Top News

အဖြေရှာရတော့မည့် မြန်မာ-တရုတ်နယ်စပ်မှ ကုန်သွယ်ရေးမညီမျှမှုဂယက်
24htopnews | October 31, 2024 2:12 PM CST

COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု ကြောင့် ယင်းနှင့်ဆက်စပ်နေသော စီးပွားရေး အကျပ်အတည်းသည် ကြီးမားသော စိန်ခေါ်မှုများနှင့် မသိနိုင်မှုများစွာကို ထွက်ပေါ်စေခဲ့ပြီး ကုန်သွယ်ရေးကဏ္ဍကို ထိခိုက်ခဲ့သည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုတွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှာ ၆၅ ရာခိုင်နှုန်းကျော်ရှိပြီး နယ် စပ်ကုန်သွယ်မှုမှာ ၃၅ ရာခိုင်နှုန်းကျော် ပါဝင် နေသည်။ နယ်စပ်ကုန်သွယ်မှုတွင် မြန်မာ-တရုတ်နယ်စပ် မူဆယ်နယ်စပ်ကုန်သွယ်ရေး စခန်းမှာ အကြီးဆုံးကုန်သွယ်ရေးစခန်းတစ် ခုဖြစ်သည်။ မူဆယ်နယ်စပ်တွင် တစ်ရက် လျှင် ပုံမှန်အားဖြင့် ပျမ်းမျှကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၁ သန်းကျော်ရှိသော်လည်း  ၂၀၂၀ ပြည့်နှစ်အတွင်းက ရရှိသောသတင်းများအရ COVID-19 ကြောင့် တစ်နေ့လျှင် ကုန် သွယ်မှုဒေါ်လာငါးသန်းနှင့် ခြောက်သန်း ကြားသာ ရှိတော့သည်ဟု သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တို ဘာ ၁ ရက်မှ ၈ရက်အထိ ရှစ်ရက်အတွင်း မူဆယ်နယ်စပ်မှ ကုန်သွယ်မှုပမာဏ ဒေါ် လာ သုည ဒသမ ၆၅၈ သန်းသာရရှိပြီး ယခင် နှစ်ကာလတူထက် ဒေါ်လာ ၂၄၁ ဒသမ ၇၈၄ သန်းအထိ လျော့ကျခဲ့သည်။ အထူး သဖြင့် ပို့ကုန်ပိုင်းတွင် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် ရှစ်ရက်အတွင်း ဒေါ်လာ ၂၂၅ ဒသမ ၇၉၅ သန်းအထိ လျော့ကျခဲ့သည်။

လက်ရှိတွင်လည်း တရုတ်ဘက်မှ COVID-19 ရောဂါအကြောင်းပြချက်ဖြင့် တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေး ပြု လုပ်လျက်ရှိသော နယ်စပ်ဖြတ်ကျော် ကုန် သွယ်မှုဇုန်အားလုံး၌ COVID-19 ရောဂါ ကာကွယ်ရေးပစ္စည်းများမှလွဲ၍ အခြားကုန် စည် ကူးသန်းရောင်းဝယ်သယ်ယူမှုများ ရပ် တန့်နေပြီး “၀”ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း ပန်ဆိုင်းဂိတ်ပေါက်မှလွဲ၍ ကျန် ဂိတ်အားလုံးကို တရုတ်ဘက်က ပိတ်ထားခဲ့ သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန် သွယ်ရေးအတွက် ပိတ်ထားသော နယ်စပ် အဝင်အထွက် ဂိတ်များ ပြန်လည်ဖွင့်လှစ်ရန် အတွက် Online မှတစ်ဆင့် အစည်းအဝေး တစ်ရပ်ကို အောက်တိုဘာ ၁၄ ရက်က ပြု လုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် တရုတ် နိုင်ငံအတွင်းမှ ကုန်စည်များတင်ဆောင် သော ကားများသာ တရုတ်နိုင်ငံမှ မြန်မာနိုင် ငံသို့ ထွက်ခွင့်ပြုပေးပြီး မြန်မာနိုင်ငံမှ ကုန် စည်တင်ဆောင်ထားသော ကားများကို တရုတ်နိုင်ငံသို့ ဝင်ရောက်ခွင့်မပြုသည့် အစီ အစဉ်ကို တရုတ်နိုင်ငံဘက်က တင်ပြလာ ကြောင်း၊ မြန်မာနိုင်ငံမှ တာဝန်ရှိသူများက လည်း ၎င်းတို့ (တရုတ်ဘက်က) မမျှတသည့် ကုန်သွယ်ရေးအစီအစဉ်ကို လက်မခံဘဲ တရုတ်ဘက်မှ ကုန်ကားအစီး ၁၀၀၀ မြန်မာ ဘက်သို့ဝင်လျှင် မြန်မာဘက်မှလည်း တရုတ် နိုင်ငံသို့ ကုန်ကားအစီး ၁၀၀၀ ဝင်ခွင့်ပြုရမည် ဟု ကုန်သွယ်ရေးညီမျှမှုအတွက် တင်ပြခဲ့ ကြောင်း၊ မြန်မာနိုင်ငံမှ ကုန်စည်တင်ဆောင် ထားသော ကားများကို တရုတ်နိုင်ငံသို့ ဝင် ရောက်ခွင့်မပြုသည့်အစီအစဉ်သည် တစ် ဖက်သတ်ဆန်သည့်အတွက်  လက်မခံ ကြောင်းပြောကြားခဲ့ရာ တရုတ်ဘက်က လည်း အထက်သို့ တင်ပြမည်ဟုဆိုကာ အစည်းအဝေး ပြီးဆုံးခဲ့ကြောင်း မူဆယ်နမ့် ခမ်းရှိ ကုန်သည်ကြီးများ၏ ပြောကြားချက် အရ သိရသည်။

