မန္တလေးတက္ကသိုလ်အတွင်း Food Court ဆောက်လုပ်မှုနှင့်ပတ်သက်၍ လေးလကျော်သည်အထိ သက်ဆိုင်ရာ၏ အပြီး သတ်စုံစမ်းစစ်ဆေးမှုရလဒ် ထွက်ပေါ်လာခြင်းမရှိသေးသဖြင့် မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက တက္ကသိုလ်ပင်မဆောင်ရှေ့၌ သပိတ်စခန်းဖွင့် တောင်းဆို ဆန္ဒထုတ်ဖော်လျက်ရှိရာ အဆိုပါဆန္ဒထုတ်ဖော်မှုကိုဝန်းရံထောက်ခံပြီး ပူးပေါင်းပါဝင်လာသည့် ကျောင်းသား၊ ကျောင်းသူအင်အား များတိုးလာနေပြီး တောင်းဆိုချက်များ မရမချင်း သပိတ်တိုက်ပွဲကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ကျောင်းသားများက ပြောကြားခဲ့သည်။
မန္တလေးတက္ကသိုလ် ပင်မဆောင်ရှေ့ တွင် ဇန်နဝါရီ ၉ ရက်မှစတင်ကာ ကျောင်း သားများက Food Court ဆောက်လုပ်မှုနှင့်ပတ်သက်၍ သပိတ်မှောက်ဆန္ဒထုတ်ဖော်လျက်ရှိရာ ဆန္ဒထုတ်ဖော်မှု ရက်သတ္တပတ် ခန့်ကြာမြင့်လာချိန်တွင် အဆိုပါ ကျောင်းသားများ၏ ဆန္ဒထုတ်ဖော်မှုအပေါ် မန္တလေးတက္ကသိုလ်ရှိ ကျောင်းသား၊ ကျောင်းသူများက ပူးပေါင်းဝန်းရံထောက်ခံမှု များလာခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ထို့ပြင်မန္တလေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၏ သပိတ်မှောက် တောင်းဆို ဆန္ဒထုတ်ဖော်နေမှုကို နိုင်ငံအနှံ့အပြားရှိ တက္ကသိုလ်၊ ကောလိပ် ကျောင်းအသီးသီးမှကျောင်းသားသမဂ္ဂများ ကလည်း ဝန်းရံထောက်ခံကြောင်း ကြေညာချက်များ ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
“မန္တလေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂက သပိတ်မှောက်တောင်းဆိုဆန္ဒထုတ် ဖော်နေမှုကို ကျွန်တော်တို့ မန္တလေးတက္က သိုလ်အတွင်းမှာရှိနေတဲ့ ကျောင်းသား၊ ကျောင်းသူအသီးသီးတို့က ဝန်းရံထောက်ခံ အားပေးကြပါတယ်။ ဒါပေမဲ့ ကျောင်းအုပ် ချုပ်ရေးအဖွဲ့ကတော့ ကျွန်တော်တို့ကျောင်း သားသပိတ်ကို ဝန်းရံထောက်ခံသူတွေကို ဖိ အားပေးနေမှုတွေက အများကြီးရှိနေတယ်။ ကျောင်းထဲမှာရှိနေတဲ့ အဓိကဝင်ပေါက်တံ ခါးတွေကို ပိတ်ဆို့ထားတာ၊ လမ်းတွေကိုပိတ် ဆို့ထားတာတွေရှိပါတယ်။ နောက်ပြီး ကျောင်း စာသင်ခန်းတွေထဲမှာလည်း ကျွန်တော်တို့ ကျောင်းသားသပိတ်နဲ့ပတ်သက်ပြီး သွား ရောက်မပူးပေါင်းဖို့နဲ့ အခြားမမှန်ကန်တဲ့ သတင်းအမှားတွေကို ဖြန့်ချိပြောနေတာတွေ ရှိနေတယ်။ ကျွန်တော်တို့နဲ့ပူးပေါင်းရင် ဥပမာ ထောင်ကျမှာတို့၊ ကျောင်းထဲမှာ အ ဆောင်နေခွင့်မရတော့မှာတို့ စသဖြင့်ပေါ့ ၀ါဒဖြန့်နေတာတွေရှိတယ်။ ကျွန်တော်တို့ ဘက်ကလည်း တတ်နိုင်သလောက် ကျောင်း သားတွေကိုရှင်းပြပါတယ်။ ကျွန်တော်တို့ ကျောင်းသားသပိတ်ဟာ တရားဥပဒေဘောင် အတွင်းကနေ အမိမန္တလေးတက္ကသိုလ်ကြီး အတွက် တောင်းဆိုဆန္ဒထုတ်ဖော်နေခြင်း ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့နဲ့အတူ လာရောက်ပူးပေါင်းပေးကြဖို့ ရှင်းပြထားပါ တယ်။ အခုအခြေအနေအထိကတော့ ကျောင်းသားထုအင်အားကတော့ တိုးလာ နေတယ်လို့ ပြောလို့ရပါတယ်။ ကျွန်တော်တို့ ကတော့ တောင်းဆိုထားတဲ့ တောင်းဆိုချက် တွေ မရမချင်း သပိတ်ကို ရပ်နားသွားမှာ မဟုတ်ပါဘူး”ဟု မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုဝေယံထက်က ပြော ကြားသည်။
