (2019 Volume II) အရ သိရသည်။
၂၀၁၉ ခုနှစ် ဇွန်လအထိ နိုင်ငံခြားဘဏ် ဘဏ်ခွဲများတွင် အပ်ငွေ ကျပ်ဘီလျံ ၄၂၆၀ ရှိသည့်အနက် Deposit of Financial Institutions တွင် ကျပ် ၁၃၁၄ ဒသမ ၁၄၇ ဘီလျံရှိပြီး Deposit by NFIs and Other Clients တွင် ကျပ် ၂၉၄၆ ဒသမ ၆၀၇ ဘီလျံ ရှိခြင်းဖြစ်သည်။ Deposit of Financial Institutions ၌ Demand Deposit of Banks တွင် ကျပ် ၆၉ ဒသမ ၄၉၇ ဘီလျံ၊ Time Deposit of Banks တွင် ကျပ် ၁၂၄၄ ဒသမ ၆၄၉ ဘီလျံအပ်နှံထားသည်။ Deposit by NFIs and Other Clients ၌ Demand Deposit တွင် ကျပ် ၈၃၈ ဒသမ ၈၈၁ ဘီ လျံ၊ Time Deposit တွင် ကျပ် ၁၂၉၀ ဒသမ ၈၉၃ ဘီလျံ၊ Savings Deposit တွင် ကျပ် ၈၁၆ ဒသမ ၈၃၂ဘီလျံ အပ်နှံထားခြင်းဖြစ်သည်။
၂၀၁၈ ခုနှစ် ဇွန်မှ ၂၀၁၉ ခုနှစ် ဇွန် အထိ နိုင်ငံခြားဘဏ် ဘဏ်ခွဲများတွင် အပ်နှံထားသည့် အပ်ငွေပမာဏများမှာ ၂၀၁၈ ခုနှစ် ဇွန်တွင် ကျပ် ၃၇၂၀ ဒသမ ၃၆၀ ဘီလျံ၊ ၂၀၁၈ ခုနှစ် စက်တင်ဘာတွင် ကျပ် ၄၁၉၀ ဒသမ ၇၆၄ ဘီလျံ၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၄၃၇၅ ဒသမ ၃၉၃ ဘီလျံ၊ ၂၀၁၉ ခုနှစ် မတ်တွင် ကျပ် ၄၃၄၆ ဒသမ ၆၆၅ ဘီလျံ၊ ၂၀၁၉ ခုနှစ် ဇွန်တွင် ကျပ် ၄၂၆၀ ဒသမ ၇၅၄ ဘီလျံတို့ဖြစ်သည်။
၂၀၁၉ ခုနှစ် ဇွန်လစာရင်းများအရ နိုင်ငံခြားဘဏ် ဘဏ်ခွဲများမှ ထုတ်ချေးထား သော ချေးငွေပမာဏ ကျပ် ၁၆၈၄ ဒသမ ၇၀၈ ဘီလျံရှိသည်။ ကဏ္ဍအလိုက် ထုတ် ချေးထားသော ချေးငွေပမာဏမှာ စိုက်ပျိုး ရေးကဏ္ဍတွင် ကျပ် ၆၁ ဒသမ ၆၇၄ ဘီလျံ၊ ထုတ်လုပ်ရေးကဏ္ဍတွင် ကျပ် ၄၈၁ ဒသမ ၀၁၇ ဘီလျံ၊ ကုန်သွယ်ရေးကဏ္ဍတွင် ကျပ် ၁၆၃ ဒသမ ၄၈၄ ဘီလျံ၊ ပို့ဆောင်ရေးကဏ္ဍတွင် ကျပ် ၆၃ ဒသမ ၉၄၂ ဘီလျံ၊ ဆောက်လုပ် ရေးကဏ္ဍတွင် ကျပ် ၁၈၇ ဒသမ ၁၅၉ ဘီလျံ၊ ဝန်ဆောင်မှုကဏ္ဍတွင် ကျပ် ၅၂၉ ဒသမ ၈၇၈ ဘီလျံ၊ အိမ်ရာချေးငွေကဏ္ဍတွင် ကျပ် ၁၉၇ ဒသမ ၅၃၅ ဘီလျံ၊ ဝန်ထမ်းချေးငွေ ကဏ္ဍတွင် ၁၇ ဒသမ ၃၁ သန်းနှင့် အထွေထွေ ကဏ္ဍ၊ အငှားဝယ်ချေးငွေကဏ္ဍနှင့်SME ချေးငွေကဏ္ဍတို့တွင် ထုတ်ချေးထားခြင်းမရှိ ကြောင်း သိရသည်။
