တရုတ်တွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ ဖြစ်ပွားနေသည့် နေရာဒေသများထက် ကူးစက်မှုနှုန်း ပိုမိုမြန်ဆန်နေသည့် နိုင်ငံအရှေ့မြောက်ပိုင်းရှိ တလျန်မြို့၏ အချို့နေရာဒေသများတွင် ဒေသခံများကို အဝင်၊ အထွက် တားမြစ်ကန့်သတ်ချက်များ ချမှတ်ထားမှုနှင့်အတူ အလွန်ကူးစက်မြန်သည့် ဒယ်တာမျိုးကွဲဗိုင်းရပ်စ်ကြောင့် အကြီးမားဆုံး COVID-19 ရောဂါဖြစ်ပွားမှုကို ရင်ဆိုင်နေရသည်။
တရုတ်တွင် အောက်တိုဘာ ၁၇ ရက်မှ နိုဝင်ဘာ ၁၄ ရက်အတွင်း ဒယ်တာမျိုးကွဲဗိုင်းရပ်စ် ပြည်တွင်းကူးစက်မှုကြောင့် ရောဂါလက္ခဏာပြသည့် လူနာစုစုပေါင်း ၁,၃၀၈ ဦးရှိပြီး နွေရာသီက ဖြစ်ပွားခဲ့သည့် ဒယ်တာမျိုးကွဲ ပြည်တွင်းကူးစက်ခံရသူအရေအတွက် ၁,၂၈၀ ဦးထက် ပိုမိုကျော်လွန်သွားခဲ့သည်ဟု တရားဝင်ထုတ်ပြန်သည့် အချက်အလက်များကို အခြေခံပြီး ရိုက်တာသတင်းဌာန၏ တွက်ချက်မှုများတွင် ဖော်ပြခဲ့သည်။
ထို့ကြောင့် ယခုနောက်ဆုံးဖြစ်ပွားသည့် ဖြစ်စဉ်သည် တရုတ်၏ ပြည်နယ်နှင့်ဒေသ ၂၁ ခုတွင် ဖြစ်ပွားနေသည့် ဒယ်တာမျိုးကွဲဗိုင်းရပ်စ်ကူးစက်မှု အကြီးဆုံးဖြစ်စဉ် ဖြစ်ခဲ့သည်။
ယင်းကူးစက်မှုအရေအတွက်သည် အခြားနိုင်ငံများတွင် ဖြစ်ပွားနေသည့်ဒယ်တာ မျိုးကွဲကူးစက်မှုများနှင့် နှိုင်းယှဉ်လျှင် နည်းပါးသည့် အနေအထားတွင် ရှိနေသော်လည်း တရုတ်အာဏာပိုင်များသည် ကပ်ရောဂါနှင့် ပတ်သက်ပြီး အမှားအယွင်းမခံသည့် လမ်းညွှန်ချက်အောက်တွင် ယင်းမျိုးကွဲဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုများကို ကာကွယ်တားဆီးရန် အပူတပြင်းလုပ်ဆောင်လျက်ရှိသည်။
ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ပြည်နယ်အဆင့်ဒေသများတွင် ရောဂါကူးစက်မှုအန္တရာယ်များ မြင့်တက်နေသည့် နေရာများ၌ ကူးစက်မှုများနှင့် ထိတွေ့မှုများကို ခြေရာခံစစ်ဆေးမှုများ၊ ဖျော်ဖြေရေးနှင့် ယဉ်ကျေးမှုနေရာများကို ပိတ်ပင်မှုများနှင့် ခရီးသွားလာရေးနှင့်အများပြည်သူ သယ်ယူပို့ ဆောင်ရေးများတွင် ကန့်သတ်ချက်များကို တင်းကျပ်စွာ လုပ်ဆောင်ခဲ့မှုများအပါအဝင် ကပ်ရောဂါဆိုင်ရာ တားမြစ်ကန့်သတ်ချက်များကို လျင်မြန်စွာ ပြဋ္ဌာန်းခဲ့သဖြင့် မြင့်တက်နေသည့် ရောဂါကူးစက်မှုများကို ထိန်းချုပ်နိုင်ခဲ့သည်။
မည်သို့ပင်ဆိုစေ နိုင်ငံအရှေ့မြောက်ပိုင်း တလျန်မြို့တွင် ဗိုင်းရပ်စ်ကူးစက်မှုများကို ရင်ဆိုင်နေရပြီး မြို့ကို အဝင်၊အထွက် ပိတ် ပင်ထားသည်ဟု အမျိုးသားကျန်းမာရေး ကောင်မရှင်မှ အရာရှိတစ်ဦးဖြစ်သူ ဝူလျန်ယူက နိုဝင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
နိုဝင်ဘာ ၄ ရက်က တလျန်မြို့တွင် ရောဂါလက္ခဏာပြလူနာများကို တွေ့ရှိခဲ့ပြီးနောက် ယခုနောက်ဆုံးရောဂါကူူးစက်မှု ဖြစ်ပွားလာခြင်းဖြစ်ပြီး လူဦးရေ ၇.၅ သန်းနေထိုင်သည့် ယင်းမြို့တွင် နေ့အလိုက် ရောဂါကူးစက်ခံရသူသစ် ၂၄ ဦးခန့် ပျမ်းမျှရှိခဲ့ကာ ယင်းအရေအတွက်သည် တရုတ်၏ အခြားမြို့များထက် ကူးစက်မှုပိုမိုများပြားနေသည်ဟု ရိုက်တာ၏ တွက်ချက်မှုများတွင် ဖော်ပြခဲ့သည်။
တလျန်မြို့အနီးရှိ တန်တုံ၊ အန်ရှန်နှင့် ရှန်ယန်းမြို့များ အပါအဝင် မြို့အနည်းငယ်တွင် တလျန်မြို့မှ ဝင်ရောက်လာသူများကို ၁၄ ရက်ကြာ ကွာရန်တင်းဝင်စေပြီးမှ လွတ်လပ်စွာ သွားလာခွင့်ပြုခဲ့သည်။
နိုဝင်ဘာ ၁၄ ရက်အထိ တရုတ်တွင် ရောဂါလက္ခဏာပြ ကိုဗစ်လူနာစုစုပေါင်း ၉၈,၃၁၅ ဦးရှိခဲ့ပြီး သေဆုံးသူစုစုပေါင်း ၄,၆၃၆ ဦးရှိခဲ့သည်။
-
မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး အား (၃၅) ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ရက်လုပ်ကပ်ပူဇော်
-
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်တွင် Eleven Media Group မိသားစုက ခုနစ်ကြိမ်မြောက် ကထိန်အလှူတော် ပြုလုပ်
-
■ ဘွန်ဒစ်လီဂါကလပ် ဆန့်ပေါ်လီအသင်း လူမှုကွန်ရက် X မှ နုတ်ထွက်
-
■ မန်ယူတိုက်စစ်မှူးဟောင်း ဖော်လန် ဥရုဂွေးအိုးပင်း ပရိုတင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့
-
■ ကူဒူစ်ကို အနည်းဆုံးပေါင်(၈၅)သန်းရမှ ဝက်စ်ဟမ်းအသင်း ရောင်းမည်