Top News

ပြစ်မှုကျူးလွန်သော လူဆိုးဂိုဏ်းများကို စစ်တပ်အကူအညီဖြင့် နှိမ်နင်းမည်ဟု ဆွီဒင်ဝန်ကြီးချုပ် ပြောကြား
24htopnews | November 1, 2024 8:12 PM CST

ဆွီဒင်ဝန်ကြီးချုပ်အားခရစ်တာဆင်က စစ်တပ်အကူအညီဖြင့် ပြစ်မှုကျူးလွန်သော လူဆိုးဂိုဏ်းများကို ဖြိုခွင်းမည်ဟု စက်တင်ဘာ ၂၈ ရက်တွင်ပြောကြားသည်။

ရဲက လူဆိုးဂိုဏ်းများကို တိုက်ဖျက်ရာတွင် စစ်တပ်က မည်သို့မည်ပုံ အကူအညီပေးနိုင်သလဲဆိုသည့်ကိစ္စကို သိရှိရန် ဝန်ကြီးချုပ်ခရစ်တာဆင်သည် စက်တင်ဘာ ၂၉ ရက်တွင် ရဲချုပ်၊ စစ်သေနာပတိတို့နှင့်တွေ့ဆုံမည်ဟု ပြောကြားသည်။ ဆွီဒင်နိုင်ငံတွင် အကြမ်းဖက်မှုများမြင့်တက်လာခြင်းကြောင့် အပြစ်မဲ့သူများနှင့်ကလေးများ သေဆုံးမှု တိုးလာသည်။   

ယခုလအတွင်းတွင် လူ ၁၁ ဦးပစ်သတ်ခံရပြီး ပြည်သူများနှင့် နိုင်ငံရေးသမားများအကြား အမြတ်ဒေါသပေါ်ပေါက်စေခဲ့သော လူဆိုးဂိုဏ်းရမ်းကားမှုများကို တားဆီးရာတွင် အထောက်အကူဖြစ်စေရေးအတွက် စစ်တပ်ကို ဖြန့်ကြက်ရန် စက်တင်ဘာ ၂၈ ရက်တွင် ဆွီဒင် အကြီးဆုံးအတိုက်အခံပါတီက  အစိုးရကို တောင်းဆိုခဲ့သည်။

စက်တင်ဘာ ၂၇ ရက်က စတော့ဟုမ်းမြို့၌ သီးခြားဖြစ်ပွားသော ပစ်ခတ်မှုများတွင်  လူနှစ်ဦးသေဆုံးခဲ့သည်။ စက်တင်ဘာ ၂၈ ရက် နံနက်လင်းအားကြီးအချိန်တွင် Uppsala ရှိအိမ်တစ်အိမ် ဗုံးဖောက်ခွဲခံရသဖြင့် အပြစ်မရှိသည့် လမ်းသွားလမ်းလာဟုယူဆရသော အသက် ၂၀ အရွယ်အမျိုးသမီး သေဆုံးခဲ့သည်။

“ဒါဟာ ဆွီဒင်မဟုတ်ပါဘူး။ ဒါဟာဆွီဒင်က ခွင့်ပြုရမယ့်အရာလည်းမဟုတ်ပါဘူး”ဟု ဆိုရှယ်ဒီမိုကရက်ပါတီခေါင်းဆောင် မက်ဒါလီနာအန်ဒါဆင်က စက်တင်ဘာ ၂၈ ရက် သတင်းစာရှင်းလင်းပွဲကို ပြောကြားသည်။

ရာဇဝတ်မှုကို ကိုုယ်တွယ်ဖြေရှင်းနိုင် စွမ်းမရှိသည့် ၎င်း၏အစိုးရအဖွဲ့ကို မဲဆန္ဒရှင် ပြည်သူများက သဘောမကျခြင်းကြောင့်လည်း လွန်ခဲ့သောနှစ် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ရသည့်အန်ဒါဆင်က လူဆိုးဂိုဏ်းများကို နှိမ်နင်းရာတွင် ရဲတပ်ဖွဲ့ကို စစ်တပ်က အကူအညီပေးနိုင်မည့် ဥပဒေအားပြောင်းလဲရန် ဝန်ကြီးချုပ်ကို တောင်းဆိုခဲ့သည်။

“ရဲတွေ လုပ်နေတဲ့ ကင်းလှည့်တာကို စစ်တပ်က လုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် စစ်တပ်ဟာ အကူအညီပေးနိုင်တဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာ တတ်သိပညာရှိပါတယ်”ဟု အန်ဒါဆင်က ပြောကြားသည်။

ဆွီဒင်ပြည်သူ ၃၀,၀၀၀ ခန့်သည် ဂိုဏ်းဖွဲ့ကျူးလွန်မှုများတွင် တိုက်ရိုက်ပါဝင်ပတ်ခြင်း သို့မဟုတ် လူဆိုးဂိုဏ်းများနှင့် ဆက်ဆံမှုများရှိခြင်းတို့ ရှိနေသည်ဟု ရဲတပ်ဖွဲ့က ခန့်မှန်းထားသည်။ အကြမ်းဖက်မှုသည် မြို့ပြ ဒေသကြီးများမှသည် ယခင်က အကြမ်းဖက်ရာဇဝတ်မှု ဖြစ်ခဲသည့် မြို့ငယ်များအထိ ပြန့်လာသည်။

ယခုသီတင်းပတ်အစောပိုင်းတွင် ဆန်းဗီကန်း ဘားတစ်ခု၌ သေနတ်သမားက ပစ်ခတ်သောကြောင့် လူနှစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရခဲ့သည်။ ယခုလတွင် လူ ၁၁ ဦး ပစ်သတ်ခံရခြင်းကြောင့် ယခုစက်တင်ဘာသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာနောက်ပိုင်း အဆိုးဆုံးလဖြစ်လာသည်။

“ဆွီဒင်မှာ တရားမဲ့ ပဋိပက္ခတွေဟာ နိုင်ငံရဲ့ဘေးကင်းလုံခြုံရေးကို ပြင်းပြင်းထန် ထန်ခြိမ်းခြောက်နေပါတယ်”ဟု အမျိုးသားရဲ  တပ်ဖွဲ ့ရဲမင်းကြီး အန်ဒါသွန်းဘတ်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အပြစ်မဲ့သူတွေ သတ်ဖြတ်ခံနေရပြီး ထိခိုက်ဒဏ်ရာရနေကြပါတယ်။ ကျွန်တော်တို့ကတော့ ရဲလုပ်ပိုင်ခွင့်ဘောင်ထဲကနေ အားလုံးကို ဆောင်ရွက်နေပါတယ်”ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Ref: Reuters, AFP

                  


READ NEXT
Cancel OK