မြောက်ကိုရီးယားသည် ၎င်း၏ အင်အားအပြင်းဆုံးနှင့် နောက်ဆုံးပေါ်ဒုံးကျည်များထဲ တွင်တစ်ခုအပါအဝင်ဖြစ်သည့် တာဝေးပစ်ဒုံးကျည်တစ်စင်းကိုအောက်တိုဘာ ၃၁ ရက်က ပစ်လွှတ်ခဲ့ကြောင်း ကြေညာခဲ့သည်။
မြောက်ကိုရီးယားသည် အမေရိကန်ရွေးကောက်ပွဲမတိုင်မီ တိုက်ချင်းပစ်ပဲ့ထိန်းဒုံး ကျည်ပစ်လွှတ်ရန် သို့မဟုတ် နျူကလီးယား စမ်းသပ်မှုပြုလုပ်ရန်ပြင်ဆင်နေကြောင်း တောင်ကိုရီးယားက သတိပေးခဲ့ပြီးနောက် တစ်ရက်အကြာတွင် မြောက်ကိုရီးယား ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။
အစောပိုင်းလေ့လာမှုများအရ မြောက်ကိုရီးယားသည် လောင်စာတောင့်သုံးတာ ဝေးပစ်ပဲ့ထိန်းဒုံးကျည်သစ်တစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ဖွယ်ရှိပြီး ထိုဒုံးကျည်သည် ကီလိုမီတာ ၁၀၀၀( ၆၂၁ မိုင်)အကွာအထိ ပျံသန်းခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ခဲ့သည်။
လောင်စာတောင့်သုံး ဒုံးကျည်များသည် ပစ်လွှတ်ရပိုမိုလျင်မြန်ပြီး ထောက်လှမ်းသိရှိရန်၊ ကြားဖြတ်ပစ်ချရန် ပိုမိုခက်ခဲကာ ထိုဒုံးကျည်အမျိုးအစားကို ထုတ်လုပ်ရေးသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ နှစ်ရှည်ရည်မှန်းချက်တစ်ခုဖြစ်သည်။
မိမိတို့၏ တန်ပြန်လုပ်ဆောင်သည့် စိတ်ဆန္ဒအရ ပြိုင်ဘက်များကို သင့်လျှော်သည့်ပုံစံဖြင့် စစ်ရေးအရ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ကင်ကပြောကြားခဲ့သည်ဟု နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ထိုစမ်းသပ်မှုသည် မြောက်ကိုရီးယား၏ မဟာဗျူဟာမြောက် ဒုံးကျည်စွမ်းဆောင်ရည်မှတ်တမ်းများတွင် နောက်ဆုံးစမ်းသပ်မှုဖြစ်ပြီး ကင်သည် နျူကလီးယားတပ်ဖွဲ့အင်အားကို မြှင့်တင်နေသည့်လုပ်ငန်းစဉ်ကို မည်သည့် အခါမျှ ပြောင်းလဲသွားမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု KCNA က ဖော်ပြခဲ့သည်။
ယခုပစ်လွှတ်ခဲ့သည့် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်(ICBM)အမျိုးအစား ဒုံးကျည်သည် ယခင်မြောက်ကိုရီးယားက ပစ်လွှတ်ခဲ့သည့်ဒုံးကျည်များထက် အကွာအဝေးပိုမိုပျံသန်းခဲ့ပြီး ဒုံးကျည်ပျံသန်းမှုကြာချိန် ၈၆ မိနစ်ရှိကာ ကီလိုမီတာ ၇၀၀၀ အမြင့်အထိရောက်ရှိခဲ့ကြောင်း ဂျပန်က ပြောသည်။
ထိုဒုံးကျည်ပျံသန်းသည့် အမြင့်သည် မိမိတို့တွေ့ဖူးသမျှ မြောက်ကိုရီးယားဒုံးကျည်ပစ်လွှတ်မှုများအားလုံးထက် အမြင့်ဆုံးဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး နာကာတာနီက သတင်းထောက်များကို ပြောကြားခဲ့သည်။
အမေရိကန်ကမူ မြောက်ကိုရီးယား၏ဒုံးကျည်ပစ်လွှတ်မှုသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ကြောင်း ဝေဖန်ပြစ်တင်ခဲ့သည်ဟု အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ရှောင်ဆာဗက်က ပြောကြားခဲ့သည်။
မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုကို ဒေသတွင်းလုံခြုံရေးမဟာမိတ်များဖြစ်သည့် တောင်ကိုရီးယား၊ အမေရိကန်နှင့်ဂျပန်တို့က ပူးတွဲစစ်ရေးလေ့ကျင့်မှုများဖြင့်တုံ့ပြန်သွားမည်ဟု ပြောကြားခဲ့သည်။
ထို့ပြင် တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုကလည်း မြောက်ကိုရီးယားအပေါ် သီးခြားပိတ်ဆို့မှုများ ချမှတ်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
တရုတ်ကမူ မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုအပြီးတွင် ကိုရီးယားကျွန်းဆွယ်ပေါ်ရှိ အခြေအနေကို စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။
တရုတ်သည် ကိုရီးယားကျွန်းဆွယ်ပေါ်တွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အပြောင်းအလဲမရှိ ထိန်းသိမ်းခဲ့ပြီး နိုင်ငံရေးအရအဖြေရှာခြင်းကို အားပေးထောက်ခံကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေး ဆိုခွင့်ရှိသူ လင်ကျန်းက ပြောကြားခဲ့သည်။
Ref: AFP
-
■ ဘွန်ဒစ်လီဂါကလပ် ဆန့်ပေါ်လီအသင်း လူမှုကွန်ရက် X မှ နုတ်ထွက်
-
■ မန်ယူတိုက်စစ်မှူးဟောင်း ဖော်လန် ဥရုဂွေးအိုးပင်း ပရိုတင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့
-
■ ကူဒူစ်ကို အနည်းဆုံးပေါင်(၈၅)သန်းရမှ ဝက်စ်ဟမ်းအသင်း ရောင်းမည်
-
ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် B.1.1.7 အကြောင်းတစေ့တစောင်း
-
ရန်သူများ၏ မည်သည့် တိုက်ခိုက်မှုမျိုးကိုမဆို လက်တုံ့ပြန်သွားမည်ဟု အီရန်တပ်ဖွဲ့ ထုတ်ပြန်