မန္တလေးတက္ကသိုလ်အတွင်း သပိတ် မှောက်တောင်းဆိုဆန္ဒထုတ်ဖော်လျက်ရှိ သည့် ကျောင်းသားများသည် ဇန်နဝါရီ ၁၄ ရက်က တက္ကသိုလ်ကျောင်းအတွင်းလှည့် လည်၍ ဆန္ဒထုတ်ဖော်ခြင်း၊ ကျောင်းအတွင်း ရှိ ကျောင်းသား၊ ကျောင်းသူများ၏ အဆောင် များသို့သွားရောက်၍ စည်းရုံးဟောပြောခြင်း များ လုပ်ဆောင်ခဲ့ကြပြီး ထိုသို့ ကျောင်းတွင်း အဆောင်များသို့ သွားရောက်စည်းရုံးဟော ပြောမှုများကြောင့် ကျောင်းသားသပိတ်အ တွင်းသို့ ကျောင်းသား၊ ကျောင်းသူများ ထပ် မံဝင်ရောက်ပါဝင်မှုများ ရှိလာခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၁၅ ရက်တွင် ကျောင်းသား များက ကျောင်းအတွင်းသပိတ်မှောက်ဆန္ဒ ထုတ်ဖော်နေမှုနှင့်ပတ်သက်၍ မန္တလေးတက္က သိုလ်တွင် ဘွဲ့နှင်းသဘင်ကျင်းပရန်နီးကပ်နေသဖြင့် ဘွဲ့ယူကျောင်းသားများ အဆင် ပြေစေရန် သပိတ်စခန်းကို အဓိပတိလမ်း ဝင်ပေါက်ဘေးဘက်သို့ ပြောင်းရွှေ့ပေးခဲ့ကြ ပြီး အဓိပတိဝင်ပေါက်တံခါး ပိတ်ထားမှုမှာ ပြန်လည်ဖွင့်ခြင်း၊ မဖွင့်ခြင်းသည် ကျောင်း အုပ်ချုပ်ရေးအဖွဲ့၏ ဆုံးဖြတ်ချက်သာဖြစ် ကြောင်း၊ သပိတ်တိုက်ပွဲနေ့စဉ်ရက်ဆက် တွင် ပူးပေါင်းပါဝင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ ပင်ပန်းနွမ်းနယ်ခြင်း၊ ကျန်း မာရေးထိခိုက်မှုများ မဖြစ်ပေါ်စေရန်အတွက် အဆိုပါ ဇန်နဝါရီ ၁၅ ရက်တွင် ကျောင်းအ တွင်းလှည့်လည်၍ ဆန္ဒထုတ်ဖော်မှုပြုလုပ်သွားမည်မဟုတ်ကြောင်း၊ လာရောက်ပူးပေါင်း ပါဝင်လိုကြသည့် ကျောင်းသား၊ ကျောင်သူ များအနေဖြင့် သပိတ်စခန်းသို့လာရောက် ဝန်းရံပူးပေါင်းနိုင်ကြောင်း မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ သပိတ်ဦးဆောင် ကော်မတီက ထုတ်ပြန်ထားသည်။
မန္တလေးတက္ကသိုလ်အတွင်း စားသောက် ဆိုင်တန်းဆောက်လုပ်ရာတွင် တက္ကသိုလ် ပါမောက္ခချုပ်က နိုင်ငံတော်သမ္မတ၏ညွှန် ကြားချက်နှင့် တည်ဆဲဥပဒေများအား ချိုး ဖောက်၍ တင်ဒါခေါ်ယူခဲ့ခြင်းမရှိဘဲ ဥမငနည-အေူ ံသကျန အား ဆောက်လုပ်ခွင့်ပြုပေးခဲ့ ခြင်းကြောင့် ပွင့်လင်းမြင်သာမှုမရှိသဖြင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာလက တောင်းဆိုချက်ခုနစ်ချက်ဖြင့် ကျောင်းသား များက သပိတ်မှောက်တောင်းဆိုခဲ့ရာ ပညာ ရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးခဲ့သော် လည်း လေးလကျော်ကြာမြင့်လာချိန်အထိ အပြီးသတ်ဆုံးဖြတ်ချက်တစ်စုံတစ်ရာ ထုတ် ပြန်ပေးနိုင်ခြင်းမရှိသေးသဖြင့် ဇန်နဝါရီ ၉ ရက်တွင် သပိတ်စခန်းပြန်လည်ဖွင့်၍ တောင်း ဆိုခဲ့ခြင်းဖြစ်ကြောင်း ကျောင်းသားများက ပြောကြားသည်။
