Top News

COVID-19 ကာကွယ်ဆေး ထိုးပြီးနောက် နောက်ဆက်တွဲဖြစ်ရပ်များ နည်းပါးခြင်း၊ ရောဂါ ကာကွယ်နိုင်သည့် ကာလကြာရှည်ခြင်း၊ နိုင်ငံ၏ ကျန်းမာရေးစနစ် အရင်းအမြစ်များနှင့် ကိုက်ညီသည့် ဆေးကိုသာ ရွေးချယ်မည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား
24htopnews | November 1, 2024 5:12 PM CST

မြန်မာနိုင်ငံအနေဖြင့် COVID-19 ကာကွယ်ဆေးရွေးချယ်ရာတွင် ကာကွယ်ဆေးထိုးပြီး ချက်ချင်းနှင့်အချိန်အတန်ကြာမှ ဖြစ်ပွားသော နောက်ဆက်တွဲဖြစ်ရပ်များ နည်းပါးခြင်း၊ အာနိသင်စွမ်းရည်ထက်မြက်ပြီး ရောဂါကာကွယ်နိုင်သည့် ကာလကြာရှည်ခြင်း၊ ကာကွယ်ဆေးထိုးနှံရမည့် အကြိမ်ရေနည်းခြင်း၊ နိုင်ငံကျန်းမာရေးစနစ် အရင်းအမြစ်နှင့် ကိုက်ညီခြင်း၊ လိုအပ်သည့် ပမာဏကို စောစီးစွာ ရရှိနိုင်ခြင်း အစရှိသည့်အ ချက်များအပေါ် မူတည်ကာ စဉ်းစားဆုံးဖြတ် သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး က ပြောကြားသည်။

ဒီဇင်ဘာ ၅ ရက်က နေပြည်တော်၌ ပြု လုပ်သည့်  မြန်မာနိုင်ငံ COVID-19 ကာကွယ်ဆေးစီမံချက်အတွက်  COVID-19 ကာကွယ်ဆေးလုပ်ငန်း ပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ထိုကဲ့သို့ ပြောကြားထားသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် COVID-19 ကာကွယ်ဆေး ရရှိထိုးနှံနိုင်ရေးအတွက် ကော်မတီနှင့်လုပ်ငန်းအဖွဲ့များဖွဲ့စည်းကာ ပညာရှင်ကြီးများနှင့် တိုင်ပင်ဆွေးနွေးခြင်း၊ နိုင်ငံတကာ COVID-19 ကာကွယ်ဆေး သုတေသန စမ်းသပ်မှု သတင်းများကို တရားဝင်လမ်းကြောင်းများမှ မျက်ခြည်မပြတ်စုံစမ်းခြင်း၊ Gavi ၊ The Vaccine Alliance အဖွဲ့နှင့် ချိတ်ဆက်ကာ COVAX Facility မှတစ်ဆင့် ကာကွယ် ဆေးရရှိနိုင်ရေး ဆောင်ရွက်ခြင်း၊  COVID-19 ကာကွယ်ဆေးထိုးနှံရန်အတွက် လိုအပ်သည့် ပြင်ဆင်မှုများ အသင့်ဖြစ်မှု အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ အသေး စိတ် ဆန်းစစ်ထားရှိခြင်း၊ COVAX Facility မှ GAVI ၊ The Vaccine Alliance ၏ ပံ့ပိုးမှု အပြင် ထပ်မံဝယ်ယူရရှိနိုင်မှု၊ နှစ်နိုင်ငံသဘော တူညီချက်ဖြင့် ဝယ် ယူရရှိနိုင်မှုနှင့် ပုဂ္ဂလိက  ကာကွယ်ဆေးထုတ်လုပ်သူများထံမှ တိုက် ရိုက်ဝယ်ယူနိုင်မည့်အခြေအနေများကို ဆန်းစစ်သုံးသပ်လျက်ရှိခြင်းနှင့် COVID-19 ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများအတွက် ဘဏ္ဍာရေးဆိုင်ရာ ခန့်မှန်းတွက်ချက်ခြင်းတို့ ကို လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း စသည်တို့ကို ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ယခုအခါ အချို့နိုင်ငံများ၌ COVID-19 ကာကွယ်ဆေးအမျိုးမျိုးကို စတင်ထိုးနှံတော့မည်ဖြစ်သည့်အတွက် မိမိတို့အနေဖြင့် ကာကွယ်ဆေး၏ ချက်ချင်းဘေးထွက်ဆိုးကျိုးနှင့် ရက်အတော်ကြာမှ ဖြစ်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုးတို့ကိုလည်း သိရှိနိုင်မည် ဖြစ်ကြောင်း၊ အထူးသဖြင့် အဆိုပါ COVID-19 ကာကွယ်ဆေးအချို့မှာ ကမ္ဘာ၌ ယခင်က တစ်ကြိမ်တစ်ခါမျှ အသုံးပြုခြင်းမရှိသေး သည့်ပုံစံဖြင့် ထုတ်လုပ်ထားသည့်အတွက် မိမိတို့သည် သတင်းထောက်လှမ်း၍ အမြဲတမ်း သုံးသပ်မည်ဖြစ်ကြောင်းနှင့် ဤကာကွယ်ဆေးသည် လက်တွေ့တွင် မည်သည့် အချိန်အတိုင်းအတာကာလအထိ ကာကွယ် မှုပေးနိုင်မည်ကိုလည်း ဆက်လက်လေ့လာ သုံးသပ်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားသည်။