တရုတ်ကုန်ကားများ မြန်မာနိုင်ငံသို့ ထွက်ခွင့်ရပြီး မြန်မာကုန်ကားများ တရုတ် ဘက်သို့ ဝင်ခွင့်မပြုသည့်အစီအစဉ်သည် တရုတ်ဘက်က တစ်ဖက်သတ် အနိုင်ကျင့် သည့် အစီအစဉ်ဖြစ်ကြောင်း ကုန်သည်လုပ် ငန်းရှင်များက ဝေဖန်ခဲ့ကြသည်။

မြန်မာနိုင်ငံမှ ကုန်စည်တင်ဆောင်ထား သောကားများကို တရုတ်နိုင်ငံသို့ ဝင်ရောက် ခွင့်မပြုသည့် အစီအစဉ်ကို မြန်မာဘက်မှ လက်မခံသည်ကို ကြားသိရ၍ နယ်စပ်တွင် လုပ်ကိုင်နေသော ကုန်သည်များမှ လုံးဝ (လုံးဝ) ကြိုဆိုထောက်ခံကြောင်း မူဆယ်ဆန် စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်း က ဆိုသည်။

နယ်စပ်ဂိတ်များ ပိတ်ထားခြင်းကြောင့် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုပြုလုပ်ရာ မူဆယ်နယ်စပ် ကုန်သွယ်ရေး၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင် ဘာ ၂၄ ရက်အထိ မြန်မာ-တရုတ်နယ်စပ် မူဆယ်မှ နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ် လာ ၃၈၀၂ သန်းကျော်ရှိပြီး ယခင်နှစ်ကာလ တူထက် ဒေါ်လာ ၁၀၂၀ သန်းကျော်လျော့ကျ ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ ရရှိသောစာရင်းများအရ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာ ၂၄ ရက်အထိ မူဆယ် နယ်စပ်မှ ပို့ကုန်တန်ဖိုးဒေါ်လာ၂၆၄၅ဒသမ ၀၈၃ သန်းရရှိခဲ့သည်။ သွင်းကုန်တန်ဖိုး ဒေါ် လာ ၁၁၅၇ ဒသမ ၁၀၅ သန်းတင်သွင်းထား ကာ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၈၀၂ ဒသမ ၁၈၈ သန်းရှိသည်။ ယခင်နှစ်ကာလ တူက မူဆယ်နယ်စပ်မှ ကုန်သွယ်မှုအနေဖြင့် ပို့ကုန်တန်ဖိုး ဒေါ်လာ ၃၀၀၉ ဒသမ ၃၄၆ သန်း၊ သွင်းကုန်တန်ဖိုးဒေါ်လာ ၁၈၁၃၄၉၆ ဒသမ ၀၄၅ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၄၈၂၂  ဒသမ  ၈၄၂   သန်းရရှိခဲ့သည်။

ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေး၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာ ၂၄ ရက်အထိ မြန်မာ-တရုတ် နယ်စပ်  ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေး စခန်းမှ ပို့ကုန်တန်ဖိုးဒေါ်လာ ၃၄၉ သန်း ကျော်ရှိပြီး ယခင်နှစ်ကာလတူထက် ပို့ကုန် တင်ပို့နိုင်မှု ဒေါ်လာသန်း ၇၀ ကျော်လျော့ကျ ခဲ့သည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက် တိုဘာမှ စက်တင်ဘာ ၂၄ ရက်အထိ ချင်းရွှေ ဟော်နယ်စပ်မှ ပို့ကုန်တန်ဖိုးဒေါ်လာ  ၃၄၉ ဒသမ ၃၂၂ သန်း၊ သွင်းကုန်တန်ဖိုးဒေါ်လာ ၁၁၀ ဒသမ ၀၁ရသန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၄၅၉ ဒသမ ၃၃၉ သန်းရှိသည်။

ကန်ပိုက်တီးနယ်စပ်ကုန်သွယ်မှု၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာ ၂၄ ရက်အထိ မြန်မာ-တရုတ် နယ်စပ် ကန်ပိုက်တီးမှ နယ်စပ်ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၂၇၀ သန်းကျော်ရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၀ သန်းကျော် လျော့ကျခဲ့သည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာ ၂၄ ရက်အထိ ကန်ပိုက်တီးနယ်စပ်မှ ပို့ကုန် တန်ဖိုးဒေါ်လာ၂၆၆  ဒသမ ၄၅၁ သန်းရရှိ သည်။ သွင်းကုန်တန်ဖိုး ဒေါ်လာ ၄ ဒသမ ၀၃၆ သန်း တင်သွင်းထားကာကုန်သွယ်မှု ပမာဏ ဒေါ်လာ ၂၇၀ ဒသမ ၄၈၇ သန်းရှိ သည်။ ယခင်နှစ်ကာလတူက ကန်ပိုက်တီး နယ်စပ်မှ ကုန်သွယ်မှုအနေဖြင့် ပို့ကုန်တန်ဖိုး ဒေါ်လာ ၂၆၂ ဒသမ ၃၃၈ သန်း၊ သွင်းကုန် တန်ဖိုး ဒေါ်လာ ၁၈ ဒသမ ၅၃၉ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၈၀ ဒသမ ၈၇၇ သန်းရရှိခဲ့သည်။

လွယ်ဂျယ်နယ်စပ်ကုန်သွယ်မှု၌ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက် တင်ဘာ ၂၄ ရက်အထိ မြန်မာ-တရုတ် နယ် စပ် လွယ်ဂျယ်မှ နယ်စပ်ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၂၁၅ သန်းကျော်ရှိပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာ ၇၅ သန်းကျော်ကုန် သွယ်မှု ပိုမိုပြုလုပ်ခဲ့သည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာ ၂၄ ရက်အထိ လွယ်ဂျယ်နယ်စပ်မှ ပို့ကုန်တန် ဖိုး ဒေါ်လာ၁၇၃  ဒသမ ၀၉၆ သန်းရရှိသည်။ သွင်းကုန်တန်ဖိုး ဒေါ် လာ ၄၂  ဒသမ ၁၀၀ သန်း တင်သွင်းထားကာ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၁၅ ဒသမ ၁၉၆  သန်းရှိသည်။ ယခင်နှစ်ကာလတူက လွယ်ဂျယ်နယ်စပ်မှ ကုန်သွယ်မှုအနေဖြင့် ပို့ကုန်တန်ဖိုး ဒေါ်လာ  ၁၁၁ ဒသမ ၇၃၂ သန်း၊ သွင်းကုန်တန်ဖိုး ဒေါ် လာ၂၇ ဒသမ ၅၅၅ သန်းဖြင့် ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၁၃၉ ဒသမ ၂၈၇ သန်းရရှိ ခဲ့သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ရရှိသောစာရင်းများအရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးစခန်းများတွင် လွယ်ဂျယ်နယ်စပ်မှလွဲ၍ မူဆယ်၊ ချင်းရွှေ ဟော်နှင့် ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကုန်သွယ်မှုပမာဏမှာ ယခင် နှစ်ကာလတူထက် လျော့ကျခဲ့သည်။

