Top News

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီတွင် မွန်ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်တစ်ဦးပါဝင်ရန် သဘောတူညီခဲ့ခြင်းသည် ပါတီဗဟိုအလုပ်အမှုဆောင်အများစု၏ သဘောထား ဖြစ်သော်လည်း ပါတီတွင်း သဘောထား ကွဲလွဲမှုများရှိဟု ဆို
24htopnews | October 31, 2024 11:13 AM CST

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီတွင် မွန်ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ် တစ်ဦးပါဝင်ရန် သဘောတူညီခဲ့ခြင်းသည် ပါတီဗဟိုအလုပ်အမှုဆောင်အားလုံး၏ သဘောထားမဟုတ်ဘဲ ပါတီဗဟိုအလုပ်အမှု ဆောင်အများစု၏ သဘောထားသာဖြစ်ပြီး ပါတီအတွင်း သဘောထားကွဲလွဲနိုင်ကြောင်း မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် ဒေါက်တာအောင်နိုင်ဦးကပြော ကြားသည်။

“ကျွန်တော်တို့သတင်းတွေမှာ တွေ့လိုက်တာက မွန်ညီညွတ်ရေးပါတီက အတွင်း ရေးမှူးဖြစ်တဲ့ နိုင်လယိတမက ပြောထားတဲ့ အထဲမှာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင် စီမှာ ကျွန်တော်တို့ မွန်ညီညွတ်ရေးပါတီဗဟိုကော်မတီအဖွဲ့က အားလုံးသဘောတူပြီး တော့ ဒေါက်တာဗညားအောင်မိုးကို အမည် စာရင်းပေးပို့ဆုံးဖြတ်ခဲ့တယ်ဆိုတာ အမှန်က တော့ ပါတီရဲ့ပြောရေးဆိုခွင့်ကို အတွင်းရေး မှူးကိုပဲ တာဝန်ပေးထားတာပေါ့နော်။ ကျွန် တော်တို့အနေနဲ့ကလည်း ပါတီကိစ္စနဲ့ပတ် သက်လို့ ဘယ်တုန်းကမှမပြောဖြစ်ဘူး။ အခု ကိစ္စက နိုင်လယိတမပြောသွားတာက မှားနေ ပါတယ်။ ဗဟိုကော်မတီအရေးပေါ်အစည်း အဝေးမှာ အချေအတင်တော်တော်ဖြစ်ခဲ့ပါ တယ်။ သဘာထားကွဲလွဲမှုတွေဖြစ်ခဲ့ပါတယ်” ဟု ဒေါက်တာအောင်နိုင်ဦးက ပြောကြား သည်။

အထက်ပါအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ဗဟိုအလုပ်အမှုဆောင် ၃၀ ကျော်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီတွင်ပါဝင်ရန် သဘောတူသူသည် ၂၆ ဦးရှိကြောင်း၊ ကန့်ကွက်ခြင်းသည် ၁၀ ဦး သာရှိကြောင်း၊ ကြားနေသူနှစ်ဦးရှိကြောင်း ဒေါက်တာအောင်နိုင်ဦးကဆိုသည်။

 “အဲဒီလိုအဆင့်မျိုးရောက်အောင်ကိုလည်း တော်တော်လေးကို ဆွေးနွေးခဲ့ရတယ်။ ကျွန် တော်တို့ကတော့ လက်မခံသင့်ဘူးဆိုတဲ့ ဘက် က ပါဝင်ပါတယ်။ ဆွေးနွေးခဲ့ပါတယ်။ နိုင်လယိတမအနေနဲ့ အမှန်တကယ်ပြော သင့်တာက CEC အများစု သဘောထားဆန္ဒ နဲ့ ဆုံးဖြတ်ခဲ့တယ်ဆိုရင် မမှားဘူး။ အခုသူက  CEC အားလုံးက သဘောတူဆုံးဖြတ်ခဲ့တယ် ဆိုတော့ ဒါမဟုတ်ဘူးလို့ပြောချင်ပါတယ်။ ဒီ ကိစ္စနဲ့ပတ်သက်လို့လည်း ပါတီဥက္ကဋ္ဌဆီကို  ပြန်တင်ပြထားပါတယ်” ဟု ပြောကြားသည်။

လက်ရှိ နိုင်ငံ၏အခြေအနေမှာ ရှုပ်ထွေး နေသည့်ကာလဖြစ်နေကြောင်း၊ နောက်တစ် ချက်အနေဖြင့် မွန်ညီညွတ်ရေးပါတီမှာ မွန်နိုင်ငံရေးပါတီများပေါင်းစည်းပြီး ဖြစ်တည်လာ သည့်ပါတီ ဖြစ်သည့်အတွက်ကြောင့် စည်းလုံး ညီညွတ်မှု ပျက်ပြားသွားမည်ကိုလည်း စိုးရိမ် မိကြောင်း၊ ယခုတွင်ပင် ပါတီဝင်များထဲတွင် ယင်းကိစ္စနဲ့ပတ်သက်ပြီး လက်ခံခြင်း၊ လက်မ ခံခြင်းဆိုသည့် ငြင်းခုံမှုများဖြစ်နေကြောင်း၊ ယခုလည်း သဘောတူလက်ခံလိုက်သည့်အ ပေါ် ပါတီတွင် ဂယက်ရိုက်ခတ်မှုများရှိနေ ကြောင်း၊ မိမိတို့အနေဖြင့်မဖြစ်စေချင် ကြောင်း၊ ထို့ကြောင့် ယင်းသဘောတူညီနှင့် ပတ်သက်ပြီး အလျင်စလိုမဆုံးဖြတ်ဘဲ ပါတီ မှာ ဗဟိုအလုပ်အမှုဆောင်ကော်မတီအနေ ဖြင့် ပါတီဗဟိုကော်မတီနှင့်ပြန်ပြီး ဆွေးနွေး ညှိနှိုင်းရန်လိုအပ်ကြောင်း ဒေါက်တာအောင် နိုင်ဦးက ပြောကြားသည်။

