AFC Challenge League ပြိုင်ပွဲ ရမှတ် (၃)မှတ်စီဖြင့် ဗိုလ်လုပွဲယှဥ်ပြိုင်ကစားရမည့် ရှမ်းယူနိုက်တက်နှင့် တိုင်နန်စီးတီးအသင်းတို့ လာမည့် နိုဝင်လာ (၂)ရက်နေ့ ညနေပိုင်းအချိန်၌ ရန်ကုန်မြို့သုဝဏ္ဏအားကစားကွင်းအတွင်း ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် (၃) သင်းအုပ်စုပတ်လည် AFC Challenge League ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းက YOUNG ELEPHANTS အသင်းကို (၂)ဂိုးပြတ်ဖြင့် အနိုင်ရရှိကာ ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်ထားသည်။
“ကျွန်တော်တို့ ရှမ်းယူနိုက်တက် အသင်းက ကိုယ့်မြေကိုယ့်ရေ ကိုယ့်ပရိသတ်ရှေ့မှာ တိုင်နန်စီးတီးကိုအနိုင်ကစားဖို့ ကြိုးစားနေပါတယ်။ ပရိသတ်ကြီး လာရောက်အားပေးကြပါဦး ခင်ဗျာ”ဟု အသင်းက အသိပေးထုတ်ပြန်ထားသည်။
အာရှဘောလုံးအဖွဲ့ချုပ် ကလပ်အသင်းများပြိုင်ပွဲ( AFC Challenge League 2024 )ကို မြန်မာ၊ လာအို၊ တိုင်ပေ သုံးသင်းအုပ်စု ပတ်လည် ယှဉ်ပြိုင်ကစားနေကြခြင်းဖြစ်သည်။
ရှမ်းယူနိုက်တက်အသင်းကို ရှုံးနိမ့်ထားသည့် YOUNG ELE PHANTS FC နှင့် TAINAN CITY FC တို့ အောက်တိုဘာ (၃၀) ရက်က ယှဉ်ပြိုင်ကစားသည့် ပွဲစဉ်တွင် TAINAN CITY FC က (၃) ဂိုး(၂) ဂိုးဖြင့် အနိုင်ရရှိထားသည်။
ပုံစာ- ရှမ်းယူနိုက်တက်အသင်းနှင့် YOUNG ELEPHANTS အသင်းတို့၏ ပုံရိပ်အချို့
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား