ဧပြီ ၂၀ ရက်အထိ တစ်နိုင်ငံလုံး၌ COVID-19 စောင့်ကြည့်လူနာ စုစုပေါင်း ၂၀၀၀ ကျော်ကျန်ရှိပြီး အင်းစိန်၊ တောင်ဥက္ကလာ၊ ဗဟန်းနှင့် မရမ်းကုန်းမြို့နယ်များတွင် ပိုးတွေ့အတည်ပြုလူနာ အများဆုံး တွေ့ရှိထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
ဧပြီ ၂၀ ရက်အထိ ဓာတ်ခွဲစစ်ဆေးပြီး သူစုစုပေါင်း ၄၆၉၂ ဦးရှိပြီး စောင့်ကြည့်လူနာ ၂၀၈၉ ဦး၊ ပိုးတွေ့လူနာ ၁၁၉ ဦး၊ သေဆုံးလူနာ ငါးဦးနှင့် ပိုးတွေ့ပြန်လည် ကောင်းမွန်သွားသူ ခုနစ်ဦးရှိကြောင်းနှင့် ပိုးတွေ့လူနာများအနက် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင် ၁၉ ဦး၊ တောင်ဥက္ကလာပမြို့နယ်တွင် ၁၃ ဦး၊ ဗဟန်းမြို့နယ်တွင် ၁၂ ဦး၊ မရမ်းကုန်းမြို့နယ်တွင် ၁၀ ဦး၊ ပန်းဘဲတန်းမြို့နယ်တွင် ခြောက်ဦးရှိကြောင်း သိရသည်။
COVID-19 ရောဂါ အတည်ပြုလူနာများနှင့် ထိတွေ့မှုရှိသူ ရှစ်ဦးတွင် ရောဂါပိုး တွေ့ရှိခဲ့သဖြင့် ပိုးတွေ့ရှိသူ စုစုပေါင်း ၁၁၉ ဦးအထိ ရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဧပြီ ၂၀ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။
ရောဂါပိုးတွေ့ရှိသူ စာရင်းအား ဝန်ကြီးဌာနက နှစ်ကြိမ်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ် ထုတ်ပြန်မှုတွင် ခြောက်ဦးဖြစ်ကာ ဒုတိယအကြိမ်တွင် နှစ်ဦးထပ်မံတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ပထမအကြိမ် ထုတ်ပြန်မှုအရ စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာ ၁၈၁ ခုအနက် ၁၇၅ ခုတွင် COVID-19 ရောဂါပိုး မတွေ့ရှိသော်လည်း ကျန်ခြောက်ဦး၏ ဓာတ်ခွဲနမူနာတွင် COVID-19 ရောဂါပိုး တွေ့ရှိကြောင်း သိရသည်။
ရောဂါပိုး တွေ့ရှိခဲ့သည့် လူနာသစ်ခြောက်ဦးကို သက်ဆိုင်ရာ ဆေးရုံများသို့ လွှဲပြောင်း၍ သီးခြားထားရှိ ကုသပေးမည် ဖြစ်ကြောင်း သိရသည်။
ဧပြီ ၂၀ ရက် ထုတ်ပြန်ချက်အရ ရောဂါ ပိုးတွေ့ရှိသူလူနာ အမှတ်စဉ် ၁၁၂ မှာ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်မှ ၂၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ လူနာ အမှတ်စဉ် ၁၁၃ မှာ ချင်းပြည်နယ်တီးတိန်မြို့ မှ ၆၅ နှစ်အရွယ်အမျိုးသမီးတစ်ဦး၊ လူနာအမှတ်စဉ် ၁၁၄ မှာ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မှ ၅၂ နှစ်အရွယ် အမျိုးသားတစ်ဦး၊ လူနာအမှတ်စဉ် (၁၁၅) မှာ စစ်ကိုင်း တိုင်းဒေသကြီး ကလေးမြို့နယ်မှ ၁၉ နှစ်အ ရွယ်ရှိ အမျိုးသားတစ်ဦး၊ စစ်ကိုင်းတိုင်း ဒေ သကြီး ကလေးမြို့နယ်မှ ၁၇ နှစ်အရွယ် အ မျိုးသားတစ်ဦးနှင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မှ ၁၀ အရွယ် မိန်းကလေး ငယ်တစ်ဦးတို့ဖြစ်ပြီး ၎င်းတို့မှာ သတ်မှတ် ထားသောနေရာများတွင် အသွားအလာ ကန့်သတ်ထားသူများဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံရှိ ဓာတ်ခွဲအ တည်ပြုလူနာများအနက် ရောဂါပိုးကင်းစင် သူ ကိုးဦးရှိလာခဲ့ပြီး ၎င်းင်းတို့အနက် လေးဦးအား ဧပြီ ၂၀ ရက်တွင် ဆေးရုံမှဆင်းခွင့်ပြုခဲ့ သဖြင့် ဆေးရုံဆင်းသူစုစုပေါင်း ခြောက်ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
ဆေးရုံမှ ဆင်းခွင့်ရသူများမှာ Case-003၊ Case-004၊ Case-007၊ Case-009၊ Case-021၊ Case-015 တို့ဖြစ်ပြီး ၎င်းတို့အား သတ်မှတ်ရက် ပြည့်သည်အထိ အသွားအလာ ဆက်လက်ကန့်သတ်ထားသည်။
ထို့ပြင် ဝေဘာဂီ အထူးကုဆေးရုံကြီးရှိ လူနာနှစ်ဦးအား အထူးကြပ်မတ် ကုသဆောင်တွင် ဆေးကုသမှု ပေးလျက်ရှိပြီး ကျန်လူနာအားလုံး၏ ကျန်းမာရေး အခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ဒုတိယအကြိမ် ထုတ်ပြန်မှုအရ ဓာတ်ခွဲနမူနာ ၂၄၆ ဦးတွင် နှစ်ဦးကို ရောဂါပိုးတွေ့ရှိ ခဲ့ခြင်းဖြစ်သည်။ တွေ့ရှိခဲ့သူ နှစ်ဦးမှာ ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှ ၃၁ နှစ်အရွယ် အမျိုးသမီးနှစ်ဦးဖြစ်ပြီး ၎င်းတို့မှာ ရောဂါပိုး အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကလေးမြို့နယ်တွင် COVID-19 လူနာခြောက်ဦး တွေ့ရှိကြောင်း ကြေညာအပြီးတွင် ရောဂါပိုးကူးစက်ခံရသူများ နေထိုင်ခဲ့သည့် ကလေးမြို့ တောင်ဖီလာရပ်ကွက်ကို Stay at Home ပြုလုပ်ထားကြောင်း သိရသည်။
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား
-
ဖိလစ်ပိုင်မြောက်ပိုင်းတွင် တိုင်ဖွန်းအူဆာဂီ ဝင်ရောက်တိုက်ခတ်မှုကြောင့် လူပေါင်းထောင်နှင့်ချီ ဘေးလွတ်ရာရွှေ့ပြောင်း
-
ဆော်လမွန်ကျွန်းနိုင်ငံအနီးတွင် ကမ္ဘာ့အကြီးဆုံး သန္တာကျောက်တန်း တွေ့ရှိ