၂၀၁၈ ခုနှစ် ဇွန်မှ ၂၀၁၉ ခုနှစ် ဇွန် အထိ နိုင်ငံခြားဘဏ် ဘဏ်ခွဲများက ထုတ်ချေးထားသည့် ချေးငွေပမာဏများမှာ ၂၀၁၈ ခုနှစ် မတ်တွင် ကျပ် ၉၉၂ ဒသမ ၀၁၀ ဘီလျံ၊ ၂၀၁၈ ခုနှစ် ဇွန်တွင် ကျပ် ၁၁၀၉ ဒသမ ၀၆၅ ဘီလျံ၊ ၂၀၁၈ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၄၂၁ ဒသမ ၄၆၀ ဘီလျံ၊ ၂၀၁၈ ခုနှစ် ဒီဇင် ဘာတွင် ကျပ် ၁၅၄၀ ဒသမ ၆၁၁ ဘီလျံ၊ ၂၀၁၉ ခုနှစ် မတ်တွင် ကျပ် ၁၅၂၃ ဒသမ ၄၉၇ ဘီလျံ၊ ၂၀၁၉ ခုနှစ် ဇွန်တွင် ကျပ် ၁၆၈၄ ဒသမ ၇၀၈ ဘီလျံတို့ ဖြစ်သည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ် ဘဏ် ခွဲဖွင့်လှစ်ခွင့်ကို ၂၀၁၄ ခုနှစ်တွင် ဘဏ်ကိုး ဘဏ်၊ ၂၀၁၆ ခုနှစ်တွင် ဘဏ်လေးဘဏ်၊ စုစုပေါင်း နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၃ ဘဏ် ခွင့်ပြုခဲ့ပြီး ယခုတတိယအကြိမ်မြောက်အ ဖြစ် ဖွင့်ခွင့်ပြုနိုင်ရန် စီစဉ်နေသည်။
မြန်မာနိုင်ငံတွင် ဖွင့်လှစ်ပြီးဖြစ်သော နိုင်ငံခြားဘဏ် ဘဏ်ခွဲများမှာ MUFG Bank, Ltd. (Mitsubishi UFJ Financial Group- ဂျပန်)၊ OCBC Bank (Oversea Chinese Banking Corporation Ltd- စင်ကာပူ)၊ Sumitomo Mitsui Banking Corporation (ဂျပန်)၊ United Overseas Bank Limited (UOB- စင်ကာပူ)၊ Bangkok Bank Public Company Limited (ထိုင်း)၊ Industrial and Commercial Bank of China (ICBC တရုတ်)၊ Malayan Banking Berhad (Maybank မလေးရှား)၊ Mizuho Bank Limited (ဂျပန်)၊ Australia and New Zealand Banking Group Limited (ANZ Bank - သြစတြေးလျ)၊ BIDV Bank (ဗီယက်နမ်)၊ Shinhan Bank(တောင်ကိုရီးယား)၊ E. Sun Commercial Bank Limited (ထိုင်ဝမ်)၊ State Bank of India (အိန္ဒိယ) တို့ဖြစ်ပြီး မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခွဲဖွင့်လှစ်ထားသော နိုင်ငံခြားဘဏ် ၄၅ ဘဏ်ရှိကြောင်း သိရသည်။
-
မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး အား (၃၅) ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ရက်လုပ်ကပ်ပူဇော်
-
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်တွင် Eleven Media Group မိသားစုက ခုနစ်ကြိမ်မြောက် ကထိန်အလှူတော် ပြုလုပ်
-
■ ဘွန်ဒစ်လီဂါကလပ် ဆန့်ပေါ်လီအသင်း လူမှုကွန်ရက် X မှ နုတ်ထွက်
-
■ မန်ယူတိုက်စစ်မှူးဟောင်း ဖော်လန် ဥရုဂွေးအိုးပင်း ပရိုတင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့
-
■ ကူဒူစ်ကို အနည်းဆုံးပေါင်(၈၅)သန်းရမှ ဝက်စ်ဟမ်းအသင်း ရောင်းမည်