ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သည့် မြိတ်မြို့တွင် Sea Level သုံးပွိုင့်ကိုလုပ်ဆောင် ထားပြီးနောက်ထပ် ခုနစ်ပွိုင့်ကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြိတ်မြို့ နယ် စည်ပင်သာယာရေးကော်မတီမှ သိရ သည်။
တနင်္သာရီကမ်းရိုးတန်းဒေသ၏ပင် လယ်ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သော မြိတ်မြို့ တွင် Sea Level လုပ်ဆောင်ရန်အဓိကကျ သည့် နေရာများလျာထားပြီး အဆောက်အအုံ များ၊ လမ်းများ၊ တံတားနှင့် မြောင်းများ လုပ်ဆောင်ရာတွင် အဓိကအထာက်အကူဖြစ်စေ ရန်ရည်ရွယ်ထားကြောင်း သိရသည်။
နောက် ထပ်လုပ်ဆောင်မည့် ခုနစ်ပွိုင့်အတွက် မြေ ပြင်ကွင်းဆင်းမှုများ လုပ်ဆောင်ထားပြီး မကြာမီ အကောင်ထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
“ပထမဆုံးအနေနှင့် Sea Level ကို သုံးခု အရင်စလုပ်တယ်။ မြို့ရဲ့အဓိကအထင်ကရ နေရာတွေဖြစ်တဲ့ နာရီစင်ရှေ့မှာ ပွိုင့်တစ် ခုပေါ့။ အဲဒီမှာ ကျွန်တော်တို့က BM 1 ဆိုပြီး သတ်မှတ်တယ်။ ရေမျက်နှာပြင်အမြင့်က +၇ ပါ။ပင်လယ်မှ ၇ ပေအမြင့် ရှိတယ်။ BM 2 ပွိုင့်ကတော့ ပိတောက်ပင်လမ်းဆုံမှာရှိတဲ့ အဲဒါက +၄၀ ပင်လယ်ရေမျက်နှာပြင်အမြင့် ကပေ ၄၀ ရှိတယ်။ မြို့အဝင်ဆိုင်းဘုတ်အနား မှာက +၇၀ ပင်လယ် ရေမျက်နှာပြင်အမြင့် ၇၀ ရှိတယ်။ အဲဒါက BM 3 ပါ။ အဲဒီ သုံးပွိုင့် ကလုပ်လို့ပြီးသွားပါပြီ။ အဲဒီ သုံးပွိုင့်အပြင် နောက်ထပ်ခုနစ်ပွိုင့်ကိုပါ။ ထပ်တိုးချဲ့ဖို့စီစဉ် နေတယ်။ အဲဒီ ခုနစ်ပွိုင့်အတွက်မြေပြင်ဆင်းပြီး သတ်မှတ်ထားတာတွေ လုပ်ထားပါပြီ။ မကြာခင် ဆက်လက်လုပ်ဆောင်တော့မှာပါ။အဲဒီ Sea Level နှင့်ပတ်သက်ပြီးလမ်းခင်းတာ တွေ၊ ရေမြောင်းလုပ်တာတွေမှာအဲဒီ Level Point လေးတွေဖတ်ပြီး မှတ်ပြီးမှပဲ ရေမြောင်း လုပ်၊ လမ်းခင်းဖို့ စည်ပင်သာယာရေးကော် မတီမှ ကြီးကြပ်ပြီး ဆောင်ရွက်ပေးသွားမှာပါ” ဟု မြိတ်မြို့နယ်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောကြားသည်။
ဒီရေကြီးမှုကြောင့် လမ်းများ၊အနိမ့်ပိုင်း နေရာများတွင် ရေဝင်နစ် မြုပ်မှုများရှိနေသည့် မြိတ်မြို့နေရာတချို့တွင်အဆိုပါ Sea Level ပွိုင့်များကအဓိကအထောက်အကူ ဖြစ်လာမည်ဟု ဦးမြတ်ကိုကိုကဆက်လက်ပြောကြား သည်။
Sea Level ပွိုင့်တစ်ခုကို ကျပ် ၁၀ သိန်း ခန့် ကုန်ကျပြီး Sun Art ကုမ္ပဏီမှအလှူရှင် ဦးစိုးသန်းက စည်ပင်သာယာရေးကော်မတီ ကို လှူဒါန်းပေးခဲ့ပြီး နောက်ပိုင်းလုပ်ဆောင် မည့် ပွိုင့် ခုနစ်ခုကိုလည်း နည်းပညာအကူညီ ပေးမည်ဖြစ်ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးတွင် Sea Level ပွိုင့်လုပ်ဆောင်ခြင်းကို စည်ပင်သာ ယာရေးကော်မတီဖွဲ့စည်းပြီးနောက် ပထမဆုံး လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား