Top News

နယ်စပ်ကုန်သွယ်မှုမှ တင်ပို့သော ကုန်ပစ္စည်း ရှစ်မျိုးအပြင် ပဲမျိုးစုံ၊ကြက်သွန်စသည့် ကုန်ပစ္စည်း ခုနစ်မျိုးကို ပို့ကုန်ရငွေ(နိုင်ငံခြားသုံးငွေ)၏ ၂၅ ရာခိုင်နှုန်း လဲလှယ်အသုံးပြုရမည့်ကုန်စည်အဖြစ် ထပ်တိုးသတ်မှတ်
24htopnews | November 1, 2024 6:12 PM CST

နယ်စပ်ကုန်သွယ်မှုမှ တင်ပို့သော ကုန် ပစ္စည်း ရှစ်မျိုးအပြင် ပဲမျိုးစုံ၊ကြက်သွန် စသည့် ကုန်ပစ္စည်း ခုနစ်မျိုးကို ပို့ကုန်ရငွေ (နိုင်ငံခြားသုံးငွေ)၏၂၅ ရာခိုင်နှုန်း လဲ လှယ် အသုံးပြုရမည့်ကုန်စည်အဖြစ် ထပ်တိုး သတ်မှတ်လိုက်ကြောင်း ကုန်သွယ်ရေး ဦးစီး ဌာနက ထုတ်ပြန်ထားသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန၊ပို့ကုန်၊ သွင်းကုန်နှင့် ပတ်သက်သည့်သတင်းလွှာ (၆ ^၂၀၂၄)ကို  ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ကာ နယ်စပ်ကုန် သွယ်ရေးမှတင်ပို့ခြင်းအတွက် ပို့ကုန်ရငွေ အပေါ်၂၅ ရာခိုင်နှုန်း၊၇၅ရာခိုင်နှုန်း အစီ အစဉ် ဆောင်ရွက်သည့် ကုန်စည်အမျိုးအ စား ထပ်တိုးသတ်မှတ်လိုက်ခြင်းဖြစ်သည်။

ပင်လယ်ရေကြောင်းမှ ပို့ကုန်ပစ္စည်း အားလုံးနှင့် နယ်စပ်ကုန်သွယ်မှုမှ တင်ပို့ သော အောက်ဖော်ပြပါ ကုန်စည် ရှစ် မျိုးနှင့် စပ်လျဉ်း၍ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော် မတီ အစည်းအဝေးအမှတ်စဉ် (၆၆/၂၀၂၂) (၁၆/၂၀၂၃)နှင့် (၄၉/၂၀၂၃)တို့အရ မြန် မာနိုင်ငံတော်ဗဟိုဘဏ်၏ သတ်မှတ်ချက် နှင့် အညီ ပို့ကုန်ရငွေ(နိုင်ငံခြားသုံးငွေ)၏ ၂၅%လဲလှယ်အသုံးပြုရမည့် ကုန်စည်အ ဖြစ် သတ်မှတ်ဆောင် ရွက်လျက်ရှိသည်။

၎င်းတို့မှာ ပဲမျိုးစုံ (မတ်ပဲ၊ ပဲတီစိမ်း၊ ပဲ စဉ်းငုံ၊ ကုလားပဲ)၊ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း)၊ ပြောင်း၊ရော်ဘာ၊ ရေထွက်ပစ္စည်း (ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ငါးရှဥ့်)၊တိရစ္ဆာန်နှင့်တိရစ္ဆာန်ထွက်ပစ္စည်း (ကျွဲအရှင်၊ နွားအရှင်၊ ဆိတ်အ ရှင်၊ ကျွဲသားရေ၊ နွားသားရေ၊ ဆိတ်သားရေ၊ အေးခဲအသားနှင့် အသားခြောက်)၊ဆန်၊ ဆန်ကွဲ၊ ကြံတို့ဖြစ်သည်။

