Top News

WTI ရေနံစျေး တစ်စည် ၄၆ ဒေါ်လာ ဝန်းကျင်အထိ မြင့်တက်လာပြီး ပြည်တွင်းစျေးကွက်တွင် စက်သုံးဆီ စျေးနှုန်းများ  ၂၆ ရက်အတွင်း တစ်လီတာ ကျပ် ၇၀ စီ ပြန်လည် မြင့်တက်
24htopnews | November 1, 2024 5:12 PM CST

WTI ရေနံစျေးသည် ဒီဇင်ဘာ ၇ ရက်တွင်  တစ်စည် ၄၆ ဒေါ်လာ ဝန်းကျင်အထိ မြင့်တက်လာပြီး ပြည်တွင်းစျေးကွက်တွင် စက်သုံးဆီစျေးနှုန်းများ ၂၆ ရက်အတွင်း တစ်လီတာ ကျပ် ၇၀ စီ ပြန်လည် မြင့်တက်ခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ စျေးနှုန်းများအရ သိရသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၁ ရက်နှင့် ဒီဇင်ဘာ ၇ ရက် စက်သုံးဆီ စျေးနှုန်းများကို နှိုင်းယှဉ်ပါက တစ်လီတာ ကျပ် ၇၀ စီ ပြန်လည် မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

ဒီဇင်ဘာ ၇ ရက်တွင် ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် ရောင်းချခဲ့သော စျေးနှုန်းမှာ ဒီဇယ် တစ်လီတာ ၆၀၅ ကျပ် (တစ်ဂါလန် ၂၇၅၀ ကျပ်)၊ ပရီမီယံဒီဇယ် တစ်လီတာ ၆၁၅  ကျပ် (တစ်ဂါလန်  ၂၇၉၅ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ၅၆၅ ကျပ် (တစ်ဂါလန် ၂၅၆၈ ကျပ်)၊ အောက်တိန်း 95 Ron တစ်လီတာ ၆၇၅ ကျပ် (တစ်ဂါလန် ၃၀၆၈ ကျပ်) ဖြစ်သည်။

WTI ရေနံစျေးနှုန်းသည် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ၇၆ ဒေါ်လာအထိ မြင့်တက်ခဲ့ပြီးနောက် ရေနံစျေးနှုန်းများ ပြန်လည်ကျဆင်းခဲ့ရာ ဒီဇင်ဘာ ၂၄ ရက်တွင် ၄၂ ဒေါ်လာဝန်းကျင်အထိ ရောက်ခဲ့သည်။ ၂၀၁၉ ခုနစ် ဧပြီ ၂၃ ရက်တွင် ၆၆ ဒေါ်လာအထိ ပြန်တက်ခဲ့သည်။ ထို့နောက် ဇွန် ၁၂ ရက် တွင် ၅၁ ဒေါ်လာအထိ ကျဆင်းခဲ့ပြီး ဇူလိုင် ၁၀ ရက်တွင် ဒေါ်လာ ၆၀ အထက် ပြန်ရောက်ခဲ့ကာ သြဂုတ် ၇ ရက်တွင် ၅၁ ဒေါ်လာအထိ ပြန်ကျခဲ့သည်။ စက်တင်ဘာ ၃ ရက်တွင် ၅၃ ဒေါ်လာဝန်းကျင်အထိ ကျဆင်းခဲ့ပြီး စက်တင်ဘာ ၁၆ ရက်တွင် ၆၂ ဒေါ်လာ ဝန်းကျင်အထိ မြင့်တက်ခဲ့ကာ နိုဝင်ဘာ ၁၉ ရက်တွင် ၅၅ ဒေါ်လာ၊ နိုဝင်ဘာ ၂၉ ရက်တွင် ၅၈ ဒေါ်လာ၊ ဒီဇင်ဘာ ၄ ရက်တွင် ၅၆ ဒေါ်လာ၊ ဇန်နဝါရီ ၈ ရက်တွင် ၆၃ ဒေါ်လာ၊ ဇန်နဝါရီ ၁၅ ရက်တွင် ၅၇ ဒေါ်လာ၊ ဖေဖော်ဝါရီ ၂၂ ရက်တွင် ၅၃ ဒေါ်လာ၊  မတ် ၇ ရက်တွင် ၄၁ ဒေါ်လာရှိ ခဲ့သည်။ မတ် ၁၈ ရက်တွင် ဒေါ်လာ ၂၀ ဝန်းကျင်၊ ဧပြီ ၂၀ ရက်တွင် သုညဒေါ်လာ အောက်အထိ ကျဆင်းခဲ့နောက် ပြန်တက်ခဲ့ရာ ဒီဇင်ဘာ ၇ ရက်တွင် ၄၆ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။

