မွန်ပြည်နယ်အတွင်းမှာ COVID-19 ကူးစက်ကပ်ရောဂါနဲ့ ပတ်သက်လို့ မုန်တိုင်းအထန်ဆုံးကာလဖြစ်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်နဲ့ သြဂုတ်လတွေကို ပြန်ကြည့်ရင် ဇူလိုင်လအတွင်းမှာဆိုရင် COVID-19 Positive လူနာသစ် ၆၆၄၅ ဦးအထိရှိခဲ့ပြီး သြဂုတ်လအတွင်းမှာ ဆိုရင်လည်း COVID-19 Positive လူနာသစ် ၄၉၈၇ ဦးအထိရှိခဲ့ပါတယ်။
COVID-19 Positive လူနာတွေ သေဆုံးမှုမှာလည်း ဇူလိုင်အတွင်း ၄၆၇ ဦးရှိခဲ့ပြီး သြဂုတ်လအတွင်းမှာ ၅၉၀ ဦးအထိ ရှိခဲ့ပါတယ်။ ထို့ပြင် နေအိမ်မှာပဲ ရောဂါကူးစက် ဖြစ်ပွားခဲ့သူတွေ၊ သေဆုံးခဲ့သူတွေရဲ့ စာရင်းတွေ မပါဝင်သေးပါဘူး။ တကယ့်မြေပြင် အခြေအနေအရဆိုရင် ကူးစက်ဖြစ်ပွားခဲ့သူတွေနဲ့ သေဆုံးခဲ့သူတွေရဲ့စာရင်းက ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့စာရင်းတွေထက် ပိုမိုများပြားနိုင်တယ်လို့ COVID-19 အရေး ဆောင်ရွက်နေသူတွေက သုံးသပ်ပြောကြားခဲ့တာတွေလည်း ရှိပါတယ်။
မွန်ပြည်နယ်မှာရှိတဲ့ မြို့နယ်ပေါင်း ၁၀ မြို့နယ်ရဲ့လအလိုက် ကူးစက်ဖြစ်ပွားမှုနှုန်းတွေကို ပြန်ကြည့်မယ်ဆိုရင် ဇူလိုင်လအတွင်းက ကျိုက်ထိုမြို့နယ်မှာ COVID-19 Positive လူနာသစ် ၄၅၄ ဦး၊ ဘီးလင်းမြို့နယ်မှာ လူနာသစ် ၈၁၀ ဦး၊ သထုံမြို့နယ်မှာ လူနာ ၄၃၅ ဦး၊ ပေါင်မြို့နယ်မှာ လူနာသစ် ၄၁၉ ဦးရှိခဲ့ပါတယ်။
အလားတူ မော်လမြိုင်မြို့နယ်မှာ COVID-19 Positive လူနာသစ် ၁၄၁၂ ဦး၊ ကျိုက်မရောမြို့နယ်မှာ လူနာသစ် ၆၂၀ ဦး၊ မုဒုံမြို့နယ်မှာ လူနာသစ် ၄၂၆ ဦး၊ သံဖြူဇရပ်မြို့နယ်မှာ လူနာသစ် ၁၀၄၉ ဦး၊ ရေးမြို့ နယ်မှာလူနာသစ် ၄၀၆ ဦး၊ ချောင်းဆုံမြို့နယ်အတွင်းမှာတော့ လူနာသစ် ၆၂၀ ဦးရှိခဲ့ပြီးတော့ ပြည်တော်ပြန်တွေထဲက ၁၂ ဦး ရှိခဲ့ပါတယ်။
ဇူလိုင်လအတွင်းမှာ COVID-19 Positive လူနာသေဆုံးမှုတွေကလည်း ကျိုက်ထိုမြို့နယ်အတွင်းမှာ ၂၅ ဦး၊ ဘီးလင်းမြို့နယ်အတွင်းမှာ ၁၇ ဦး၊ သထုံမြို့နယ်အတွင်းမှာ ၁၆ ဦး၊ ပေါင်မြို့နယ်အတွင်းမှာ ၄၈ ဦး၊ မော်လမြိုင်မြို့နယ်အတွင်းမှာ ၂၃၅ ဦး၊ ကျိုက်မရောမြို့နယ်အတွင်းမှာ ၂၃ ဦး၊ မုဒုံမြို့နယ်အတွင်းမှာ ၁၂ ဦး၊ သံဖြူဇရပ်မြို့နယ်အတွင်းမှာ ၄၈ ဦး၊ ရေးမြို့နယ်အတွင်းမှာ ၁၂ ဦးနဲ့ချောင်း ဆုံမြို့နယ်အတွင်းမှာ ၃၀ ဦးရှိခဲ့ပါတယ်။
