လူတစ်ဦးချင်းစီ၏ အခွင့်အရေးနှင့် လူတစ်ဦးချင်းစီအား အကာအကွယ်ပေးနိုင်မှုများ ရရှိစေမည့် ဥပဒေများ ပေါ်ပေါက်လာစေရန် ဆောင်ရွက်နေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
နေပြည်တော်ရှိ M- Gallery ဟိုတယ်တွင် ဇန်နဝါရီ ၃၀ ရက်က ပြုလုပ်သည့် Home-Base Mushroom Cultivation for Persons with Disabilities in Ayeyawaddy စီမံချက် မိတ်ဆက်ခြင်း အခမ်းအနား အဖွင့်မိန့်ခွန်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အထက်ပါကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့အစိုးရအနေနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာပေါ့။ ပြည်နယ်၊ ပြည်မ လုံးဝမခွဲခြားဘူး။ ပြည်နယ်မှာရော ပြည်မမှာရော တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူပြည်သားတွေဟာ တန်းတူညီမျှ၊ သာတူညီမျှအခွင့်အရေးတွေ ရရှိဖို့ဆိုတာကို ကြိုးစားဆောင်ရွက်နေတာဖြစ်ပါတယ်။ သာတူညီမျှ အခွင့်အရေးတွေ ရရှိဖို့အတွက် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို ပြည်ထောင်စုနိုင်ငံ ထူထောင်မယ်ဆိုတာကိုလည်း အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ပီပီပြင်ပြင်ဆောင်ရွက်နိုင်ဖို့ ကြိုးစားဆောင်ရွက် နေကြတာကိုလည်း အားလုံးသိပြီးသားဖြစ်ပါလိမ့်မယ်။ အဲဒီလိုဆောင်ရွက်တဲ့နေရာမှာ အားလုံးတန်းတူညီမျှရရှိဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ ကျွန်တော်တို့က တရားဥပဒေစိုးမိုးပြီးတော့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်အောင် ဦးစီးတာနဲ့ ကိုက်ညီပါတယ်။ အဲဒီတော့ တရားဥပဒေစိုးမိုးတယ်ဆိုတာကတော့ ကျွန်တော်တို့ တရားတဲ့ ဥပဒေတွေရှိရမယ်။ အဲဒီဥပဒေတွေဟာ လူတစ်ဦးချင်း တစ်ဦးချင်းစီရဲ့ အခွင့်အရေးတွေ၊ လူတစ်ဦးချင်းစီအတွက်ကို အကာအကွယ်ပေးနိုင်မှုတွေ ဖြစ်ရပါမယ်။ အဲဒီတော့ ဒီဥပဒေတွေ ဖြစ်ပေါ်လာအောင်လည်း ဆောင်ရွက်နေတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
လူတစ်ဦးချင်းစီ၏ အခွင့်အရေးနှင့် လူတစ်ဦးချင်းစီအား အကာအကွယ်ပေးနိုင်မှုများ ရရှိစေမည့် ဥပဒေများ ပေါ်ပေါက်စေရန် ဆောင်ရွက်ရာတွင် မသန်စွမ်းများကိုလည်း ထည့်သွင်းစဉ်းစားပြီး မသန်စွမ်းများ တစ်ဦးချင်းအတွက် ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိစေရန်နှင့် မသန်စွမ်းများအား ကာကွယ်ပေးနိုင်သည့် ဥပဒေများ ပေါ်ပေါက်လာရန်လည်း လိုအပ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက “အဲဒါကြောင့် မို့လို့ အဲဒီဥပဒေတွေ စိုးမိုးဖို့ ကျွန်တော်တို့ ကြိုးစားနေတယ်။ အဲဒီတော့ ဒီဥပဒေတွေ စိုးမိုးမယ်ဆိုရင် မသန်စွမ်းများရဲ့ ရပ်တည်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုက ပိုပြီးတော့ ပီပြင်လာမှာ ဖြစ်ပါတယ်။ အဲဒီတော့ လူအသီးသီး အကုန်လုံးက၊ လူတိုင်းလူတိုင်းဟာ အခြေခံလူ့အခွင့် အရေးတွေ ရရှိပြီးတော့ ရပ်တည်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်လာလို့ရှိရင် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးမှာ အခြေခံကောင်းတွေ ဖြစ်ပြီးတော့ ကျွန်တော်တို့ မျှော်မှန်းနေတဲ့ တရားဥပဒေစိုမိုးရေးနဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုတာ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ အဲဒီတော့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးက နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးနဲ့လည်း ဆက်စပ်နေတယ်။ ငြိမ်းချမ်းရင် ဖွံ့ဖြိုးတိုးတက်မယ်။ ဖွံ့ဖြိုးတိုးတက်ရင် ပိုပြီးတော့ ငြိမ်းချမ်းရေးကို ဆောင်ရွက်ရတာ အဆင်ပြေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အခြေခံအနေနဲ့ဖြစ်အောင် ဘက်စုံကနေပြီးတော့ ကြိုးစားဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
ဆက်လက်၍ “ငြိမ်းချမ်းမှုကို တည်ဆောက်တဲ့အခါမှာတော့ ကျွန်တော်တို့အနေနဲ့ လူမှုသဟဇာတဖြစ်ရေး၊ အမျိုးသားရင်ကြားစေ့ရေးတို့ အလွန်အရေးကြီးကဏ္ဍတွေလည်း ပါဝင်တာဖြစ်ပါတယ်။ ဒါအတွက်ကိုလည်း ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားဆောင်ရွက်နေတယ်ဆိုတာ အားလုံးသိမှာ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ရဲ့ဆောင်ရွက်ချက်တွေမှာ အားလုံးတစ်နိုင်ငံလုံး ပြည်သူပြည်သား အားလုံးသာတူညီမျှ ရရှိရမယ်ဆိုတဲ့အတွက်ကြောင့် မညီမျှတဲ့နေရာတွေမှာ၊ နိမ့်နေတဲ့ နေရာတွေမှာ ဖြည့်ပေးဖို့၊ ဖို့ပေးဖို့၊ ပံ့ပိုးပေးဖို့ လိုအပ်တယ်ဆိုတာ။ ဒါမှ သာတူညီမျှဆိုတာဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဒီအတွက်ကိုလည်း ကြိုးစားဆောင် ရွက်နေပါတယ်” ဟု ပြောကြားသည်။
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်
-
Nations League ကွာတားဖိုင်နယ်သို့ ပေါ်တူဂီနှင့် နယ်သာလန်အသင်း ထပ်မံတက်ရောက်ခဲ့ပြီး ဂျာမနီအသင်း ပြိုင်ပွဲသမိုင်းတွင် ဂိုးအပြတ်ဆုံးနိုင်ပွဲ စံချိန်တင်