Top News

ကိုရီးယား-မြန်မာ ချစ်ကြည်ရေး (ရန်ကုန်-ဒလ) မြစ်ကူး တံတား တည်ဆောက်ရေး စီမံကိန်းတစ်ခုလုံး၏ ၂၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကာ လာမည့် ၂၀၂၂ ခုနှစ် အောက်တိုဘာတွင် စီမံကိန်းလုပ်ငန်းများ ပြီးစီးမည်
24htopnews | October 31, 2024 11:13 AM CST

ကိုရီးယား-မြန်မာ ချစ်ကြည်ရေး (ရန် ကုန်-ဒလ) မြစ်ကူးတံတား တည်ဆောက် ရေးစီမံကိန်းတစ်ခုလုံး၏ ၂၅ ရာခိုင်နှုန်း ပြီး စီးပြီဖြစ်ကာ လာမည့် ၂၀၂၂ ခုနှစ် အောက်တိုဘာတွင် စီမံကိန်းလုပ်ငန်းများ ပြီးစီးမည် ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြ ထားချက်အရ သိရသည်။

ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းနှင့် ဒလမြို့နယ် ကမာကဆစ် ရပ်ကွက် ဗိုလ်မင်းရောင်လမ်းမကြီးတို့သို့ ဆက်သွယ်တည်ဆောက်လျက်ရှိသော မြန်မာ- ကိုရီးယားချစ်ကြည်ရေး ဒလမြစ်ကူးတံ တား တည်ဆောက်ရေး လုပ်ငန်းများအနေဖြင့် COVID-19 ရောဂါဖြစ်ပွားနေသော ကာလအတွင်း တစ်လနီးပါးခန့် ယာယီရပ်နား ထားခဲ့ရပြီး ယခုအခါ ချဉ်းကပ်တံတားများ ဘိုးပိုင်တူးဖော်ခြင်းလုပ်ငန်းများနှင့် ပင်မတံ တား ရေလယ်တိုင် ဘိုးပိုင်တူးဖော်ခြင်းလုပ် ငန်းများကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ  ၅ ရက် က ပြန်လည်စတင်နေပြီဖြစ်ကြောင်း သိရ သည်။

တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် အညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 (ရန်ကုန်-ဒလ) မြစ်ကူးတံတား  တည်ဆောက်ရာတွင် ရန်ကုန်မြစ်အတွင်း ပင်မတံတားရေလယ်တိုင် ဘိုးပိုင်တူးဖော်ခြင်း လုပ်ငန်းအနေဖြင့် PY 1  ၊ PY 2  တို့၏  ဘိုးပိုင် တူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ ဒလဘက်ခြမ်းရှိ PY 1 အတွက် ဘိုးပိုင် ၂၃ လုံးအနက် ဘိုးပိုင် အလုံး ၂၀၊ ရန်ကုန်ဘက်ခြမ်းရှိ PY 2 အတွက် ဘိုးပိုင် ၂၃ လုံးအနက် ဘိုးပိုင်အလုံး ၂၀၊ ပင်မတံ တား ရေလယ်တိုင် ဘိုးပိုင်တူးဖော်ခြင်း စုစု ပေါင်း ဘိုးပိုင် အလုံး ၄၀ ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြစ်အတွင်း ရေလယ်ပင်မတံတား ဘိုးပိုင် တူးဖော်ခြင်းလုပ်ငန်းများဆောင် ရွက်လျက်ရှိရာ တံတားစီမံကိန်းဧရိယာလုပ် ငန်းခွင်နှင့် ရေလမ်းကြောင်းအန္တရာယ် ကင်း ရှင်းစေရေးအတွက် တံတားတည်ဆောက် ရေးစီမံကိန်းမှ ရေယာဉ်ငယ်နှစ်စင်းဖြင့်အနီး ကပ်စောင့်ကြည့်လျက်ရှိရာ ဖြတ်သန်းသွား လာကြမည့် သင်္ဘောများ၊ ငါးဖမ်းသင်္ဘော များ၊ မြစ်တွင်းသွားရေယာဉ်များအနေဖြင့် အချက်ပြဗော်ယာများကို မြစ်အတွင်းရှိ ဒလဘက်ခြမ်းနှင့် ရန်ကုန်ဘက်ခြမ်းတို့တွင် အမှတ်အသားများထားရှိပြီး သတ်မှတ်ထား သည့် လမ်းကြောင်းအတိုင်း ဖြတ်သန်းမောင်း နှင်ရမည်ဖြစ်ကြောင်း သိရသည်။