တရုတ်နယ်စပ်ဂိတ်များ လုံးဝပိတ်သွား သည့်အခြေအနေကြောင့် မြန်မာနိုင်ငံမှ စိုက် ပျိုးရေးထွက်ကုန်ပစ္စည်းများ၊ သစ်တောထွက် ပစ္စည်းများ၊ သဘာဝဓာတ်ငွေ့၊ သတ္တုတွင်း ထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ အဝတ်အထည်၊ ကျောက်စိမ်းနှင့် ကျောက် မျက် စသည့် အဓိကတင်ပို့သည့် ကုန်စည်များ တုံ့ဆိုင်းရပ်တန့်နေသည်။

အဓိကသွင်းကုန်ပစ္စည်းများဖြစ်သည့် စက်ပစ္စည်းနှင့် အပိုပစ္စည်းများ၊ ပို့ဆောင်ရေး ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ၊ ဓာတ်မြေသြဇာ၊ ဘိလပ်မြေ၊ စား သုံးဆီ၊ စားသောက်ကုန်များ၊ ချည်မျှင်နှင့် ပလတ်စတစ်စေ့များ၊ လူသုံးကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများနှင့် ၎င်းတို့၏ ဆက်စပ် ပစ္စည်းများစျေးကွက်အတွင်း ပြတ်လပ်မှုများ  ကြုံရနိုင်သည့် အခြေအနေများ ဖြစ်ပေါ်နေ သည်။

မြန်မာ-တရုတ် နယ်စပ်ဖြတ်ကျော်ကုန် သွယ်မှုများ ရပ်တန့်နေသည့်အခြေအနေတွင် အကျိုးဆက်အနေဖြင့် ပြည်တွင်း၌ ဆန်၊ ပဲ၊ ပြောင်း၊ နှမ်းစျေးကွက် ကျဆင်းနေပြီး တောင် သူများအကျိုးအမြတ်မရဘဲ ဆုံးရှုံးမှုများရှိ နေသည်။

တရုတ်ပြည် နယ်စပ်ဂိတ်များ ပိတ်ထား သည့်အတွက် စိုက်ပျိုးရေးသွင်းအားစုများ ဖြစ်သည့် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် အခြားစိုက်ပျိုး‌ရေးဆက်စပ်ပစ္စည်းများ စျေး နှုန်းမြင့်တက်နေမှုနှင့် မြန်မာလယ်ယာထွက် ကုန်များ တင်ပို့ခွင့်မရသည့် အခြေအနေ‌ ကြောင့် တောင်သူလယ်သမားများ ထိုက်သင့် သောအကျိုးအမြတ်မရရှိခဲ့ကြောင်း မူဆယ် ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းကဆိုသည်။

“ဆန်စပါးပေါ်ချိန် တရုတ်ပြည်ကို နယ် စပ်ကနေတစ်ဆင့် တင်ပို့ခွင့်မရတဲ့အတွက် တောင်သူတွေ အကျိုးအမြတ် မရနိုင်တော့ ဘူး။ ယခင်က သလနမ ျနေ နဲ့စာရင် နယ်စပ်က နေ ဆန်တင်ပို့ရတာ မြန်လည်းမြန်တယ်။ စျေးလည်းပိုရတယ်။ တောင်သူတွေ အကျိုး အမြတ်ပိုရှိတယ်။ ဆန်‌ပေါ်ချိန်မှာ ‌တောင်သူ‌ တွေ မခံစားရဘူး။ တရုတ်ပြည်နယ်စပ်ဂိတ် တွေ ပိတ်ထားလို့။ အခုဘယ်က ဝယ်လဲဆို တော့ ဥလနမ ျနေ သမားတွေ ဝယ်တယ်ဆိုပေ မဲ့လည်း ဒေါ်လာစျေး အတက်အကျပေါ် မူ တည်ပြီးတော့ အရှုံးအမြတ်ရှိတယ်။ ဒီအ တွက် ထိုက်သင့်သလောက် တောင်သူတွေ အကျိုးခံစားခွင့်မရဘူး။ ဆန်သစ်ပေါ်ချိန် မှာစျေးတက်မှ တောင်သူတွေခံစားခွင့်ရှိတာ။ စိုက်ပျိုးရေးကုန်ကျစရိတ် အရမ်းမြင့်ခဲ့တယ်။ ပြီးခဲ့တဲ့နှစ် ဓာတ်မြေသြဇာ တစ်အိတ်ကို နှစ်သောင်းနီးပါပဲ ရှိခဲ့ရာက‌နေ အခု ငါးသောင်း လောက်နဲ့ စိုက်နေရတာဆိုတော့ စိုက်ပျိုး စရိတ် မြင့်တက်ခဲ့တာကြောင့် တောင်သူတွေ နစ်နာခဲ့တယ်”ဟု မူဆယ် ဆန်စပါးကုန် စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ပြော ကြားသည်။

