ဖေဖော်ဝါရီ ၉ရက်တွင် ဖွင့်လှစ်တော့မည့် မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် အတွင်းရှိ မန်းရွှေစက်တော် ဘုရားပွဲတော် ကာလတွင် ဂေါပကအဖွဲ့ သတ်မှတ်စျေးနှုန်းထက် ပိုမိုကောက်ခံသည့် တဲကျောင်းလုပ်ငန်းများအား သတိပေးမှုမရှိဘဲ တိုက်ရိုက်အရေးယူသွားမည်ဖြစ်ပြီး မန်းချောင်းအတွင်း အမှိုက်နှင့် အညစ်အကြေး စွန့်ပစ်မှုများကို ဒေသန္တ ရ အမိန့်ထုတ်၍ တားမြစ်သွားမည်ဟု ရွှေစက်တော်ဘုုရား ဂေါပကဥက္ကဋ္ဌ ဦးအောင်သိန်းနှင့် မန်းရွှေစက်တော် ဘုရားပွဲတော် ကျင်းပရေးကော်မတီ တာဝန်ရှိသူများက ပြောကြားသည်။
မန်းရွှေစက်တော်ပွဲတော်ကို နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်အထိ ကျင်းပလေ့ရှိကြောင်း ယခုနှစ် ပွဲတော်ကာလသည် ရက်ပေါင်း ၆၈ ရက် ကြာမြင့်မည်ဖြစ်ပြီး ပွဲတော်ကွင်းအတွင်း ဆိုင်ခန်းပေါင်း ၅၀၀ ကျော်နှင့် တဲကျောင်းပေါင်း ၁၀၀၀ ကျော်ကို ဇန်နဝါရီလကုန်ပိုင်းတွင် တည်ဆောက် ပြီးစီးထားကြောင်း သိရသည်။
ယခင်နှစ်များက ပွဲတော်တွင်း ဘုရားဖူး အစည်ကားဆုံးနေ့များတွင် တဲကျောင်းတည်း ခိုခများအား ဂေါပကအဖွဲ့ သတ်မှတ်စျေးနှုန်း များထက် အဆမတန်ကောက်ခံမှုများရှိခဲ့ပြီး ဘုရားဖူးပြည်သူအများစုုက ဝေဖန်မှုများ ရှိခဲ့ ကြောင်း၊ ယခုနှစ်အတွက် မန်းရွှေစက်တော် ဘုရားပွဲတော်အတွင်း တဲကျောင်းတည်းခိုခ များကို ရေစပ်တစ်ခန်းလျှင် တစ်ရက် ကျပ် ၃၀၀၀၀ နှင့် ကုုန်းတွင်းတစ်ခန်းလျှင် တစ်ရက် ကျပ် ၂၀၀၀၀ သာ ကောက်ခံရမည်ဟု ရွှေစက်တော်ဘုရား ဂေါပကအဖွဲ့က သတ်မှတ် ပေးထားကြောင်း၊ အထူး တည်းခိုဆောင် များတွင် တည်းခိုခသည် တစ်ရက်လျှင် ကျပ် ၅၀၀၀၀ မှ တစ်သိန်းအထိ ရှိနိုင်ကြောင်း၊ ထိုသတ်မှတ်ချက်ထက် ပိုမိုကောက်ခံမှု များ အား ဘုရားဖူးများအနေဖြင့်လည်း မပေး ဆောင်စေလိုကြောင်း၊ ထိုသုု့ိ ဂေါပကအဖွဲ့ သတ်မှတ်စျေးနှုန်းထက် ပိုမိုကောက်ခံသူများအား သတိပေးမှုရှိမည် မဟုတ်ဘဲ ဒဏ်ကြေး ရိုက်ခြင်းနှင့် လုုပ်ငန်းပိတ်သိမ်းသည်အထိ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။
“လေလံတွေကို ငွေထုုပ်ပိုက်လိုုက်ပြီး ပန်းကြေးစားနေတဲ့ အုပ်စုတွေကြောင့် ပေးလိုက်ရတဲ့ ဘတ်ဂျက်တွေ တက်တော့ သူတို့လည်း ရိုုးရိုုးသားသား မလုပ်နိုုင်တော့ဘဲနဲ့ လူကျတဲ့ရက်တွေမှာ စျေးပိုတောင်းတဲ့ ပြဿနာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီတော့ ပန်းကြေးသမား နောက်လန်အောင် တတ်နိုင် သမျှလုပ်ခဲ့တာတော့ အောင်မြင်တယ်။ အရင် နှစ်တွေကလောက် ပန်းကြေးကို သိန်း လေး ငါး ခြောက်ဆယ်လောက် ပါသွားတာတွေ မရှိခဲ့ဘူး။ မရှိတော့တဲ့အတွက် သူတိ်ုု့လည်း ဒီစည်းကမ်းကိုု ပန်းကြေးဆိုတဲ့ အရင်းအနှီး လျော့သွားတဲ့အတွက် သူတို့လည်း သက် သောင့်သက်သာနဲ့ ဘုရားဖူးလည်း အဆင် ပြေအောင်၊ သူတိုု့လည်းအဆင်ပြေအောင်ဆိုု အဲဒီလေလံကိုစနစ်တကျလုပ်လိုက်တဲ့ အခါ မှာ ပန်းကြေး လျော့နည်းပြီးတော့ အောင်မြင် သွားတယ်။ အဲဒီအတွက် သူတို့ဘက်က လိုက်နာနိုင်မယ်လို့ ယူဆတယ်။ မလိုက်နာနိုင်ရင်လည်း တိတိကျကျ အရေးယူမယ်။ ဝမ်တိန်တွေဘာတွေ ပေးမနေဘူး။ ဒဏ်ချတာကစပြီးတော့ လုပ်ငန်းပိတ်သိမ်းတဲ့အထိ အရေးယူဖိုု့ရှိတယ်” ဟု ရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိန်းက ပြောကြားသည်။
ဘုရားဖူး ပြည်သူများနှင့် ပွဲတော်တွင်း စျေးသည်များက မန်းချောင်းအတွင်း အမှို်က် များပစ်ချခြင်း၊ ထမင်းအိုး ဟင်းအိုးနှင့် စားသောက်ပန်းကန်များ တိုက်ရိုက်ဆေးကြောချခြင်းနှင့် တံဆိပ်ရိုုက်လုပ်ငန်းများက ဓာတု ဆေးဝါးများပါဝင်သည့် လုုပ်ငန်းသုုံးပစ္စည်း များအား မန်းချောင်းအတွင်း တိုက်ရိုက် ဆေးကြောချခြင်း များကိုလည်း ဒေသန္တရ အမိန့် ထုတ်၍ စောင့်ကြည့်အရေးယူသွားရန် စီစဉ်ထားကြောင်း၊ မန်းချောင်း သောင်ခုံများပေါ်တွင် တည်ရှိနေသည့် အထူးတည်းခို ဆောင်များ၏ မိလ္လာစနစ်များကိုလည်း သတ် မှတ် စံချိန်စံညွှန်းများ မီ၊ မမီကိုလည်း စစ်ဆေးသွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော် ဘုရားပွဲတော် ကျင်းပရေး ကော်မတီ တာဝန်ရှိ သူများထံမှ သိရသည်။
“နမ္မဒါ ဝမ်းတူးကတော့ VIP ဖြစ်တဲ့အတွက် Toilet တွေပါ တွဲပါ ပါတယ်။ Toilet တွေကလည်း ခေတ်ပေါ် နည်းစနစ်တွေနဲ့ လုပ်ဖို့၊ လုပ်လည်း လုပ်ကြပါတယ်။ ကျွန်တော်တို့လည်း လိုက်ကြည့်ပါတယ်။ အဲလိုတွေ မန်းချောင်းထဲကို စိမ့်ဝင်မှုမရှိအောင်၊ ထိခိုက်မှုမရှိအောင် ကျွန်တော်တိုု့ကလည်း ကြပ်ကြပ်မတ်မတ်နဲ့ လုပ်မယ်။ သူတို့ကလည်း လုပ်နေကျ အဖွဲ့တွေပါပဲ။ အခုကျွန်တော် သိရသလောက်ကတော့ အခုနှစ်မှာ ပိုကောင်းအောင် လုုပ်တဲ့သဘော ရှိပါတယ်။ ကျွန်တော်လည်း အမြဲကြပ်မတ် စစ်ဆေးနေပါတယ်” မန်းရွှေစက်တော် ဘုရားပွဲတော် ကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ မင်းဘူးခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးစန်းဌေးက ပြောကြားသည်။
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်
-
Nations League ကွာတားဖိုင်နယ်သို့ ပေါ်တူဂီနှင့် နယ်သာလန်အသင်း ထပ်မံတက်ရောက်ခဲ့ပြီး ဂျာမနီအသင်း ပြိုင်ပွဲသမိုင်းတွင် ဂိုးအပြတ်ဆုံးနိုင်ပွဲ စံချိန်တင်