အလုပ်သမားများက ၎င်းတို့ ထုတ်လုပ်နေသောကားများကို မဝယ်နိုင်လောက်သည့် အနေအထားဖြစ်နေသော မစ်ချီဂန်ပြည်နယ်တွင် ဒေါ်နယ်ထရန့်နှင့် ဂျိုးဘိုင်ဒင်တို့သည် ကားထုတ်လုပ်သည့် စက်ရုံများရှိ ကာယလုပ် သားများထံမှ ထောက်ခံမှုရရှိရန်အကြိတ်အနယ်ပြိုင်နေကြသည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။
မစ်ချီဂန်ပြည်နယ်ဒတ်ထရိုက်အခြေစိုက် အမေရိကန်ထိပ်တန်းကားထုတ်လုပ်သောကုမ္ပဏီသုံးခုက လုပ်သားများသည် လုပ်ခတိုးပေးရေးအတွက် သပိတ်မှောက်လျက်ရှိကြသည်။
နိုင်ငံရေးအရ အရေးပါသော မစ်ချီဂန်ပြည်နယ်ကို တစ်ပတ်အတွင်းဒေါ်နယ်ထရန့် စည်းရုံးရေးဆင်းခဲ့ပြီးနောက် စက်တင်ဘာ ၂၆ ရက်တွင် ဂျိုးဘိုင်ဒင်သည် ဆန္ဒပြသူများတန်းစီနေသည့်နေရာသို့ရောက်ရှိလာပြီး အမေရိကန်ကားထုတ်လုပ်ရေးကုမ္ပဏီကြီးသုံးခု လုပ်ခတိုးပေးရေးအတွက် အမေရိကန် ကားလုပ်သားများသမဂ္ဂ(UAW)၏ တောင်းဆိုမှုများကို ထောက်ခံခဲ့သည်။ ထို့ကြောင့် ဂျိုးဘိုင်ဒင်သည် ဆန္ဒပြသူများနှင့်အတူ ပါဝင်ဆန္ဒပြသည့် တာဝန်ထမ်းဆောင်ဆဲပထမဆုံး အမေရိကန်သမ္မတဖြစ်လာသည်။
“ကားအသစ်ဝယ်ဖို့ ကျွန်တော့်လစာရဲ့ တစ်ဝက်လောက်ရှိပါလိမ့်မယ်”ဟု စက်တင်ဘာ ၂၆ ရက်က မစ်ချီဂန်ပြည်နယ် ဘယ်လီဗီးလ်ရှိ General Motors စက်ရုံအပြင်ဘက်က ဆန္ဒပြသူများထဲတွင်ပါဝင်သော ကားထုတ်လုပ်ရေး လုပ်သားကာတစ်ခရန်းဖို့ဒ်က သမ္မတဂျိုးဘိုင်ဒန်နှင့်လက်ဆွဲနှုတ်ဆက်ခဲ့ပြီးနောက် ရိုက်တာသတင်းထောက်ကို ပြောကြားသည်။လာရောက်ပေးသည့်အတွက် သမ္မတဘိုင်ဒင်ကိုကျေးဇူးတင် ကြောင်း အသက် ၆၆ နှစ်ရှိ ခရန်းဖို့ဒ်ကပြောသည်။
သို့ရာတွင် ဒီမိုကရက်များကအမေရိကန်စီးပွားရေးကို လျှပ်စစ်ကားထုတ်လုပ် သောစီးပွားရေးအဖြစ်ပြောင်းလဲရန် အစီအမံသည် အလုပ်အကိုင်များကိုဆုံးရှုံးစေလိမ့်မည်ဟု ၎င်းက ပြောသည်။
ဂျိုးဘိုင်ဒင်က သမဂ္ဂများကို စည်းရုံးလျက်ရှိသည်ဆိုသော်လည်းခရန်းဖို့ဒ်ကမူ ၂၀၂၄ သမ္မတရွေးကောက်ပွဲတွင် ရီပတ်ဘလီကင်ပါတီကိုသာထောက်ခံမည်ဟုဆိုသည်။ လူဝင်မှုကြီးကြပ်ရေးကိစ္စကိုယ်ဝန် ဖျက်ချမှုကိစ္စတို့နှင့်ပတ်သက်၍ ဒီမိုကရက်တစ်ပါတီကိုထောက်ခံမည်မဟုတ်ဟု ၎င်းက ပြောကြားသည်။