ဒေါ်လာစျေးနှင့် ကမ္ဘာ့ရေနံစျေးနှုန်း အပြိုင်မြင့်တက်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်လမှ အောက်တိုဘာအထိ လေးလကျော်အတွင်း ပြည်တွင်း စက်သုံးဆီစျေးနှုန်း ၂၁ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ပြီး  တစ်လီတာ စံချိန်တင် စျေးနှုန်းများအနေဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် 92 Ron ၁၀၆၅ ကျပ်၊ 95 Ron ၁၁၁၅ ကျပ်၊ ဒီဇယ် ၁၀၉၅ ကျပ်၊ ပရီမီယံဒီဇယ် ၁၁၀၅ ကျပ် အထိ ဖြစ်ပေါ်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှစ၍ မေလအထိ ကမ္ဘာ့ရေနံစျေး ထိုးဆင်းမှုကြောင့် ပြည်တွင်း စျေးကွက်လည်း စက်သုံးဆီစျေးများ လိုက်ပါကျဆင်းခဲ့ပြီး မေ ၁ ရက်တွင် ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် ရောင်းချခဲ့သော စျေးနှုန်းမှာ ဒီဇယ် တစ်လီတာ ၄၃၅ ကျပ် (တစ်ဂါလန် ၁၉၇၇ ကျပ်)၊ ပရီမီယံဒီဇယ် တစ်လီတာ ၄၄၅  ကျပ် (တစ်ဂါလန်  ၂၀၂၂  ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ၃၀၀ ကျပ် (တစ်ဂါလန် ၁၃၆၃ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ  ၄၃၅ ကျပ် (တစ်ဂါလန် ၁၉၇၇ ကျပ်) ဖြစ်သည်။

၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှ လက်ရှိအချိန်အထိ ဖြစ်ပေါ်ခဲ့သော ပြည်တွင်း စက်သုံးဆီ စျေးနှုန်း အတက်အကျများမှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၆ ရက်မှ ၁၉ ရက်အတွင်း တစ်လီတာ ကျပ် ၁၀ မှ ၃၅ ကျပ်အထိ၊ နိုဝင်ဘာ ၂၁ ရက်မှ ၂၉ ရက်အထိ တစ်လီတာ ၂၅ ကျပ်မှ ၃၅ ကျပ်အထိ မြင့်တက်ခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၉ ရက်အထိ တစ်လီတာ ၂၅ ကျပ်အထိ ပြန်ကျခဲ့သည်။ ဒီဇင်ဘာ ၁၃ ရက်မှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၉ ရက်အတွင်း တစ်လီတာ ကျပ် ၂၀ မှ ၃၀ အထိ မြင့်တက်ခဲ့ပြီး ဇန်နဝါရီ ၈ ရက်မှ မေ ၁ ရက်အတွင်း တစ်လီတာ ၅၅၀ ကျပ်မှ ၆၀၅ ကျပ်အထိ ပြန်လည် ကျဆင်းခဲ့သည်။ မေ ၆ ရက်မှ သြဂုတ် ၁၄ ရက်အတွင်း တစ်လီတာ ၁၅၅ ကျပ်မှ ကျပ် ၂၄၀ အထိ ပြန်တက်ခဲ့ပြီး သြဂုတ် ၁၄ ရက်မှ ၁၈ ရက်အတွင်း တစ်လီတာ ၁၅ ကျပ် ပြန်ကျခဲ့ကာ သြဂုတ် ၂၇ ရက်တွင် တစ်လီတာ ကျပ် ၁၀ ပြန်လည် မြင့်တက်ခဲ့သည်။ စက်တင်ဘာ ၈ ရက်မှ ၁၀ ရက်အတွင်း တစ်လီတာ ကျပ် ၂၀၊  စက်တင်ဘာ ၁၁ ရက်မှ နိုဝင်ဘာ ၄ ရက်အတွင်း  တစ်လီတာ ကျပ် ၁၀ မှ ကျပ် ၃၀ အထိ ပြန်လည် ကျဆင်းခဲ့ကာ နိုဝင်ဘာ ၁၁  ရက်မှ ဒီဇင်ဘာ ၇ ရက်အတွင်း တစ်လီတာ ကျပ် ၇၀ စီ ပြန်လည် မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်းစျေးကွက်တွင် ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်တွင် ဖြစ်ပေါ်သော စက်သုံးဆီ လက်လီစျေးများမှာ ဒီဇယ် တစ်လီတာ ကျပ် ၅၀၀ (တစ်ဂါလန် ၂၂၇၀ ကျပ်) ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၅၄၀ (တစ်ဂါလန် ၂၄၅၁ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ  ကျပ် ၅၅၀ (တစ်ဂါလန် ၂၄၉၇ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၆၅၀ ကျပ် (တစ်ဂါလန် ၂၉၅၁ ကျပ်) ဖြစ်သည်။


READ NEXT
Cancel OK