ထို့အတူ သြဂုတ်လအတွင်းမှာတော့ ကျိုက်ထိုမြို့နယ်မှာ COVID-19 Positive လူနာသစ် ၂၃၈ ဦး၊ ဘီးလင်းမြို့နယ်မှာ လူနာသစ် ၅၄၁ ဦး၊ သထုံမြို့နယ်မှာ လူနာသစ် ၂၀၈ ဦး၊ ပေါင်မြို့နယ်မှာ လူနာသစ် ၅၄၁ ဦး ရှိခဲ့ပါတယ်။
မော်လမြိုင်မြို့နယ်မှာတော့ COVID-19 Positive လူနာသစ် ၄၁၄ ဦး၊ ကျိုက်မရောမြို့နယ်မှာ လူနာသစ် ၄၇၂ ဦး၊ မုဒုံမြို့နယ်မှာ လူနာသစ် ၃၇၇ ဦး၊ သံဖြူဇရပ်မြို့နယ်မှာ လူနာသစ် ၃၅၁ ဦး၊ ရေးမြို့နယ်မှာ လူနာသစ် ၉၄၆ ဦး၊ ချောင်းဆုံမြို့နယ်အတွင်းမှာတော့ လူနာသစ် ၇၉၀ ဦးရှိခဲ့ပြီးတော့ ပြည်တော်ပြန်တွေထဲက ၁၀၉ ဦး ရှိခဲ့ပါတယ်။
သြဂုတ်လအတွင်းမှာလည်း COVID-19 Positive လူနာသေဆုံးမှုတွေနဲ့ပတ်သက်လို့ ကျိုက်ထိုမြို့နယ်အတွင်းမှာ ၁၉ ဦး၊ ဘီးလင်းမြို့နယ်အတွင်းမှာ ၃၈ ဦး၊ သထုံမြို့နယ်အတွင်းမှာ ၃၈ ဦး၊ ပေါင်မြို့နယ်အတွင်းမှာ ၇၉ ဦး၊ မော်လမြိုင်မြို့နယ်အတွင်းမှာ ၁၃၁ ဦး၊ ကျိုက်မရောမြို့နယ်အတွင်းမှာ ၄၈ ဦး၊ မုဒုံမြို့နယ်အတွင်းမှာ ၅၅ ဦး၊ သံဖြူဇရပ်မြို့နယ်အတွင်းမှာ ၆၃ ဦး၊ ရေးမြို့နယ်အတွင်း မှာ ၅၀ ဦးနဲ့ချောင်းဆုံမြို့နယ်အတွင်းမှာ ၆၉ ဦးရှိခဲ့ပါတယ်။
မွန်ပြည်နယ်အတွင်းမှာ စက်တင်ဘာလဆန်းပိုင်းကစလို့ COVID-19 ကူးစက်ကပ်ရောဂါနဲ့ပတ်သက်ပြီး ကူးစက်ဖြစ်ပွားမှုနှုန်းရော၊ သေဆုံးမှုနှုန်းပါ တဖြည်းဖြည်းလျော့ကျလာခဲ့ပြီးတော့ အခုနိုဝင်ဘာလဆန်းပိုင်းမှာ ဆိုရင် နေ့စဉ် COVID-19 လူနာသစ်တွေ့ရှိမှုက ၁၀ ဦးဝန်းကျင်လောက်ပဲ ရှိပါတော့တယ်။
စက်တင်ဘာလအတွင်းမှာတော့ ကျိုက်ထိုမြို့နယ်မှာ COVID-19 Positive လူနာသစ် ၂၀၉ ဦး၊ ဘီးလင်းမြို့နယ်မှာ လူနာသစ် ၂၈၂ ဦး၊ သထုံမြို့နယ်မှာ လူနာသစ် ၅၇ ဦး၊ ပေါင်မြို့နယ်မှာ လူနာသစ် ၃၂၉ ဦးရှိခဲ့ပါတယ်။
ထို့အတူပဲ မော်လမြိုင်မြို့နယ်မှာ COVID-19 Positive လူနာသစ် ၂၇၈ ဦး၊ ကျိုက်မရောမြို့နယ်မှာ လူနာသစ် ၁၂၈ ဦး၊ မုဒုံမြို့နယ်မှာ လူနာသစ် ၃၂၁ ဦး၊ သံဖြူဇရပ်မြို့နယ်မှာ လူနာသစ် ၄၇၄ ဦး၊ ရေးမြို့နယ်မှာ လူနာသစ် ၄၀၆ ဦး၊ ချောင်းဆုံမြို့နယ်အတွင်းမှာတော့ လူနာသစ် ၆၆၇ ဦး ရှိခဲ့ပြီးတော့ ပြည်တော်ပြန်တွေထဲက ၅၈ ဦးမှာ COVID-19 Positive တွေ့ရှိခဲ့ပါတယ်။