“နောက်တစ်ချက်က ကမ်းလှမ်းလာတဲ့ ပုံစံနဲ့ပတ်သက်လို့ အတွင်းရေးမှူးပြောပြတဲ့ ပုံစံက UEC ကမ်းလှမ်းတဲ့ ပုံစံမျိုးဖြစ်နေတယ်။ ဒါက UEC နဲ့မဆိုင်ဘူးလို့ ကျွန်တော်မြင်ပါ တယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ဘက်က လက်မခံသင့်သေးဘူးဆိုတဲ့ သဘောမျိုးပြော တာပါ။ နောက်တစ်ချက်က ပါတီရဲ့အခြေခံ စည်းမျဉ်းထဲမှာ အာဏာရှင်စရိုက်တွေ၊ လူမျိုးကြီးဝါဒတွေကို အားမပေးဖို့၊ ဒါမျိုးတွေက အခြေခံစည်းမျဉ်းထဲမှာ ပါဝင်နေတဲ့အတွက် တချို့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တွေက ဒါကိုလည်း ထောက်ပြကြတာရှိခဲ့ပါ တယ်။ ကျွန်တော်တို့က ပါတီအခြေခံစည်းမျဉ်း နဲ့သွေဖည်နေတဲ့ ပုံစံမျိုးဖြစ်နေတယ်။ ဒါကို ဆင်ခြင်ကြဖို့ သတိပေးတာတွေလည်းရှိခဲ့ပါ တယ်” ဟု ဒေါက်တာအောင်နိုင်ဦးက ပြော ကြားသည်။

“ကျွန်တော်တို့က ဒီမိုကရေစီစနစ်အပေါ်မှာ ခိုင်ခိုင်သွားတဲ့ စနစ်ကိုလိုချင်တယ်။ နိုင်ငံရေးပါတီတည်ထောင်ထားတယ်ဆိုတာ ကလည်း ရွေးကောက်ပွဲဝင်မယ်။ တကယ်ကို ရွေးကောက်ပွဲကတစ်ဆင့် လုပ်ရည်ကိုင်ရည်ရှိတဲ့သူတွေ လွှတ်တော်ထဲရောက်ဖို့၊ စီမံ အုပ်ချုပ်တဲ့အပိုင်းမှာ ရရှိခဲ့ရင်လည်း လုပ် ဆောင်ကြဖို့၊ ဒါကလည်း ဒီမိုကရေစီစနစ် အရ သွားချင်တာကိုး။ အဲဒီစနစ်မျိုးနဲ့ပဲ ခိုင်မာ အောင်သွားချင်တယ်။ ဒီကြားထဲမှာဖြစ် လာတဲ့ ပြဿနာရေးရာကိစ္စတွေကို ကျွန် တော်တို့က နိုင်ငံရေးပါတီအရ ကိုယ်ခံယူထားတဲ့လမ်းကြောင်းနဲ့ဘဲ သွားတာအ ကောင်းဆုံးပါဘဲ။ တချို့ကိစ္စမျိုးတွေကိုသွေ ဖည်တဲ့လမ်းကြောင်းကနေသွားတာမျိုးက ကျွန်တော်တို့မွန်လူမျိုးတွေကြားမှာ သဘော ထားကွဲလွဲမှုအများကြီးဖြစ်လာနိုင်ပါတယ်။ နောက်တစ်ချက်ပြည်သူတွေအနေနဲ့လည်း ကိုယ့်အပေါ်မှာအမြင်မရှင်းတာတွေ အများကြီးဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့အနေနဲ့ လက်မခံသင့်ဘူးဆိုတဲ့  ဘက်က ဆွေးနွေးရပ်တည်ပေးခဲ့တာဖြစ်ပါ တယ်” ဟု ဒေါက်တာအောင်နိုင်ဦးက ပြော ကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးးကြီးမင်းအောင်လှိုင် ဥက္ကဋ္ဌအဖြစ် ပါဝင်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်ရန် မွန်ညီညွတ်ရေးပါတီအား ကမ်းလှမ်းခဲ့ပြီးနောက် ဖေဖော်ဝါရီ ၆ ရက်က ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်မတီတွင် ပါ တီကိုယ်စားပြုအနေဖြင့် ဒေါက်တာဗညားအောင်မိုးကို ရွေးချယ်တာဝန်ပေးရန် သဘောတူကြောင်းနှင့် သက်ဆိုင်ရာသို့လည်း အမည် စာရင်း ပေးပို့ထားပြီးဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းအရေးမှူး (၁) နိုင်လယိတမက ပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီးလည်း ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းက မွန်ညီညွတ်ရေးပါတီ ဝန်းရံထောက်ခံသူ လူငယ်တချို့မှ မော်လမြိုင်မြို့မြိုင်သာယာရပ်ကွက်ရှိ မွန်ညီ ညွတ်ရေးပါတီဗဟိုဌာနချုပ်ရှေ့တွင် ကန့်ကွက်ဆန္ဒပြမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

 

 


READ NEXT
Cancel OK