အီကွေဒေါနိုင်ငံရှိ အကျဉ်းထောင်တစ်ခုတွင် ညအချိန် ပြိုင်ဖက်လူဆိုးဂိုဏ်းများမှ အကျဉ်းသားများက သေနတ်များ၊ ဖောက်ခွဲရေးပစ္စည်းများ၊ ဓားများဖြင့် အပြန်အလှန် တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး ၆၈ ဦး သေဆုံးပြီး နှစ်ဒါဇင်ကျော် ဒဏ်ရာရရှိခဲ့ ကြောင်း တာဝန်ရှိသူများက နိုဝင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။ ပြီးခဲ့သည့် စက် တင်ဘာလကလည်း အဆိုပါ အကျဉ်းထောင် $ပင် ထောင်ဆူမှု ဖြစ်ပွားခဲ့ရာ လူပေါင်း ၁၁၉ ဦး သေဆုံးခဲ့သည်။
ဂွိုင်ယာကွီမြို့ရှိ အဆိုပါ အကျဉ်းထောင်ကို ရက်အတန်ကြာအတွင်း ဒုတိယအကြိမ် ပြန်လည်ထိန်းချုပ် နိုင်ခဲ့ပြီဖြစ်ကြောင်း အာဏာပိုင်များက နိုဝင်ဘာ ၁၃ ရက် နှောင်းပိုင်း တွင် ပြောကြားခဲ့သည်။
အဆိုပါနေ့ အစောပိုင်းတွင် မူးယစ်မှောင်ခို ဂိုဏ်းများနှင့် ဆက် နွှယ်နေသည့် ပြိုင်ဖက်လူဆိုးဂိုဏ်းဝင် အ ကျဉ်းသားများအကြား ရန်ပွဲဖြစ်ပွားခဲ့ကြောင်း သမ္မတ ဂွီလာမို လက်ဆို၏ ပြောခွင့်ရက ပြော ကြားခဲ့ပြီးနောက်တွင်း ယင်းကဲ့သို့ ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။
ကနဦး အဓိကရုဏ်း ဖြစ်စဉ်သည် နိုဝင် ဘာ ၁၂ ရက် ညပိုင်းတွင် စတင်ဖြစ်ပွားခဲ့ပြီး အကျဉ်းသားအချင်းချင်း ရက်စက်စွာ တိုက် ခိုက်ခဲ့ကြသည်ဟု အဆိုပါအကျဉ်းထောင် တည်ရှိရာ ဂွာယက်စ်ပြည်နယ်၏ အုပ်ချုပ်ရေး မှူး ပတ်ဘလို အာရိုစ်မီနာက ပြောသည်။
ဒေသစံတော်ချိန် ည ခုနစ်နာရီတွင် အ ဓိကရုဏ်း စတင်ဖြစ်ပွားခဲ့ပြီး လူဆိုးဂိုဏ်းတစ် ဂိုဏ်းမှ အကျဉ်းသားများက သေနတ်များဖြင့် ပစ်ခတ်ခြင်း၊ ဖောက်ခွဲရေးပစ္စည်းများဖြင့် ဖောက်ခွဲခြင်းနှင့် ဓားများဝှေ့ယမ်းကိုင် ဆောင်ကာ ပြိုင်ဖက်ဂိုဏ်းမှ အကျဉ်းသားများရှိသည့် အဆောက်အအုံထဲသို့ ဝင် ရောက်ရန် ကြိုးပမ်းခဲ့သည်ဟု သိရသည်။
အဆိုပါဖြစ်စဉ်အတွင်း အကျဉ်းသား ၆၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ် ၂၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အီကွေဒေါ အစိုး ရရှေ့နေရုံးက တွစ်တာတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဒုတိယအကြိမ် အဓိကရုဏ်း ဖြစ်ပွားမှု သည် နိုဝင်ဘာ ၁၃ ရက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အခြားအဆောင် နှစ်ခုမှ အကျဉ်းသား များအကြား အပြန်အလှန် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သမ္မတ၏ပြောခွင့်ရ ကားလို့စ် ဂျီဂျွန်က ပြောသည်။ ထို့နောက်တွင် အကျဉ်းထောင်ထဲသို့ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာခဲ့ ပြီး အခြေအနေကို ထိန်းချုပ်နိုင်ခဲ့သည်ဟု လည်း ၎င်းက အတည်ပြုခဲ့သည်။
တီဂွါရိုနက်စ်ဟု အမည်ရသော လူဆိုး ဂိုဏ်း၏ ခေါင်းဆောင်မှာ ပြစ်ဒဏ်ကျခံပြီး ပြန်လွတ်မြောက်သွားချိန်တွင် တစ်ဖက် လူ ဆိုးဂိုဏ်းမှ ၎င်းင်းအားနည်းချက်ကို အသုံးချ ကာ ဝင်ရောက်တိုက်ခိုက်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ သူတို့၏ ရည်ရွယ် ချက်သည် ပြိုင်ဖက်ဂိုဏ်းသားများကို အလုံးစုံ တိိုက်ခိုက်သတ်ဖြတ်ရန် ဖြစ်သည်ဟု ပြည် နယ်အုပ်ချုပ်ရေးမှူး အာရိုစ်မီနာက ပြော သည်။
နိိုဝင်ဘာ ၁၃ ရက် အစောပိုင်းတွင် အဓိ ကရုဏ်းနှိမ်နှင်းရေး ဝတ်စုံများ ဝတ်ဆင်ထား သည့် ရဲတပ်ဖွဲ့ဝင်များက သွေးစွန်းနေသည့် အကျဉ်းထောင် နံရံများပေါ်သို့ တွယ်တက် နေပုံနှင့် သံဆူးကြိုးများ ကာရံထားသည့် အ ကျဉ်းထောင် ခေါင်မိုးပေါ်တွင် တွဲလောင်း ဖြစ်နေသည့် အကျဉ်းသားတစ်ဦး၏ ရုပ်အ လောင်းကိုလည်း မြင်တွေ့ရသည်ဟုဆိုသည်။
အီကွေဒေါနိုင်ငံ၏ အကျဉ်းထောင်များတွင် မူးယစ်ဂိုဏ်းများနှင့် ဆက်နွှယ်နေသော ထောင်နှင့်ချီသည့် အကျဉ်းသားများအကြား ခိုက်ရန်ဖြစ်ပွားမှုနှင့် အဓိကရုဏ်း ဖြစ်ပွားမှု များဖြစ်ပေါ်ခဲ့ပြီး ယခုနှစ်အတွင်း အကျဉ်း သား ၃၀၀ ကျော် သေဆုံးခဲ့သည်။Ref: AFP
-
မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး အား (၃၅) ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ရက်လုပ်ကပ်ပူဇော်
-
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်တွင် Eleven Media Group မိသားစုက ခုနစ်ကြိမ်မြောက် ကထိန်အလှူတော် ပြုလုပ်
-
■ ဘွန်ဒစ်လီဂါကလပ် ဆန့်ပေါ်လီအသင်း လူမှုကွန်ရက် X မှ နုတ်ထွက်
-
■ မန်ယူတိုက်စစ်မှူးဟောင်း ဖော်လန် ဥရုဂွေးအိုးပင်း ပရိုတင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့
-
■ ကူဒူစ်ကို အနည်းဆုံးပေါင်(၈၅)သန်းရမှ ဝက်စ်ဟမ်းအသင်း ရောင်းမည်