အသင်းတိုက်စစ်ကစားသမား ဗင်နီစီယပ်စ် ဆုမရသဖြင့် Ballon d'Or ဆုပေးပွဲကိုတက်ရောက်ခြင်းမရှိဘဲ သပိတ်မှောက်ခဲ့သည့် ရီးယဲလ်မက်ဒရစ်အသင်း၏လုပ်ရပ်မှာ အဆင့်အတန်းမရှိသည့်လုပ်ရပ်ဖြစ်ကြောင်း လာလီဂါဥက္ကဋ္ဌဖြစ်သူ တီဘက်စ်က ပြင်းပြင်းထန်ထန်ဝေဖန်ပြောကြားခဲ့သည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် ကနဦးက အသင်းတိုက်စစ်ကစားသမား ဗင်နီစီယပ်စ် ဆုရမည်အထင်ဖြင့် အောက်တိုဘာ (၂၈) ရက်(တနင်္လာနေ့)က ပါရီမြို့တွင် ကျင်းပခဲ့သည့် Ballon d'Or ဆုပေးပွဲကို လူအယောက် (၅၀) အထိ တက်ရောက်ရန် ပြင်ဆင်ခဲ့ကြောင်း သိရသည်။
သို့သော် ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် ၂၀၂၄ Ballon d'Or ဆုပေးပွဲအတွက် ပြင်သစ်နိုင်ငံ၊ ပါရီမြို့သို့ထွက်ခွာရန် ပြင်ဆင်နေချိန်တွင် မန်စီးတီးကွင်းလယ်ကစားသမား ရိုဒရီက ဗင်နီစီယပ်စ်ကိုကျော်ကာ ဆုရမည်ဟု သိရှိခဲ့ရသည်။
ယင်းနောက် ရီးယဲလ်ဥက္ကဋ္ဌ ပီရက်ဇ်က ၂၀၂၄ Ballon d'Or ဆုပေးပွဲသို့ တက်ရောက်မည့်အစီအစဉ်ကို ချက်ချင်းဖျက်ပစ်ခဲ့ပြီး ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ရီးယဲလ်အသင်း၏ ထုတ်ပြန်ချက်တွင် ''ဆုရွေးချယ်သည့် သတ်မှတ်ချက်အရ ဗင်နီစီယပ်စ် ဆုမရလျှင် ကာဗာဟယ်လ်က ဆုရသင့်ကြောင်း၊ သို့သော် ယင်းသို့ဖြစ်မလာကြောင်း၊ Ballon d'Or နှင့် UEFA က ရီးယဲလ်အသင်းကို လေးစားမှုမရှိကြောင်းနှင့် ရီးယဲလ်အသင်းအနေဖြင့် ၎င်းတို့အား လေးစားမရှိသည့်နေရာသို့ မသွားကြောင်း'' ဖော်ပြပါရှိသည်။
ယခုအခါ လာလီဂါဥက္ကဋ္ဌ တီဘက်စ်က ရီးယဲလ်အသင်းအနေဖြင့် အရှုံးကို လက်ခံပြီး လူကြီးလူကောင်းဆန်သင့်ကြောင်းနှင့် ယခုလုပ်ရပ်မှာ အဆင့်အတန်းမရှိသည့်လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်ပြောကြားခဲ့ခြင်းဖြစ်သည်။
တီဘက်စ်က ''ကျွန်တော် ရီးယဲလ်ပရိသတ်ပါ။ အရေးကြီးဆုံးက အသင်းရဲ့ ဂုဏ်သိက္ခာပါပဲ။ ရှုံးနိမ့်ချိန်မှာ လူကြီးလူကောင်းပီသစွာ လက်ဆွဲနှုတ်ဆက်နိုင်ဖို့ လိုပါတယ်။ ရီးယဲလ်အသင်းက အဲဒီလိုစိတ်ဓာတ်မျိုး ပျောက်သွားခဲ့တာ အတော်ကြာပြီ ထင်ပါတယ်။ သူတို့ ဆုပေးပွဲကိုသွားသင့်တယ်။ ဂျာနယ်လစ်အယောက် (၁၀၀)က မဲပေးပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ ပြင်သစ်ဘောလုံးမဂ္ဂဇင်းရဲ့စနစ်ကိုလည်း သူတို့ မဝေဖန်သင့်ဘူး။ ရီးယဲလ်အသင်းက ဒီနေရာမှာ နစ်နာသူမဟုတ်ပါဘူး။ သူတို့က ပုံကြီးချဲ့နေတာပါ။ သူတို့ ဘာလုပ်နေလဲ မသိပါဘူး။ သူတို့ရဲ့လုပ်ရပ်က အဆင့်အတန်းမရှိတဲ့ လုပ်ရပ်ဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။
-
လက်ရှိတွင် အချိုးကျကိုယ်စားပြုစနစ် (PR) မလိုအပ်သေးကြောင်းနှင့် ပြည်သူများသာမက နိုင်ငံရေးသမားများပင်လျှင် PR စနစ်ကို နားမလည်သေးကြောင်း မွန်ညီညွတ်ရေးပါတီ ပြောကြား
-
မြန်မာ့အရေးနှင့် ပတ်သက်ပြီး ဥပဒေမူဘောင်အတွင်း ညှိနှိုင်းတိုင်ပင်ဆွေးနွေးခြင်းကို အလျင်အမြန် ရှာကြံရေးအပေါ် ထောက်ခံကြောင်း တရုတ်နိုင်ငံ ပြောကြား
-
မိန်းကလေးငယ်များအား Facebook, TikTok များမှတစ်ဆင့် တရုတ်မယား ပြုလုပ်ရန် စည်းရုံးပြီး လူကုန်ကူးမှု ဂိုဏ်းဖွဲ့ကျူးလွန်သည့် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသားများအား မန္တလေးမြို့တွင် ဖမ်းဆီးရမိ
-
NMSP (AD) အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် မုဒုံမြို့နယ် ကျိုက်ရွဲကျေးရွာရှိ ဟွန်ဒါမြန်မာ သစ်ပါးလွှာစက်ရုံမှ စက်ရုံမှူး၊ မန်နေဂျာနှင့် တရုတ်နိုင်ငံသားပညာရှင်တစ်ဦးတို့ ပြန်လည်လွတ်မြောက်လာဟုဆို
-
ရွှေနိုင်ငံစာပေနှင့် ပိုစတာဖြန့်ချိရေးလုပ်ငန်း၏ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ်အား ရုပ်သိမ်း