အဓမ္မပြုကျင့်မှုဖြင့် ထောင်ဒဏ်ကျခံရမည့် ဒန်နီအဲလ်ဗတ်စ်က နစ်နာသူအမျိုးသမီးထံပေးရမည့် ဒဏ်ကြေးယူရိုတစ်သိန်းခွဲကို ဘရာဇီးလ်အသင်းဖော်ဟောင်း နေမာက ကူညီပေးအပ်ခဲ့ကြောင်း သိရသည်။
အသက် ၄၀ ရှိပြီဖြစ်သည့် ဘရာဇီးလ်နောက်ခံလူဟောင်း အဲလ်ဗတ်စ်သည် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်မှုစွဲချက်အတွက် အပြစ်ရှိကြောင်း စပိန်တရားရုံးက ဖေဖော်ဝါရီ ၂၂ ရက်တွင် အမိန့်ချမှတ်ခဲ့ပြီး ထောင် ဒဏ်လေးနှစ်ခွဲကျခံရမည့်အပြင် နစ်နာသူ အမျိုးသမီးအား ယူရိုတစ်သိန်းခွဲပေးအပ်ရမည်ဖြစ်သည်။
ယင်းဒဏ်ကြေးကို နေမာ၏ မိသားစုက ကူညီပေးအပ်ခဲ့ကြောင်း ဘရာဇီးလ်မီဒီယာများစွာက ဖော်ပြခဲ့ကြသည်။ နေမာနှင့် အဲလ်ဗတ်စ်သည် ဘရာဇီးလ်လက်ရွေးစင်အသင်းအပြင် ဘာစီလိုနာနှင့် PSG အသင်းတွင်လည်း အတူတွဲဖက်ကစားခဲ့ဖူးသူများဖြစ်သည်။ ဘရာဇီးလ်နိုင်ငံ၏ အာဏာရ အလုပ်သမားပါတီ (PT) ဥက္ကဋ္ဌ ဟော့ဖ်မန်း ကမူ အဲလ်ဗတ်စ်အတွက် နေမာ၏ကူညီမှုကို ဝေဖန်ပြစ်တင်ခဲ့သည်။
အဲလ်ဗတ်စ်သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်က ဘာစီလိုနာမြို့ရှိ နိုက်ကလပ်တစ်ခုတွင် အမျိုးသမီးတစ်ဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၀ ရက်ကတည်းက အာမခံမရဘဲ ဖမ်းဆီးခံထားရခြင်းဖြစ်သည်။ အဲလ်ဗတ်စ်က အဓမ္မပြုကျင့်မှုစွပ်စွဲချက်ကို ငြင်းဆန်ခဲ့ပြီး နှစ်ဦးသဘောတူ ပြုမူခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
၎င်းအနေဖြင့် ထောင်ဒဏ် ကိုးနှစ်မှ ၁၂ နှစ်အထိ ကျခံရနိုင်သော်လည်း တရားရုံးက လေးနှစ်ခွဲသာချမှတ်ခဲ့ခြင်းဖြစ်သည်။ အဲလ်ဗတ်စ်၏ရှေ့နေကမူ ယခုပြစ်ဒဏ်အတွက် အယူခံဝင်မည်ဖြစ်ကြောင်း တုံ့ပြန်ပြောကြားထားသည်။
-
ဂွါဒီယိုလာကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် ဆက်သွယ်ခြင်းမရှိဟု ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ငြင်းဆန်
-
■ နည်းပြသစ် အာမိုရင်မ် မန်ယူအသင်းသို့ ရောက်ရှိလာခဲ့ပြီး နစ္စတယ်ရွိုင်းအပါအဝင် အခြားနည်းပြအဖွဲ့ဝင်များ မန်ယူအသင်းနှင့် လမ်းခွဲ
-
■ ရိုးမားအသင်း နည်းပြသစ်အဖြစ် မန်ချီနီ၊ လမ်းပတ်၊ ပေါ်လိုဆိုဆာနှင့် တယ်ဇစ်တို့ ရေပန်းစားနေ
-
ဘရာဇီးလ်နောက်ခံလူဟောင်း ဖိလစ်ပီလူးဝစ် နည်းပြဘဝ ပထမဆုံးဖလား ဆွတ်ခူး
-
ဗြိတိန်တွင် mpox ရောဂါ ကူးစက်မှုဖြစ်စဉ်အသစ် လေးခုတွေ့ရှိ