ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံစက်မှုဇုန်ရှိ CK Garment Factory အထည်ချုပ်လုပ်ငန်းရှင်သည် အလုပ်သမားများထံမှ လူမှုဖူလုံရေးကြေးများကို လစဉ်ငွေကျပ် ၂၆၀၀ ဖြတ် တောက်ခဲ့သော်လည်း အစိုးရသို့ လူမှုဖူလုံရေးကြေး ပေးသွင်းခြင်း မရှိသောကြောင့် အလုပ်သမားဝန်ကြီးဌာနသို့ တိုင်ကြားထားကြောင်း သိရသည်။
“နေပြည်တော်က အလုပ်သမားဝန်ကြီး နဲ့ ရန်ကုန်က အလုပ်သမားဝန်ကြီးကို စာတင်ပြီး တိုင်ကြားထားတယ်။ လူမှုဖူလုံရေး ညွှန်ချုပ်ကိုလည်း တိုင်ထားတယ်” ဟု အလုပ်သမားအချင်းချင်း ရိုင်းပင်းကူညီရေးအဖွဲ့ (LEHO) မှ ဦးဆောင်အဖွဲ့ဝင် ဒေါ်နန်းစိုးက ပြောကြားသည်။
အဆိုပါ CK Garment Factory စက်ရုံ သည် စက်တင်ဘာလမှ စတင်၍ လုပ်ခလစာ များကို အပြည့်အဝပေးခြင်းမရှိပဲ သက်ဆိုင်ရာဌာနများသို့ တိုင်ကြားစာပို့သောအခါတွင် မှ စက်ရုံလုပ်သားအချို့အား လစာခေါ်ပေးမှုများ ပြုလုပ်လျက်ရှိသည်ဟု ဒေါ်နန်းစိုးက ဆက်လက် ပြောကြားခဲ့သည်။
“လူမှုဖူလုံရေးကြေး ရာခိုင်နှုန်း ၄၀ မရ ရှိတာနဲ့ ဖူလုံရေးကြေး ဖြတ်ထားတာတွေကို တိုင်ထားတယ်။ ပြီးတော့ ကိုးလပိုင်းကစပြီး လစာကို အပြည့်အဝ မပေးတာတွေကိုလည်း အခကြေးငွေပေးချေရေးရုံးကို သွားတိုင်ထား တယ်။ သီတင်းကျွတ်ပိတ်ရက်တွေမှာလည်း အိုတီခေါ်ပြီး အိုတီကြေး ထည့်မပေးဘူး။ အခုလိုတွေတိုင်တဲ့အခါကျတော့ အရင်လတွေက ကျန်တဲ့လစာတွေကို တချို့အလုပ်သမားတွေကို ခေါ်ပေးတယ်။ ဒါပေမဲ့ အလုပ်သမားအကုန်လုံးကို ခေါ်ပေးတာ မဟုတ်ဘူး ။ တိုင်တဲ့အခါကျမှ ဟိုလူခေါ်ပေး ဒီလူခေါ်ပေး လုပ်နေတယ်” ဟု ဒေါ်နန်းစိုးက ဆိုသည်။
လစဉ်လတိုင်း လူမှုဖူလုံရေးကြေးများ အဖြတ်ခံရေသာ်လည်း ဖူလုံရေးအကျိုး ခံစားခွင့် တစ်ကြိမ်မျှ ရရှိခြင်း မရှိသေးကြောင်း CK Garment Factory စက်ရုံလုပ်သား တစ်ဦးက ဆိုသည်။
“လစာက တစ်ခါတလေ လကုန်ပြီး ဆယ်ငါးရက်လောက်မှ ရတယ်။ ရတော့ လည်း တစ်လလုံးကိုမှ ငါးသောင်းကျော် ခြောက်သောင်းလောက်ပဲ ရကြတယ်။ ဖူလုံရေးကျတော့လည်း တစ်ခါမှ မရဖူး။ ကိုယ့်ဆီ ကကျတော့ လတိုင်း ဖူလုံကြေး အဖြတ်ခံရတယ်။ သူတို့ဆီက ရတဲ့လစာက အိမ်လစာ ပေးဖို့လောက်ပဲရှိတယ်။ စားဖို့သောက်ဖို့ကျ တော့ ဘယ်လို လုပ်ရမလဲ။ အခုဆို လိုင်းပေါ်က ကူညီပေးတယ်ဆိုတဲ့ ဖုန်းကိုဆက်ပြီး အစားအသောက် အကူအညီတောင်းနေရ တယ်” ဟု CK Garment Factory စက်ရုံ လုပ်သား ဒေါ်အေးအေးကြူက ပြောကြားသည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား