ပခုက္ကူကြက်သွန်စျေးကွက်အတွင်း ယခုဇန်နဝါရီလလယ်ပိုင်းမှစ၍ ဝယ်လက်နည်းပါးခြင်းနှင့် ကုန်းမြေစိုက် ကြက်သွန် သစ်အများအပြား ဝင်ရောက်လာခြင်းကြောင့် စျေးနှုန်းကျဆင်းလာပြီး တစ်ပိဿာအမြင့်ဆုံး ကျပ် ၁၂၀၀ သာ ပေါက်စျေးရှိကြောင်း ကုန်သည်များထံမှ သိရသည်။
ဇန်နဝါရီလ ဒုတိယပတ်ထိ ကြက်သွန် တစ်ပိဿာအမြင့်ဆုံး ကျပ်၁၇၀၀ ပေါက် စျေးရှိရာမှ ဘင်္ဂလားဒေ့ရှ်ဝယ်လက် နည်းပါးသွားသည့် လလယ်ပိုင်းမှစ၍ စျေးနှုန်း ဆက် တိုက်ကျဆင်းလာရာ အမြင့်ဆုံး တစ်ပိဿာ ကျပ် ၁၂၀၀ မှ အနိမ့်ဆုံး ကျပ် ၅၀၀ ထိ ရောက်ရှိသွားခြင်းဖြစ်ကြောင်း သိရသည်။
ပခုက္ကူကြက်သွန်စျေးကွက်အတွင်း ဇန်နဝါရီ ၁၅ ရက်စျေးကွက်တွင် ကြက်သွန်နီ ဂျွန်ကြီးတစ်ပိဿာ ၁၁၀၀ - ၁၂၀၀ ကျပ်၊ ဂျွန်လတ်တစ်ပိဿာ ၈၀၀ - ၁၀၀၀ ကျပ်၊ ဂျွန်သေးတစ်ပိဿာ ၄၀၀ - ၆၀၀ ကျပ် ပေါက်စျေးရှိကြောင်း သိရသည်။
“ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ဘင်္ဂလားဒေ့ရှ် ဝယ်လက်တွေဝယ်တော့ စျေးက ဆက်တိုက် တက်နေတာ။ အခုရက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ် က မဝယ်တော့တဲ့အတွက် စျေးက ဆက်တိုက် ပြန်ကျသွားတယ်။ ဒီနှစ်ရက်လောက်အတွင်းကို တစ်ပိဿာ နေ့စဉ် ကျပ်၂၀၀ ဆီလောက် ကျသွားတယ်။ လက်ရှိကတော့ ရန်ကုန်ဝယ် လက်တစ်ခုကို အားထားပို့နေရတယ်။ ကုန် ဝင်များတော့ ရန်ကုန်ဝယ်လက်တွေလည်း စျေးချဝယ်နေတယ်” ဟု ပခုက္ကူမြို့မှ ကြက်သွန်ရောင်းဝယ်ရေးလုပ်ကိုင်သူ ကိုကျော်သန်းက ပြောကြားသည်။
လက်ရှိတွင် ပခုက္ကူကြက်သွန်စျေးကွက် အတွင်း မိုးကြက်သွန်လက်ကျန်များ ဝင်ရောက် နေဆဲဖြစ်ပြီး ယောချောင်းအနီး ကုန်းစိုက် ပျိုးမြေများမှ ထွက်ရှိသည့် ကြက်သွန်သစ် များမှာ ဇန်နဝါရီ လဆန်းပိုင်းမှစ၍ စျေးကွက် အတွင်း ဝင်ရောက်နေရာ နေ့စဉ် ပိဿာချိန် တစ်သိန်းခန့် ဝင်ရောက်ကြောင်း သိရသည်။
နယ်စပ်ဝယ်လက်များ နည်းပါးသွား သည့်အတွက် စျေးနှုန်းဆက်တိုက်ကျဆင်း နေခြင်းကြောင့် တောင်သူများ စိုးရိမ်မှုရှိနေ ပြီး တစ်ပိဿာ ကျပ်၁၀၀၀ အောက်ရောက်ရှိ သွားပါက တောင်သူများအနေနှင့်အကျိုးအ မြတ် မျှော်လင့်နိုင်ခြေနည်းပါးသွားကြောင်း သိရသည်။
“လက်ရှိစျေးနှုန်းကတော့ တောင်သူ တွေအတွက် အဆင်ပြေသေးတယ်။ ဒီထက် စျေးကျလာမယ်ဆိုရင် တောင်သူအတွက် စိုးရိမ်ရတယ်။ တောင်သူက တစ်ပိဿာ ၈၀၀ လောက်ထိ အဆင်ပြေတယ်။ ကုန်စိမ်း ဖြစ်တာကြောင့် အစိုခန်းပြီး အလေးချိန် လျော့တာနဲ့ အလုံးသေး စျေးမရတာနဲ့ ဆိုတော့ စျေးကျလာမှာ စိုးရတယ်” ဟု ပေါက် မြို့နယ်မှ တောင်သူ ကိုဌေးလှိုင်ကပြောကြားသည်။
ပခုက္ကူကြက်သွန်စျေးကွက်အတွင်း ပြီး ခဲ့သည့် ၂၀၁၉ ခုနှစ် နှစ်ဦးပိုင်းမှ သြဂုတ်လ ထိ ကြက်သွန်တစ်ပိဿာ ကျပ် ၇၀၀ အောက်ဖြင့် ရောင်းချခဲ့ရပြီး ဝယ်လက်များ ပြားလာသည့် နှစ်ကုန်ပိုင်းတွင် တစ်ပိဿာ ကျပ်၂၃၀၀ ထိ စျေးနှုန်းမြင့်တက်ခဲ့သည်။
ယောချောင်းတစ်ဝိုက် ကြက်သွန်စိုက် တောင်သူများမှာ စျေးနှုန်းမြင့်တက်သည့် အချို့သောနှစ်များတွင် အကျိုးအမြတ်ခံစား ရသော်လည်း အချိန်အခါမဲ့ မိုးရွာသွန်းမှု ကြောင့် စိုက်ခင်းများ ချောင်းရေနစ်မြုပ်ခြင်း နှင့် စျေးနှုန်းအလွန်အမင်းကျဆင်းသည့်နှစ် များတွင် ဆုံးရှုံးမှုများပြားကြောင်း သိရ သည်။
ပခုက္ကူခရိုင် ပေါက်မြို့နယ်အတွင်း ယခုနှစ် ဇန်နဝါရီ ၅ ရက်က စတင်ရွာသွန်းခဲ့သည့် အချိန်အခါမဲ့မိုးကြောင့် ကြက်သွန်နီနှင့် မြေပဲ ဧက ၃၀၀ ကျော် ရေနစ်မြုပ်ထိခိုက်ခဲ့ပြီး ကြက်သွန်နီ ၂၄ ဧက ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဌာနဆိုင်ရာ ကောက်ယူမှု မှတ်တမ်းများအရ သိရသည်။
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်
-
Nations League ကွာတားဖိုင်နယ်သို့ ပေါ်တူဂီနှင့် နယ်သာလန်အသင်း ထပ်မံတက်ရောက်ခဲ့ပြီး ဂျာမနီအသင်း ပြိုင်ပွဲသမိုင်းတွင် ဂိုးအပြတ်ဆုံးနိုင်ပွဲ စံချိန်တင်