■ အဲဗာတန် - အက်စတွန်ဗီလာ (မြန်မာစံတော်ချိန် ဇန်နဝါရီ ၁၄ ရက် ည ၈း၃၀)
အဲဗာတန်အသင်းက ခြေပြန်ကျလာတယ်။ ရလဒ်တွေ ဆက်တိုက် ကောင်းနေရာက အဓိက ကစားသမားတွေလွဲချော်နေတဲ့ ဒဏ်ကိုလည်း ခံနေရတယ်။ အက်စတွန်ဗီလာက အားကောင်းတဲ့အသင်းဖြစ်ပြီး ရလဒ်တွေလည်း ကောင်းနေတယ်။ အမှတ်ပေးဇယားထိပ်ပိုင်းက မဆင်းရဖို့ အသည်းအသန်ရုန်းကန်လိမ့်မယ်။ ဗီလာကို ကြိုက်တယ်။
■ မန်ယူ - စပါး (မြန်မာစံတော်ချိန် ဇန်နဝါရီ ၁၄ ရက် ည ၁၁း၃၀)
မန်ယူနိုက်တက်ကတော့ ပွဲကျပ်တစ်ပွဲကို ကစားရဦးမယ်။ ပထမအကျော့ စပါးကွင်းမှာတုန်းက ပိုစတီဂိုဂလူးက တန်ဟက်ဂ်ရဲ့ မန်ယူနိုက်တက်ကို ၂-၀ ဂိုးနဲ့ အနိုင်ကစားခဲ့တယ်။ ဒီပွဲမှာ ဆွန်ဟောင်မင်၊ ပါပီမာတာဆားတို့ မပါနိုင်ပေမယ့် စပါးရဲ့လက်ရှိ လူအင်အားက တောင့်တင်းပြီး မန်ယူနိုက်တက်ကို အခက်တွေ့စေလိမ့်မယ်။ အိုးလ်ထရက်ဖို့ဒ်မှာ ကစားရမယ့်ပွဲဖြစ်ပြီး ရှယ်ယာရှင်သစ်တွေနဲ့ မန်ယူနိုက်တက်က ပြန်အားကောင်းလာဖို့ မျှော်လင့်ရပေမယ့် တကယ်တမ်းစပါးကိုအနိုင်ကစားဖို့လောက် အထိဆိုရင် တော်တော်လေးခက်ပါတယ်။ စပါးကိုပဲ ကြိုက်တယ်။
■ မန်ယူအသင်းသည် ပရီးမီးယားလိဂ်အိမ်ကွင်းနောက်ဆုံး (၈)ပွဲတွင် (၄)ပွဲနိုင်၊ (၄)ပွဲရှုံးနိမ့်ခဲ့ပြီး (၃)ဂိုးနှင့်အထက်ပေးခဲ့ရသည့်ပွဲအရေအတွက် မှာလည်း (၃)ပွဲရှိခဲ့သည်။
-
မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး အား (၃၅) ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ရက်လုပ်ကပ်ပူဇော်
-
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်တွင် Eleven Media Group မိသားစုက ခုနစ်ကြိမ်မြောက် ကထိန်အလှူတော် ပြုလုပ်
-
■ ဘွန်ဒစ်လီဂါကလပ် ဆန့်ပေါ်လီအသင်း လူမှုကွန်ရက် X မှ နုတ်ထွက်
-
■ မန်ယူတိုက်စစ်မှူးဟောင်း ဖော်လန် ဥရုဂွေးအိုးပင်း ပရိုတင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့
-
■ ကူဒူစ်ကို အနည်းဆုံးပေါင်(၈၅)သန်းရမှ ဝက်စ်ဟမ်းအသင်း ရောင်းမည်