စက်တင်ဘာလအတွင်းမှာ COVID-19 Positive လူနာသေဆုံးမှုတွေကလည်း ကျိုက်ထိုမြို့နယ်အတွင်းမှာ ငါးဦး၊ ဘီးလင်းမြို့နယ်အတွင်းမှာ ၁၃ ဦး၊ သထုံမြို့နယ်အတွင်း ၁၁ ဦး၊ ပေါင်မြို့နယ်နဲ့ မော်လမြိုင်မြို့နယ်တွေမှာ ၂၇ ဦးစီ၊ ကျိုက်မရောမြို့နယ်အတွင်း ၂၄ ဦး၊ မုဒုံမြို့နယ်အတွင်း ၅၄ ဦး၊ သံဖြူဇရပ် မြို့နယ်အတွင်း ၂၁ ဦး၊ ရေးမြို့နယ်အတွင်း ၃၇ ဦးနဲ့ချောင်းဆုံမြို့နယ်အတွင်းမှာ ၄၁ ဦး ရှိခဲ့ပါတယ်။
အောက်တိုဘာလအတွင်းမှာတော့ ချောင်းဆုံမြို့နယ်ကလွဲလို့ ကျန်တဲ့မြို့နယ်တွေမှာ COVID-19 Positive လူနာသစ်တွေ့ရှိမှုက သိသိသာသာကို လျော့ကျသွားတာတွေ့ရပါတယ်။
ကျိုက်ထိုမြို့နယ်မှာ COVID-19 Positive လူနာသစ် ခုနစ်ဦး၊ ဘီးလင်းမြို့နယ်မှာ လူနာသစ် ၉၂ ဦး၊ သထုံမြို့နယ်မှာ လူနာသစ် ၁၁ ဦး၊ ပေါင်မြို့နယ်မှာ လူနာသစ် ၈၉ ဦး၊ မော်လမြိုင်မြို့နယ်မှာ လူနာသစ် ၉၃ ဦး၊ ကျိုက်မရောမြို့နယ်မှာ လူနာသစ် ၇၂ ဦး၊ မုဒုံမြို့နယ်မှာ လူနာသစ် ၄၇ ဦး၊ သံဖြူဇရပ်မြို့နယ်မှာ လူနာသစ် ၁၃၉ ဦး၊ ရေးမြို့နယ်မှာ လူနာသစ် ၅၈ ဦးရှိခဲ့ပြီးတော့ ချောင်းဆုံမြို့နယ်အတွင်းမှာတော့ လူနာသစ် ၄၁၀ ဦးအထိရှိခဲ့တာကို တွေ့ရပါတယ်။ အောက်တိုဘာအတွင်းမှာလည်း ပြည်တော်ပြန်တွေထဲက ၅၃ ဦးမှာ COVID-19 Positive တွေ့ရှိခဲ့ပါသေးတယ်။
အောက်တိုဘာလအတွင်းမှာ COVID-19 Positive လူနာသေဆုံးမှုတွေကလည်း ကျိုက်ထိုမြို့နယ်အတွင်းမှာ တစ်ဦး၊ ဘီးလင်းနဲ့ပေါင်မြို့နယ်တွေမှာ ငါးဦးစီ၊ မော်လမြိုင်မြို့နယ်တွေမှာ လေးဦးစီ၊ ကျိုက်မရောမြို့နယ် အတွင်းမှာ သုံးဦး၊ မုဒုံမြို့နယ်အတွင်းမှာ ခြောက်ဦး၊ သံဖြူဇရပ်မြို့နယ်အတွင်းမှာ သုံးဦး၊ ရေးမြို့နယ်အတွင်းမှာ ၁၀ ဦးရှိခဲ့ပြီး ချောင်းဆုံမြို့နယ်အတွင်းမှာ ၂၃ ဦးရှိခဲ့ပါတယ်။
“ရွာတွမှာက ဖျားနာလို့ရှိရင် ဆေးရုံ၊ ဆေးခန်းသိပ်မသွားကြဘူး။ ဒီအတိုင်းပဲ ဆေးသောက်ပြီးနေလိုက်ကြတာရှိတယ်။ ဆေးစစ်တာတွေလည်းမရှိဘူး။ နောက်ပြီးတော့ လူနာလာမေးကြတာနဲ့ဘာနဲ့ဆိုတော့ ရောဂါကူးစက်မှုတွေဖြစ်ကုန်ကြရော။ နောက်ပြီး စျေးသွားတာပဲဖြစ်ဖြစ်၊ အပြင်သွားတာပဲဖြစ်ဖြစ် Mask မတပ်ကြဘူး” လို့ ချောင်းဆုံမြို့နယ်အတွင်း COVID-19 ကူးစက်ကပ်ရောဂါအရေးဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။