ယခင်ကာလတူ လများ၌ တစ်ရက်လျှင် ဆန်အိတ်ရေ ငါးသောင်းခန့် မူဆယ်နယ် စပ်မှတစ်ဆင့် ပုံမှန်တင်ပို့နေရ‌သော်လည်း လက်ရှိအချိန်၌ ရပ်တန့်နေပြီး ဆန်စပါး၊ ပဲ၊ ပြောင်း၊ နှမ်းများ ကားအစီးရေ ၃၀၀၀ နီးပါး သောင်တင်နေကာ အချို့မှာ မြန်မာပြည် အောက်ပိုင်းသို့ ပြန်လည်သယ်ယူမှုများ ရှိနေ သည်ဟု သိရသည်။

တရုတ်ဘက်က ဂိတ်များပိတ်ထားခြင်း ၏ အကျိုးဆက်ကြောင့် တရုတ်ကုန်စည်များ စျေးကွက်အတွင်း ပြတ်လပ်မှုအချို့ ကြုံတွေ့ နေရပြီး ကုန်စျေးနှုန်းများ အဆမတန် မြင့် တက်လာမည်ကို လုပ်ငန်းရှင်များက စိုးရိမ် နေကြသည်။

“ဘာမှမကြည့်နဲ့ဗျာ။ တရုတ်ဂက်စ်မီး ခြစ်အရင်က ၁၅၀ ကျပ်၊ အခု ၅၀၀ ကျပ်ဖြစ် သွားတယ်။ စားသုံးဆီစျေးလည်း တက်သွား တယ်။ နှစ်လပိုင်းက‌တော့ တစ်ပိဿာကို နှစ်ထောင်ကျော်ပဲရှိရာကနေ အခု ၅၅၀၀ လောက်ဖြစ်သွားပြီ။ စက်သုံးဆီစျေးနှုန်း မြင့် တက်တဲ့အတွက် သယ်ယူစရိတ်မှာလည်း တစ်တန်ကို ၁၄၀၀၀ ကျပ် တက်သွားတယ်။ စားသောက်ကုန်ခြောက်တွေလည်း စျေး တက်တယ်။ ခေါက်ဆွဲခြောက်တစ်ဖာကို ၅၀၀၀ ကျော် တက်သွားတယ်။ သကြားက တစ်အိတ်ကို နှစ်သောင်းကျော်လောက် တက်သွားတယ်။ အဓိကက ငွေလဲနှုန်းနဲ့ စက် သုံးဆီစျေးနှုန်း ပြန်တည်ငြိမ်ဖို့ လိုတယ်။ ဒီလို မှမဟုတ်ရင် အခြေခံလူတန်းစားတွေ အခက် အခဲမျိုးစုံဖြစ်ပေါ်လာနိုင်တယ်။ ကုန်သည် တွေလည်း ရောင်းရှုံးဖြစ်ပြီး ပင်ပန်းတာပဲ အဖက်တင်မှာပဲ”ဟ ုမူဆယ်မြို့ရှိ ကုန်မျိုးစုံလက်လီလက်ကားရောင်းဝယ်ပြုလုပ်‌နေသူ ကိုချိုအေးက ပြောကြားသည်။