မန္တလေးတက္ကသိုလ်အတွင်း င်္သသိ ဃသကမအ ဆောက်လုပ်မှုနှင့်ပတ်သက်၍ သပိတ် မှောက်ဆန္ဒထုတ်ဖော်ရာတွင် နိုင်ငံတော် သမ္မတ ညွှန်ကြားချက်နှင့် တည်ဆဲဥပဒေများ အား ဖောက်ဖျက်ကျူးလွန်သော မန္တလေး တက္ကသိုလ်ကျောင်းအုပ်ချုပ်ရေးအဖွဲ့အား အမြန်ဆုံးအရေးယူပေးရေး၊ မန္တလေးတက္က သိုလ်အားအသုံးချ၍ ကိုယ်ကျိုးရှာသော ပါမောက္ခချုပ်အလိုမရှိ၊ ပညာရေးဝန်ကြီးဌာန ၏ အချိန်ဆွဲ၍ဘက်လိုက်သော ဖြေရှင်းမှု အလိုမရှိ၊ မှန်ကန်မျှတသော အပြီးသတ်စုံ စမ်းစစ်ဆေးမှုရလဒ် အမြန်ဆုံးထုတ်ပြန်ပေး ရေး အစရှိသည့် တောင်းဆိုချက်များဖြင့် မန္တလေးတက္ကသိုလ်ပင်မဆောင်ရှေ့၌ ကျောင်း သားများက သပိတ်စခန်းဖွင့် ဆက်လက် တောင်းဆိုလျက်ရှိကြောင်း သိရသည်။
အပြီးသတ် စုံစမ်းစစ်ဆေးမှု ရလဒ် မထုတ် ပြန်မချင်း သပိတ်စခန်းဆက်လက်ဖွင့် လှစ်ကာ တောင်းဆိုမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း မန္တလေး တက္ကသိုလ်ကျောင်းသား များသမဂ္ဂမှ ကျောင်းသားများက ပြောကြား ခဲ့သည်။
မန္တလေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂက တက္ကသိုလ်ပင်မဆောင်ရှေ့၌ သပိတ် စခန်းဖွင့် တောင်းဆိုဆန္ဒထုတ်ဖော်နေမှုနှင့် ပတ်သက်၍ ဇန်နဝါရီ ၁၀ ရက်တွင် မန္တလေး တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့က အချက် ၁၀ ချက်ပါဝင်သည့် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ရာတွင် ကျောင်းသားများ၏ ဆန္ဒ ထုတ်ဖော်မှုမှာ အေးချမ်းစွာပညာသင်ကြား နေသော ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများကို လွန် စွာစိတ်အနှောင့်အယှက်ဖြစ်စေသည်ဟု မန္တ လေးတက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့မှ ကြေ ညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ ကျောင်းသားများအနေဖြင့် စနစ်တကျဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေခြင်းသာဖြစ်သဖြင့် ထိုကဲ့သို့ စိတ်အနှောင့်အယှက်ဖြစ် စရာမရှိကြောင်း၊ ကျောင်းအာဏာပိုင်အဖွဲ့မှ ကျောင်းအတွင်းရှိ အဓိကဝင်ပေါက်များနှင့် လမ်းများအားပိတ်ဆို့ထားသဖြင့်သာ ကျောင်းသား၊ ကျောင်းသူများ ဆရာ၊ဆရာမများ စိတ် အနှောင့်အယှက်ဖြစ်ရကြောင်း တုံ့ပြန်ပြော ကြားခဲ့ကြသည်။
မန္တလေးတက္ကသိုလ်အတွင်းရှိ Food Court ကို ၂၀၁၈ ခုနှစ် သြဂုတ်လအတွင်းက ဆောင်လုပ်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ဆောက်လုပ်ရာတွင် နိုင်ငံတော်သမ္မတ၏ညွှန်ကြားချက် များနှင့် တည်ဆဲဥပဒေများအား လိုက်နာ ဆောင်ရွက်ခြင်းမရှိဟုဆိုကာ ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ကျောင်းသားများက သပိတ် မှောက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ထိုသို့ ဆန္ဒထုတ်ဖော်မှုကြောင့် စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် သပိတ်အား ခေတ္တရပ်နား ထားခဲ့ပြီးနောက် အဆိုပါ စုံစမ်းစစ်ဆေးမှုရလဒ်မှာ လေးလကျော်သည်အထိ အပြီးသတ်ရလဒ်အား ထုတ်ပြန် ပေးခြင်းမရှိသေးသဖြင့် ကျောင်းသားများက ဇန်နဝါရီ ၉ ရက်တွင် ထပ်မံသပိတ်မှောက် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်
-
Nations League ကွာတားဖိုင်နယ်သို့ ပေါ်တူဂီနှင့် နယ်သာလန်အသင်း ထပ်မံတက်ရောက်ခဲ့ပြီး ဂျာမနီအသင်း ပြိုင်ပွဲသမိုင်းတွင် ဂိုးအပြတ်ဆုံးနိုင်ပွဲ စံချိန်တင်