ချောင်းဆုံမြို့နယ် ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးကလည်း “ရွာတစ်ရွာမှာ Positive လူနာတွေ့ရပြီးဆိုတာနဲ့ Contact တွေကို ကွင်းဆင်းပြီးတော့ လိုက်လံရှာဖွေတာ၊ စစ်ဆေးတာတွေကို ထိထိရောက်ရောက် လုပ်နေတဲ့အတွက်ကိုလည်း လူနာတွေကို ဖော်ထုတ်နိုင်နေတာပါ” လို့ ဆိုပါတယ်။
၎င်းကဆက်လက်ပြီးတော့ “ကျွန်တော်တို့ ချောင်းဆုံမြို့နယ်ကို Stay at Home မြို့နယ်လို့သာပြောတာ။ ဆိုင်ထိုင်ရောင်းချခွင့် မရှိဘူးလို့သာ သတ်မှတ်ထားတာ။ ဒါပေမဲ့ အရက်ဆိုင်တွေ၊ ဘီယာဆိုင်တွေ၊ လက်ဖက် ရည်ဆိုင်တွေ၊ ကွမ်းယာဆိုင်တွေကအစ အကုန်လုံးက ဖွင့်နေတယ်။ တစ်ဖက်က ကျွန်တော်တို့က လူနာတွေကိုလိုက်ပြီး ရှာဖွေဖော်ထုတ်ပြီးတော့ ရောဂါကွင်းဆက်ပြတ်အောင် လုပ်တယ်။ ကာကွယ်ဆေးတွေ ထိုးနှံပေးနေတယ်။ ဒါပေမဲ့တစ်ဖက်မှာကလည်း သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့အညီ နေထိုင်ခြင်းမရှိတော့ အိတ်ပေါက်နဲ့ဖားကောက်နေသလိုဖြစ်နေတာပါ” လို့ ပြောပါတယ်။
ပြည်သူလူထုကလည်း COVID-19 နဲ့ ပတ်သက်တဲ့ စည်းကမ်းချက်တွေကို လိုက်နာမှုက အားနည်းချက်တွေရှိနေသလို သက်ဆိုင်ရာဌာနတွေကလည်း ကြီးကြပ်မှုအပိုင်းမှာ အားနည်းချက်တွေရှိနေသေးတယ်လို့ သုံးသပ်ပြောဆိုမှုတွေလည်း ရှိပါတယ်။
ထို့ပြင် နိုဝင်ဘာ ၁ ရက် မှ ၄ ရက်အတွင်းမှာလည်း မွန်ပြည်နယ်မှာ COVID-19 Positive လူနာသစ် ၂၉ ဦးရှိခဲ့ပြီးတော့ ထိုအထဲမှာ ချောင်းဆုံမြို့နယ်က ၁၂ ဦးပါဝင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်များအရ သိရပါတယ်။
“ကျွန်တော်တို့အနေနဲ့ကလည်း ချောင်းဆုံမြို့နယ်ကို အဆက်မပြတ်စောင့်ကြည့်နေပြီးတော့ များများရှာ၊ များများတွေ့၊ များများကုလုပ်ဖို့အပြင်ကို ကာကွယ်ဆေးကိုလည်း ထိုးနှံပေးဖို့ဆက်တိုက်လုပ်နေပါတယ်။ ကာကွယ်ဆေးထိုးနှံခြင်းမှာလည်း ချောင်းဆုံမြို့နယ်သည် မွန်ပြည်နယ်အတွင်းမှာ ကာကွယ်ဆေးထိုး ဒုတိယအများဆုံးထဲမှာ ပါဝင်ပါတယ်” လို့ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းက ပြောပါတယ်။
