Top News

ကိုင်လီဝေါ်လ်ကာ၏ ပြေးနှုန်းအား ဘောလုံးဝေဖန်သူများ ချီးကျူး
24htopnews | October 31, 2024 8:12 AM CST

ဝက်စ်ဟမ်း (ဝ-၅) မန်စီးတီးပွဲတွင် မန်စီးတီး တိုက်စစ်မှူး ဂျေးဇူး အဖွင့်ဂိုးသွင်းယူနိုင်စေရန်အတွက် ပေးပို့ခဲ့သည့် မန်စီးတီးနောက်ခံလူ ကိုင်လီဝေါ်လ်ကာ၏ ပြေးနှုန်းအား ရုပ်သံဘောလုံးဝေဖန်သူများက ချီးကျူးခဲ့ကြသည်။ 

ဝေါ်လ်ကာသည် မန်စီးတီးညာတောင်ပံတွင် ဝက်စ်ဟမ်းနောက်ခံလူ ခရက်စ်ဝဲလ်ထက် များစွာသာလွန်သည့်ပြေးနှုန်းဖြင့် ပြေးကာ ဘောလုံးကိုရယူခဲ့ပြီး ဝက်စ်ဟမ်းဂိုးရှေ့သို့ ကန်တင်ပေးခဲ့ရာ ဂျေးဇူးက ပိတ်သွင်းခဲ့ခြင်းဖြစ်သည်။  

၎င်း၏ပြေးနှုန်းကို ရုပ်သံဘောလုံးဝေဖန်သူများသာမက ပရိသတ်များကလည်း လူမှုကွန်ရက်စာမျက်နှာများတွင် ချီးကျူးခဲ့ကြသည်။ 

ချယ်လ်ဆီးကွင်းလယ်လူဟောင်း ဂျိုးကိုးလ်က ဝေါ်လ်ကာ၏ ပြေးနှုန်းမှာ မြို့တွင်း၌ ကားများအတွက် သတ်မှတ်သည့် အမြန်ဆုံးမောင်းနှုန်းကိုပင် ကျော်လွန်ခဲ့သည်ဟု ဟာသလုပ်ချီးကျူးခဲ့သည်။

READ NEXT
Cancel OK