လက်ရှိအချိန်တွင် နယ်စပ်ကုန်သွယ်မှုမှတင်ပို့သော အဆိုပါကုန်ပစ္စည်း ရှစ်မျိုး အပြင် အောက်ဖော်ပြပါ ကုန်ပစ္စည်းများအား ထပ်တိုး၍ မြန်မာနိုင်ငံတော်ဗဟို ဘဏ်၏ သတ်မှတ်ချက်နှင့်အညီ ပို့ကုန်ရငွေ (နိုင်ငံခြားသုံးငွေ) ၏ ၂၅ ရာခိုင်နှုန်း လဲလှယ်ခြင်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ စတင်ဆောင်ရွက်ရန်ဖြစ်သည်။

အဆိုပါကုန်ပစ္စည်းများမှာ ပဲမျိုးစုံ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊သစ်သီးမျိုးစုံ၊ သီး နှံမျိုးစုံ၊ကြိမ်၊ ၀ါ(၀ါဂွမ်း)၊ သတ္တုနှင့်သတ္တုရိုင်းနှင့်အခြားသတ္တုတွင်းထွက်ပစ္စည်းများဖြစ် ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ မတ် ၃၁ရက်အထိ မြန်မာနိုင်ငံ၏ စုစုပေါင်း ကုန် သွယ်မှုပမာဏဒေါ်လာ ၃၃ ဒသမ ၉၂၅ ဘီ လျံရှိပြီး ယခင်နှစ်ကာလတူက ဒေါ်လာ ၃၀  ဒသမ ၃၅၁ ဘီလျံရှိသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာယခင်နှစ်ကာလတူထက် ပြည်ပကုန်သွယ်မှုဒေါ်လာ၃ဒသမ ၅၇၃ ဘီလျံ အထိ ပိုမိုဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနမှ သိရသည်။

အဆိုပါကာလအတွင်း ပြည်ပနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်ဒေါ်လာ ၁၆ ဒသမ ၅၇၅ ဘီလျံရှိပြီး ယခင်နှစ်ကာလတူထက် ၁ ဒသမ ၀၈၄ ဘီလျံ ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။

ပြည်ပနိုင်ငံများမှ တင်သွင်းသည့်သွင်း ကုန်ပမာဏဒေါ်လာ ၁ရဒသမ ၃၄၉ ဘီလျံရှိပြီး ယခင်နှစ်ကာတူထက် ဒေါ်လာ ၂ ဒသမ ၄၈၉ဘီလျံ ပိုမိုတင်သွင်းထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို့ လယ်ယာထွက်ပစ္စည်း၊တိရစ္ဆာန်ထွက်ပစ္စည်း၊ရေထွက်ပစ္စည်း၊ သတ္တုတွင်းပစ္စည်း၊သစ်တောထွက်ပစ္စည်း၊စက်မှုကုန်ချော၊အခြားကုန်ပစ္စည်းများကို တင်ပို့လျက်ရှိသည်။

ပြည်ပနိုင်ငံများသို့ ရင်းနှီးမြှုပ်နှံမှုပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်း စသည်တို့ကို အဓိကတင်သွင်းနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ ပို့ကုန်တိုးမြှင့်တင်ပို့နိုင် ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ အကောင်အထည်ဖော်နေပြီး အမျိုးသားပို့ ကုန်မဟာဗျူဟာ ၂၀၂၀- ၂၀၂၅ ၏အဓိက ဦးစားပေးကဏ္ဍများတွင် လယ်ယာထွက် ကုန် ပစ္စည်းအခြေခံစားသောက်ကုန်ထုတ်လုပ် ခြင်းကဏ္ဍ၊ အထည်အလိပ်နှင့်အဝတ်အ ထည်ကဏ္ဍ၊ စက်မှုနှင့်လျှပ်စစ်ပစ္စည်းကဏ္ဍ၊ ရေထွက်ကုန်လုပ်ငန်းကဏ္ဍ၊ သစ်တောထွက် ပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုကဏ္ဍ၊ အရည်အသွေးစီမံခန့်ခွဲမှု ကဏ္ဍ၊ ကုန်သွယ်မှုသတင်းအချက်အလက် ဝန်ဆောင်မှုကဏ္ဍ ၊ တီထွင်ဆန်းသစ်မှုနှင့်စွန့် ဦးတီထွင်ဆောင်ရွက်ခြင်းကဏ္ဍစသည်တို့ ပါဝင်ကြောင်း သိရသည်။


READ NEXT
Cancel OK