မူဆယ်၌ တရုတ်နိုင်ငံသို့တင်ပို့ရန် လယ်ယာထွက်ကုန်များဖြစ်သည့် ဆန်၊ ပဲ၊ ပြောင်း၊ နှမ်း တန်ချိန် ငါးသောင်းကျော် သောင်တင်နေပြီး တရုတ်နိုင်ငံဂျယ်ဂေါင်မြို့ လော့ဒေါင်းကာလ၌ ပိတ်မိနေသော ကုန် ပစ္စည်းမျိုးစုံတန် ငါးသောင်းနီးပါး ရှိနေသည်။

ယင်းအခြေအနေများကလည်း  မြန်မာ - တရုတ် နယ်စပ်ကုန်စည်ပို့ဆောင်ရေးနှင့် အဝေးပြေးကုန်စည်ပို့ဆောင်ရေး ကဏ္ဍများ ကို ရိုက်ခတ်နေပြီး လုပ်ငန်းများ တုံ့ဆိုင်းရပ် တန့်နေကာ တရုတ်နိုင်ငံ၏ လိမ္မာပါးနပ်သော  မြန်မာရွှေ့ပြောင်းအလုပ်သမားများ နေရပ် ပြန်နိုင်ရေးအစီအစဉ်ကြောင့် လုပ်သားရှား ပါးမှုအခက်အခဲများပါ ဖြစ်ပေါ်လျက်ရှိ ကြောင်း သိရသည်။

နှစ်နိုင်ငံကုန်သွယ်ရေးတွင် ရောင်းလို အားနှင့် ဝယ်လိုအားပေါ်မူတည်၍ စျေး ကွက်လိုအပ်ချက်များ ဖြစ်ပေါ်နေရာ ကုန် သွယ်ရေးညီမျှရန်အတွက် ၅၅ သန်းကျော် သော မြန်မာပြည်သူများ၏လူမှုစီးပွားဘဝ တိုးတက်စေရန် သွင်းကုန်အစားထိုး အင် အားစုများကို ပြည်တွင်းတွင် ထုတ်လုပ်ရ မည်ဖြစ်သည်။

စိုက်ပျိုးရေးနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ တွင် ဆန်၊ပဲ၊ ပြောင်း စသည့် လယ်ယာထွက် ကုန်များကို စိုက်ပျိုးထုတ်လုပ်ပြီး အိမ်နီးချင်း နိုင်ငံစျေးကွက်များသို့သာ အားထားတင်ပို့ နေရလျက်ရှိရာ လိုအပ်ချက်အရ စျေးကွက် တစ်ခုတည်းအပေါ်  အလွန်အမင်အားထား နေရမှုကို လျှော့ချရမည်ဖြစ်သည်။

တရုတ်နိုင်ငံက နယ်စပ်ဂိတ်များကို COVID-19 ရောဂါအကြောင်းပြချက်ဖြင့် ပိတ်ထားမှုကြောင့် နှစ်နိုင်ငံ ပြည်သူများ၏ ကုန်စည်ကူးသန်းရောင်းဝယ်ခွင့် အကျိုး အမြတ်ရရှိမှုမှာ ထိုးကျလျက်ရှိပြီး ယင်း၏နောက်ဆက်တွဲဂယက်ကို အများဆုံးခံစားနေ ရသည်မှာ လယ်ယာထွက်ကုန်များ  စိုက်ပျိုး ထုတ်လုပ်နေသည့် တောင်သူများ ဖြစ်သည်။ ထို့အတွက် နယ်စပ်ဂိတ်များကို စနစ်တကျ ပြန်လည်ဖွင့်လှစ်ပြီး ကုန်သွယ်ရေးညီမျှစေ ရေး၊ စျေးကွက်တစ်ခုတည်းသာ အားထား တင်ပို့နေရခြင်းထက် စျေးကွက်ချဲ့ထွင်တင်ပို့နိုင်ရေး၊ ခိုင်မာသည့်စျေးကွက်နှင့် စျေး ကောင်းရရှိမှုအတွက် အလေးထားဆောင် ရွက်ရန် လိုအပ်ကြောင်း ကုန်သည်လုပ်ငန်း ရှင်များက  ထောက်ပြခဲ့ကြသည်။

 


READ NEXT
Cancel OK