တံတားတည်ဆောက်ရာတွင် ဒလ ဘက်ခြမ်း ချဉ်းကပ်တံတားအတွက် ဘိုးပိုင် ပေါင်း ၁၄၁ လုံးအနက် ဘိုးပိုင် ၁၂၅ လုံး ပြီး စီးလျက်ရှိရာ ရာခိုင်နှုန်းအားဖြင့် ၈၆ ဒသမ ၉ရာခိုင်နှုန်း၊ ရန်ကုန်ဘက်ခြမ်း ချဉ်းကပ် တံတားအတွက် ဘိုးပိုင်ပေါင်း ၈၂ လုံးအနက် ဘိုးပိုင် ၇၁ လုံးပြီးစီးပြီဖြစ်ရာ ရာခိုင်နှုန်း အားဖြင့် ၈၈ ဒသမ ၇ ရာခိုင်နှုန်း ပြီးစီးလျက် ရှိကြောင်း၊ တံတားတစ်စင်းလုံး၏ ဘိုးပိုင် စုစုပေါင်း  ၃၆၉ လုံးရှိသည့်အနက် ဘိုးပိုင် စုစုပေါင်း ၂၅၅ လုံးဆောင်ရွက်ပြီးစီးပြီဖြစ် ကြောင်း ကိုရီးယား-မြန်မာ ချစ်ကြည်ရေး (ဒလ) တံတား တည်ဆောက်ရေးစီမံကိန်းမှ သိရသည်။

ထို့အတူ ရန်ကုန်ဘက်ခြမ်း ဆင်ခြေ လျှောတံတား Ram A ဘိုးပိုင် ၄၈ လုံးအနက် ဘိုးပိုင်လေးလုံး၊ Ram B ဘိုးပိုင် ၅၂ လုံး အနက် ဘိုးပိုင် ၁၅ လုံးတူးဖော်ပြီးစီးလျက် ရှိသည်။ လက်ရှိအချိန်တွင် တံတားတည် ဆောက်ရေးလုပ်ငန်းများကို ဆက်လက်အ ကောင်အထည်ဖော် ဆောင်ရွက်နေပြီး တံ တားတစ်စင်းလုံး၏ ၂၅ ရာခိုင်နှုန်း ပြီးစီးနေ ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါတံတား တည်ဆောက်ရေးစီမံကိန်းအား ၂၀၁၉ ခုနှစ် မေလတွင် တံတားတည်ဆောက်ရေးလုပ်ငန်းများစတင်ခဲ့ပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ဆောင်ရွက်ပြီးစီးမည်ဖြစ် ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ သိရသည်။

ကိုရီးယား-မြန်မာ ချစ်ကြည်ရေးတံ တား(ဒလ) အမျိုးအစားမှာ သံမဏိကြိုးဆိုင်း တံတားဖြစ်ပြီး စုစုပေါင်းတံတားအရှည် ၁၈၇၂ ဒသမ ၅ မီတာ (၆၁၄၄ ပေ)၊ ပင်မ တံတားအရှည် မီတာ ၅၉၀ (၁၉၃၆ ပေ) ရှိပြီး အကျယ် ၂၆ ဒသမ ၅ မီတာ (၈၇ ပေ) ယာဉ် လေးလမ်းသွားဖြစ်သည်။

 


READ NEXT
Cancel OK