အသက် ၈၀ နှစ်ရှိဂျိုးဘိုင်ဒင်သည် UAW လိုဂိုပါသော ဦးထုပ်ကို ဆောင်းထားပြီး အမေရိကန်အလံပုံပါသော လက်ကိုင်စပီကာကို ဝှေ့ယမ်းလျက် ၎င်းကိုယ်၎င်းလုပ်သားများ၏မိတ်ဆွေအဖြစ် အင်တိုက်အားတိုက် ပုံဖော်ခဲ့သည်။
၎င်း၏ကိုယ်ပိုင် အမှတ်တံဆိပ်ဖြစ်သော ဘိုင်ဒင်ဘောဂဗေဒသည် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော လျှပ်စစ်ကားများကို အလေးပေးခြင်းဖြင့် အမေရိကန်၏ကျဆင်းနေသော စက်မှုလုပ်ငန်းများကို အားသစ်လောင်းရန် မျှော်မှန်းမည်ဆိုသော သတင်းစကားကို အားပြုထားခြင်းဖြစ်သည်။
လူထုကြိုက်ဝါဒီဖြစ်သော လုပ်ငန်းရှင်သူဌေးကြီး ထရန့်(ရရနှစ်)သည် ပုံမှန်ပြောနေကျစကားဖြစ်သော အကြောက်တရား အကြောင်းကိုလည်းကောင်း၊ အမေရိကန် ပြန်လည်နိုးကြားရေးဆိုသည့် အမျိုးသားရေး စိတ်ဓာတ်ပြင်းထန်သော ကတိများကိုလည်းကောင်းပြောကြားခြင်းဖြင့် ၎င်း၏မူဝါဒကို အားပြုထားသည်။
“ဘိုင်ဒင်နဲ့ဆိုရင်တော့ လုပ်သားတွေ နာရီအလိုက်ရနေတဲ့ လုပ်ခဟာဘယ်လောက်ရှိသလဲဆိုတာကို ဂရုစိုက်မှာ မဟုတ်ဘူး။ သုံးနှစ်အတွင်း ကားထုတ်လုပ်ရေးလုပ်ငန်းမှာ အလုပ်အကိုင်ဆိုတာမရှိပါဘူး။ အဲဒီအလုပ် အကုန်လုံးဟာ တရုတ်ကနေပဲ ထွက်လာလို့ဖြစ်ပါတယ်”ဟု သမ္မတဟောင်း ဒေါ်နယ်ထရန့်က ၎င်း၏ Truth Social ကွန်ရက်တွင် ဖော်ပြထားသည်။ ထရန့်သည် ရွေးကောက်ပွဲကျင်းပချိန်တွင် တရားစွဲထား သောအမှုများကိုရင်ဆိုင်ရမည်ဖြစ်သည်။
Ref: Reuters
-
■ ဘွန်ဒစ်လီဂါကလပ် ဆန့်ပေါ်လီအသင်း လူမှုကွန်ရက် X မှ နုတ်ထွက်
-
■ မန်ယူတိုက်စစ်မှူးဟောင်း ဖော်လန် ဥရုဂွေးအိုးပင်း ပရိုတင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့
-
■ ကူဒူစ်ကို အနည်းဆုံးပေါင်(၈၅)သန်းရမှ ဝက်စ်ဟမ်းအသင်း ရောင်းမည်
-
ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် B.1.1.7 အကြောင်းတစေ့တစောင်း
-
ရန်သူများ၏ မည်သည့် တိုက်ခိုက်မှုမျိုးကိုမဆို လက်တုံ့ပြန်သွားမည်ဟု အီရန်တပ်ဖွဲ့ ထုတ်ပြန်