Top News

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အကူအညီဖြင့် နန်ဆန်ယန်ကျေးရွာမှ စစ်ဘေးရှောင် အိမ်ထောင်စု ၁၅ စု၊ လူဦးရေ ၁၅၀ ခန့်အား နေရပ်ပြန်ပို့
24htopnews | October 31, 2024 12:12 AM CST

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အကူအညီဖြင့် နန်ဆန်ယန်ကျေးရွာမှ စစ်ဘေးရှောင် အိမ်ထောင်စု ၁၅ စု၊ လူဦးရေ ၁၅၀ ခန့်အား ဇန်နဝါရီ ၃၀ ရက်က နေရပ်ပြန်ပို့ခဲ့ကြောင်း သတင်းရရှိသည်။

နေရပ်ပြန်သူများကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် အစိုးရအဖွဲ့တို့က အဓိက ကူညီခဲ့ကြောင်း သိရသည်။

နန်ဆန်ယန်ကျေးရွာသို့ ပြန်လည်နေ ထိုင်သူအများစုမှာ စစ်ရှောင်စခန်းများတွင် နာမည်စာရင်း ပေးသွင်းထားသော်လည်း အပြင်ရှိ ဆွေမျိုးအိမ်များ၊ ကိုယ်ပိုင်အိမ်များ တွင်နေထိုင်သူများဖြစ်ကြောင်း၊ လက်ရှိတွင် နန်ဆန်ယန်ကျေးရွာသို့ ပြန်မည့် မိသားစု  ၄၂ စု ရှိနေကြောင်း သိရသည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ထွန်းနေလင်းက “ရွာမှာမိုင်းတွေ၊ ချုံနွယ်တွေ ရှင်းလင်းရေး လုပ်တာတော့ ကြာပါပြီ။ ဒီနေ့ ပြန်တာက အိမ်ထောင်စု ၁၅ စု၊ လူဦးရေ ၁၅၀ လောက် ရှိပါတယ်။ ပြန်တဲ့ မိသား စုတွေက တစ်လစာရိက္ခာ၊ အသုံးအဆောင် တွေပါတယ်။ ဘုန်းကြီးကျောင်း တစ်ကျောင်း၊ ခရစ်ယာန် အာစီကျောင်း တစ်ကျောင်းပါ တယ်။ ကျွန်တော်တို့တပ်ဘက်ကတော့ ရှင်း လင်းရေးလုပ်ငန်းတွေ၊ သန့်ရှင်းရေး လုပ်ငန်းတွေမှာ ကူညီနိုင်ခဲ့ပါတယ်။ ရှေ့ဆက်ပြီး ကူညီနိုင်သလောက် ကူညီဖို့လည်းရှိပါတယ်” ဟု ပြောကြားသည်။

နန်ဆန်ယန်ကျေးရွာတွင် သွားရောက်နေထိုင်မည့် ဒေါ်နန်းအေးက “လူကြီးတွေ စီစဉ်ပေးတဲ့ အတိုင်းပါပဲ။ အိမ်တွေတော့ မဆောက်ရသေးပါဘူး။ ဟိုမှာ ကိုယ်ပိုင်ခြံတွေရှိတယ်။ မိသားစုသုံးဦး အရင်ပြန်မှာ။ ကျွဲနွားတွေလည်း နည်းနည်းပါးပါး ကျန်ပါသေးတယ်” ဟု ပြောကြားသည်။

အိမ်ခြေရာချီရှိခဲ့သည့် နန်ဆန်ယန် ကျေးရွာသည်  မြစ်ကြီးနား-လိုက်ဇာ-ဗန်းမော် လမ်းပိုင်းတွင် တည်ရှိပြီး ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်တွင် တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာပျက်တစ်ခု ဖြစ်ခဲ့သည်။ ကချင်ပြည်နယ်တွင် ၂၀၁၁ခုနှစ် ဇွန် ၉ ရက်မှစတင်ကာ ပစ်ခတ်မှုများ ဖြစ်ပွားလာပြီးနောက်ပိုင်း ကျေးရွာပေါင်း ၃၀၀ ဝန်း ကျင်မှ လူပေါင်းလေးသောင်းကျော် အစိုးရထိန်းချုပ်နယ်မြေ အတွင်းသို့ ဝင်ရောက်လာခဲ့ပြီး လူပေါင်းခြောက်သောင်းကျော်မှာ KIA နယ်မြေအတွင်းသို့ ထွက်ပြေးကာ စစ်ရှောင်စခန်းများတွင် ခိုလှုံနေခဲ့ရသည်မှာ ရှစ်နှစ်နီးပါး ကြာမြင့်ခဲ့ပြီဖြစ်သည်။

ပြန်လည်နေရာချထားရေး လုပ်ငန်းများကို မြစ်ကြီးနားမြို့ ငွေပျော်စံပြကျေးရွာတွင် လည်ကောင်း၊ ဗန်းမော်ခရိုင် မန်စီမြို့နယ်၊ ရေခူးမန်ခံကျေးရွာ အနီးတွင်လည်းကောင်း၊ ၀ိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ အနီးတွင်လည်းကောင်း နေရာချထားမှုများ ဆောင်ရွက်ခဲ့သည်။

သုံးနှစ်ကျော်ကြာ စစ်ပွဲများကြောင့် နေရပ်စွန့်ခွာမှုများအနက် ပထမဆုံး နေရပ်ပြန် ဒုက္ခသည်များမှာ တာလောကြီး တိုက်နယ် စံကင်းကျေးရွာမှ ဒုက္ခသည်များဖြစ်ပြီး အိမ်ထောင်စု ၁၅ စု ၊လူဦးရေ ၈၃ စုက၂၀၁၃ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင်လည်ကောင်း၊ ဆွမ်ပရာဘွမ်မြို့တွင် ခိုလှုံနေသည့် အိမ်ထောင်စု ခုနစ်စု လူဦးရေ ၄၂ ဦးက မတ် ၃၁ ရက်တွင်လည်းကောင်း၊ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့တွင် ခိုလှုံနေသော ဗန်းမော်-မိုးမောက်-လွယ်ဂျယ် ကားလမ်းပေါ်ရှိ စိန်လုံကမ္ဘာကျေးရွာ၊ စိန်လုံကဂျီကျေးရွာ၊ ပန်မူကျေးရွာ သုံးရွာမှ အိမ်ထောင်စုပေါင်း ၃၃ စု၊ လူဦးရေ ၁၉၂ ဦးရှိပြီး ကျောင်းသား ကျောင်းသူ ၆၂ ဦးသည် အောက်တိုဘာ ၁၁ ရက် ၂၀၁၄ ခုနှစ်တွင် လည်းကောင်း နေရပ်ပြန်ခဲ့ကြသည်။    

 


READ NEXT
Cancel OK