သို့သော်လည်း ချောင်းဆုံမြို့နယ်အတွင်း နေထိုင်ကြသည့် ပြည်သူများအနေဖြင့် လူစုလူဝေးလေးများဖြစ်နေတယ်ဟု ယူဆဖွယ်ရာရှိပါကြောင်း၊ ချောင်းဆုံမြို့နယ်ကို Stay at Home သတ်မှတ်ထားပေမဲ့ ကျေးလက်ဒေသ၏ အနေအထားအရ တစ်အိမ်နှင့် တစ်အိမ် ကူးလူးဆက်ဆံမှုတွေကရှိတယ်ဟု ယူဆရပါကြောင်းနှင့် ထို့အတွက်ကြောင့်လည်း ချောင်းဆုံမြို့နယ်အတွင်းတွင် ရောဂါရှာဖွေကုသမှုများကို တိုးမြှင့်လုပ်ဆောင်နေပေမဲ့လည်း Positive လူနာများ ဆက်လက်တွေ့နေရသည်ကို တွေ့ရကြောင်း ဒေါက်တာနန္ဒဝင်းက ဆိုပါတယ်။
ချောင်းဆုံမြို့နယ်အတွင်းက ပြည်သူတွေအနေနဲ့ Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်ဖြစ်နေသည်နှင့်အညီ အရေးမကြီးလျှင် အပြင်မထွက်ကြဖို့၊ အပြင်ထွက်မည်ဆိုပါကလည်း Mask တပ်ကြဖို့ လိုအပ်ကြောင်းနဲ့ စည်းကမ်းတကျ တစ်လ၊ နှစ်လခန့် နေထိုင်လိုက်ကြမယ်ဆိုပါက COVID-19 ကူးစက်ဖြစ်ပွားမှုက လုံးဝကျသွားနိုင်ကြောင်း ကျန်းမာရေးဌာနက တာဝန်ရှိသူတွေက တိုက်တွန်းပြောကြားထားကြပါတယ်။
ထို့ပြင် COVID-19 ကပ်ရောဂါလက္ခဏာများဖြစ်သည့် အနံ့ပျောက်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ အောက်ဆီဂျင်ကျခြင်း၊ ဖျားနာခြင်း စသည်ဖြင့် ရောဂါလက္ခဏာများ ခံစားနေရသည်ဆိုပါကလည်း နေအိမ်မှာပဲနေထိုင်ကာ ဆေးကုသမှုခံယူခြင်းထက် သက်ဆိုင်ရာ ကျန်းမာရေးဌာနများသို့ သွားရောက်ကာ ဆေးစစ်ခြင်းနဲ့ ဆေးကုသမှုခံယူခြင်းများ လုပ်ဆောင်ကြဖို့ကိုလည်း တိုက်တွန်းထားကြပါတယ်။
မည်သို့ပင်ဆိုစေကာမူ COVID-19 ဆိုတဲ့ ကူးစက်ကပ်ရောဂါကြီးက ရှိနေသေးတဲ့အတွက်ကြောင့် လူတိုင်းလူတိုင်း အပြင်ထွက်လျှင် Mask တပ်ခြင်း၊ လူစုလူဝေးရှောင်ရှားကာ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်း၊ အပြင်မှပြန်လာလျှင်လည်း လက်ကိုစင်ကြယ်စွာဆေးကြောခြင်း၊ ကပ်ရောဂါနဲ့ ပတ်သက်ပြီး မိမိကိုယ်ကိုယ် သံသယဖြစ်ပါကလည်း သက်ဆိုင်ရာ ကျန်းမာရေးဌာနများသို့ သွားရောက်ကာ ဆေးစစ်ခြင်းများလုပ်ဆောင်တွေကို လုပ်ဆောင်နေကြရဦးမှာပါ။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား