၁၀ ရက်အတွင်း နေ့စဉ်စစ်ဆေးသော COVID-19 ဓာတ်ခွဲနမူနာများ၏ ပျမ်းမျှ အရေအတွက်မှာ ၁၂၀၀၀ ကျော်ရှိပြီး ပိုး တွေ့ရှိနှုန်းများ ဆက်တိုက်ကျဆင်းလာ ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ သိရသည်။
COVID-19 စမ်းသပ်တွေ့ရှိရမှုနှုန်း မှာ ဓာတ်ခွဲစစ်ဆေးသည့် အရေအတွက်ပေါ်၌လည်း မူတည်နေပြီး ဇန်နဝါရီ ၂၉ ရက်မှ ဖေဖော်ဝါရီ ၇ ရက်အထိ နေ့စဉ်စစ်ဆေး သော ဓာတ်ခွဲနမူနာများ၏ ပျမ်းမျှအရေအ တွက်မှာ ၁၂၃၃၄ ခုဖြစ်ပြီး ပြည်သူလူထုအ နေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ တစ်ပြည်လုံးအတိုင်းအတာဖြင့် ဆောင်ရွက်နေသည့် ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လူထုလှုပ်ရှား မှုစီမံချက်၌ ပါဝင်သော ဆောင်ရွက်ရမည့် အချက်များကို တက်ကြွစွာ ပူးပေါင်းဆောင် ရွက်ခြင်းနှင့် တစ်ဦးကို တစ်ဦး အသိပေးခြင်း သတိပေးခြင်း မိသားစုစီမံချက် အတိုင်း COVID-19 ရောဂါကာကွယ်ရေးနည်းလမ်းများအား အသိပေးခြင်းနှင့် သတိပေးခြင်းတို့ ဆောင်ရွက်မှသာလျှင် ရောဂါကူး စက်ပြန့်ပွားမှုကို အမြန်ဆုံး ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနက COVID-19 ရောဂါကာကွယ်ထိန်း ချုပ်ရေးအတွက် ‘တစ်ဦးကို တစ်ဦး အသိပေးခြင်း၊ သတိပေးခြင်း မိသားစုစီမံချက်’ ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါ စီမံချက်၏ ရည်ရွယ်ချက်မှာ မိမိ မိသားစုအဆင့်မှစ၍ မိတ်ဆွေသူငယ် ချင်းများ၊ ဆွေမျိုးများ၊ အိမ်နီးနားချင်းများ၊ လုပ်ဖော်ကိုင်ဘက်အချင်းချင်း COVID-19 ရောဂါကာကွယ်ရေးအတွက် အသိပေး၊ သတိပေးပြောကြားခြင်းအားဖြင့် အဖွဲ့အ စည်း၊ ဌာနများ၊ လူမှုပတ်ဝန်းကျင်တို့သို့ ရောဂါကာကွယ်ရေး အမူအကျင့်ကောင်း များ အဆင့်ဆင့် ပျံ့နှံ့ရောက်ရှိကာ ထိုမှတစ် ဆင့် တစ်နိုင်ငံလုံး ပျံ့နှံ့လွှမ်းခြုံမှုနှင့် ပြည်သူ အားလုံး၏ အမူအကျင့်ပြောင်းလဲလာမှုတို့ ဖြင့် COVID-19 ရောဂါအမြန်ဆုံးကာ ကွယ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်ကြောင်း သိ ရသည်။
စီမံချက်ဆောင်ရွက်နေသည့်ပုံစံမှာ ပြည်ထောင်စုဝန်ကြီးရုံးများနှင့် ဌာနများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့ရုံးများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပုဂ္ဂလိကကုမ္ပဏီများ၊ လုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများ၊ ပရဟိတ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ အစရှိသည့် ဌာန၊အဖွဲ့အစည်းများ၏ ဝန်ထမ်းများသည် ၎င်းတို့၏ မိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းများ၊ ဆွေမျိုးများ၊ အိမ်နီးနား ချင်းများကို ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ရေးအတွက် တစ်ဦးနှင့် တစ်ဦး အချင်းချင်း အသိပေး၊ သတိပေး ပြောကြားရမည့်အချက်များတွင် ပါဝင်သည့် အချက်ရှစ်ချက်အား မျှဝေပြောကြားရမည် ဖြစ်ကြောင်း သိရသည်။
အထက်ပါ အစု (Entity) များသည် အဖွဲ့အစည်းတစ်ခုခု၏ အဖွဲ့ဝင်များဖြစ်ပါ က ယင်းအဖွဲ့အစည်း၏ အခြားအဖွဲ့ဝင်များ သို့ အဆိုပါအချက်များကို အသိပေးခြင်း၊ လိုက်နာမှုမရှိပါက သတိပေးခြင်းတို့အပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာနှင့် အင်တာနက်စာ မျက်နှာများကို မပြတ်ကြည့်ရှုလေ့လာစေရန် သတိပေးခြင်းတို့ကို ပြည်သူတစ်ဦး၏ တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။
COVID-19 ရောဂါမှာ ကိုယ်ဖြစ် ကိုယ်ခံမဟုတ်ဘဲ ကိုယ်ဖြစ်ပါက မိမိ၏ အနီး ဝန်းကျင်ရှိ လူများအား ကူးစက်နိုင်သည်ဆိုသည့်အချက်ကို ပြည်သူအားလုံး၊ မိသားစု ဝင်အားလုံးသိရှိနားလည်ရန်အရေးကြီး ကြောင်းနှင့် တစ်ဦးမှ အများသို့ ရောဂါမကူး စက်စေရေးအတွက် အချင်းချင်း အသိပေး ၊ သတိပေး ပြောကြားခြင်းအားဖြင့် COVID-19 ရောဂါကို အမြန်ဆုံး ထိန်းချုပ်နိုင်မည် ဟု ယုံကြည်ကြောင်း ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနက အသိပေးထားသည်။
ဖေဖော်ဝါရီ ၆ ရက်မှ ၇ ရက်အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၇၁၁၂ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၅၄ ဦးတွေ့ရှိရ ကြောင်း၊ သေဆုံးသူ ငါးဦး ထပ်တိုးပြီး ဖေ ဖော်ဝါရီ ၇ ရက်အထိ သေဆုံးသူစုစုပေါင်း ၃၁၇၅ ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား