Top News

တိုက်ဖွန်းKong-rey ထိုင်ဝမ်သို့ အောက်တိုဘာ ၃၁ ရက်တွင် ဝင်မည်
24htopnews | October 30, 2024 11:13 PM CST

စူပါတိုက်ဖွန်း Kong-rey သည် ကျွန်းဒေသသို့ ဝင်ရောက်တိုက်ခတ်ရန် နီးကပ်လာသောကြောင့် အောက်တိုဘာလ ၃၀ ရက်နေ့တွင် ထိုင်ဝမ်ကမ်းခြေသို့ ၅ မီတာအမြင့်ရှိ လှိုင်းလုံးများရိုက်ခတ်ခဲ့သည်။ တိုက်ဖွန်းသည် ကျွန်းဒေသကို မဝင်ရောက်မီတွင် နှစ်များစွာအတွင်း အားပြင်းဆုံး မုန်တိုင်းတစ်လုံးအဖြစ် အားကောင်းလာနိုင်သည်ဟု မိုးလေဝသခန့်မှန်းသူများက တွက်ဆထားသည်။

ထိုင်ဝမ်သို့ ချဉ်းကပ်လာစဉ် Kong-rey ၏ လေတိုက်နှုန်း သည် တစ်နာရီ လျှင်၂၄၀ ကီလိုမီတာနှုန်းတွင် ဆက်ရှိနေခဲ့သည်ဟု အမေရိကန်ပူးတွဲ တိုက်ဖွန်းသတိပေးရေးဌာနက ယင်း၏ နောက်ဆုံးသတင်းထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

သို့ရာတွင် မုန်တိုင်းသည် အောက်တိုဘာ ၃၁ ရက်တွင် ကျွန်း၏ လူနေကျဲပါးသော အရှေ့တောင်ပိုင်းသို့ မဝင်ရောက်မီတွင် လေတိုက်နှုန်းသည် တစ်နာရီ လျှင်၂၅၀ ကီလိုမီတာသို့ အရှိန်မြင့်လာနိုင်သည်ဟု မျှော်လင့်ရသည်။

နိုဝင်ဘာလ ၁ ရက်‌ နေ့ ၌ မုန်တိုင်းဒဏ်ကို အခံရဆုံးဧရိယာများတွင် မိုးရေချိန် တစ်မီတာကျော် ရွာသွန်းနိုင်သကဲ့သို့ ရာသီအလိုက် မိုးရွာသွန်းမှုများကြောင့်လည်း လူဦးရေ ၂၃ သန်းနေထိုင်ရာ ကျွန်းဒေတွင် မိုးကြီးကာ မြေပြိုနိုင် ပြီး အနိမ့်ပိုင်းဒေသတွင် နေထိုင်သူများကို ဘေးလွတ်ရာသို့ ပြောင်း ရွှေ့ နေထိုင်ကြရန် သတိပေးချက်ထုတ် ပြန်ထားခဲ့သည်။

Kong-rey သည် ဇူလိုင်လအတွင်းက ထိုင်ဝမ်ကို ၈ နှစ်အတွင်း အားအပြင်းဆုံး တိုက်ဖွန်းအဖြစ် ဝင်ရောက်တိုက်ခတ်ခဲ့သော လူအ‌ေ-သအပျောက်များ သောတိုက်ဖွန်း Gaemi ထက် ပိုမိုအားကောင်းသည်ဟု သိရသည်။

“Kong-rey သာ လက်ရှိလေတိုက်နှုန်းအတိုင်း ဆက် တိုက် မယ်ဆိုရင် ၈ နှစ်အတွင်း အကြီးဆုံး တိုက်ဖွန်းဖြစ်လာမှာပါ” ဟု မိုးလေဝသပညာရှင် မစ္စတာ Chang Chun-yao က အေအက်ဖ်ပီ သတင်းဌာန ကို ပြောကြားခဲ့သည်။

Ref: သည်စထရိတ်တိုင်းမ်စ်


READ NEXT
Cancel OK