ပြည်သူများအနေဖြင့် အထူးသတိပြု အလေးထားရမည်မှာ ကမ္ဘာ့နိုင်ငံအားလုံးမှ COVID-19 ကာကွယ်ဆေးကို အပြိုင်အ ဆိုင်ဝယ်ယူရန် ကြိုးစားလျက်ရှိခြင်း၊   COVAX အစီအစဉ်ဖြင့် မိမိတို့နိုင်ငံအတွက် COVID-19 ကာကွယ်ဆေးရရှိမည့် အရေ အတွက်မှာ ဃဥဠဗဌ အစီအစဉ်နှင့် အကျုံး ဝင်သည့် ၉၂ နိုင်ငံနှင့် အချိုးကျ မျှဝေရရှိမည် ဖြစ်ခြင်း၊ COVID-19 ကာကွယ်ဆေးကို တစ်လုံးတစ်ခဲတည်းမဟုတ်ဘဲ အသုတ် လိုက်ခွဲရမည်ဖြစ်ခြင်း၊ မိမိတို့မြန်မာနိုင်ငံ အနေဖြင့်လည်း နိုင်ငံတစ်ဝန်းရှိပြည်သူများ အားလုံးကို COVID-19 ကာကွယ်ဆေးထိုးနှံ လွှမ်းခြုံနိုင်ရန်မှာ ကာကွယ်ဆေးရရှိမှု ပမာဏအပေါ်မူတည်၍ ဆောင်ရွက်ရမည်ဖြစ် သဖြင့် လူထုအတွင်း လုံလောက်သောရောဂါ ခုခံကာကွယ်နိုင်မှုပမာဏအင်အား (herd immunity ) ကို အချိန်တိုအတွင်း ရရှိနိုင်ရန် ခက်ခဲခြင်းတို့ကြောင့် COVID-19 ကာကွယ်ရေး စည်းကမ်းများကို လုံးဝပေါ့ဆမှုမရှိဘဲ အထူးအလေးထား၍ လပေါင်းများစွာဆက်လက် လိုက်နာဆောင်ရွက်ခြင်းသည် အကောင်း ဆုံးသော ရောဂါကာကွယ်မှုဖြစ်သည်’ဆိုသည့် အချက်ပင်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။


READ NEXT
Cancel OK