တောင်ဒဂုံမြို့နယ်ရှိ လမ်းမများတွင် အချိန်ကြာမြင့်စွာရပ်ထားသည့် ယာဉ်အို ယာဉ်ဟောင်းများနှင့် စုပုံထားသည့်ယာဉ် နှင့် ဆက်စပ်ပစ္စည်းများကို ရှင်းလင်းရန် အသိ ပေးထားသော်လည်း ကာယကံရှင်များက မရှင်းလင်းပါက အမှိုက်အဖြစ် သတ်မှတ်၍ နောက်ဆုံးအမှိုက်ပုံသို့ စွန့်ပစ်မည်ဖြစ်ကြောင်း မြို့တော်ဝန် ဦးမောင်မောင်စိုးက ဇန်နဝါရီ ၁၄ ရက်ကပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မဲဆန္ဒ နယ်အမှတ်(၁)ရန်ကုန်တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ်ဦးညီညီက ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်လမ်းမကြီးများပေါ်တွင် ရှိသော ယာဉ်အိုယာဉ်ဟောင်းများအား မြို့ အင်္ဂါရပ်လမ်းအင်္ဂါရပ်နှင့်ညီအောင် ဖယ်ရှား ရှင်းလင်းဆောင်ရွက်ပေးနိုင်ရန် အစီအစဉ် ရှိမရှိ မေးမြန်းမှုအား ပြန်လည်ဖြေကြားရာ တွင် မြို့တော်ဝန်ကယင်းကဲ့သို့ ပြောကြားခဲ့ ခြင်းဖြစ်သည်။
“ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အဓိကလမ်းမကြီးများပေါ်မှာ ဖယ်ရှားခြင်း၊ ရှင်းလင်းခြင်းမရှိဘဲနဲ့ အချိန်ကြာကြီး ရပ်နား ထားတဲ့ ယာဉ်အိုယာဉ်ဟောင်းတွေနဲ့ စုပုံ ထားသည့်ယာဉ်နှင့် ဆက်စပ်ပစ္စည်းတွေကို တာဝန်ရှိသူတွေက လာရောက်ရှင်းလင်းဖို့ အသိပေးအကြောင်းကြားပြီးသော်လည်း သက်ဆိုင်ရာကာယကံရှင်များက လာရောက် ရှင်းလင်းခြင်းမရှိခဲ့ရင် အဲဒီပစ္စည်းများကို အ မှိုက်အဖြစ် သတ်မှတ်ဖယ်ရှားရှင်းလင်းရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ လိုအပ်သောပစ္စည်းသယ်ယာဉ်၊ စက်ယန္တရား(ကရိန်းကား၊ ဖော့ကလစ်ကား၊ ဘတ်ဟိုးယာဉ်)များအသုံးပြု၍နောက်ဆုံး စွန့်ပစ် အမှိုက်ပုံသို့သွားရောက်စွန့်ပစ်ရမှာပါတယ်” ဟု မြို့တော်ဝန်က ပြောကြားသည်။
လက်ရှိ ယင်းသို့ဆောင်ရွက်ပါက မလိုလားအပ်သော ကုန်ကျစရိတ်များသုံးစွဲမည် ဖြစ်သဖြင့် အဆိုပါ စွန့်ပစ်ပစ္စည်းများကို ဒဂုံ မြို့သစ်(တောင်ပိုင်း)မြို့နယ်၊(၂၀)ရပ်ကွက်၊ ဖူးကြီးလမ်းရှိလမ်း၊ တံတားဆိုင်ရာလုပ်ငန်း တာဝန်ခံအဖွဲ့ပိုင်(ရဝဝပေ-၃၅ဝပေ) ဧရိယာ ရှိသော ဝင်းအတွင်းသို့ ဖယ်ရှားပြောင်းရွှေ့ သွားမည်ဖြစ်ပြီး ယင်းသို့ဆောင်ရွက်ရန်အ တွက် ကရိန်းနှင့် စက်ယန္တရားများကို ဒဂုံမြို့ သစ်(တောင်ပိုင်း)မြို့နယ်၊ စက်မှုဇုန်(၂)မှ လုပ်ငန်းရှင်တစ်ဦးက အခမဲ့ကူညီဆောင်ရွက် ပေးမည်ဖြစ်ကြောင်း မြို့တော်ဝန်က ပြော ကြားသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ ၁၉၉၉ ခုနှစ် ဒီဇင်ဘာ ၂၄ရက် ရက်နေ့အမိန့်ကြော်ငြာစာအမှတ်(၁၀/၉၉)ဖြင့် ထုတ်ပြန်သည့် တည်ဆဲပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဆိုင်ရာနည်း ဥပဒေ များ၊ နည်းဥပဒေ၂၊ နည်းဥပဒေခွဲ(ခ)တွင် အမှိုက်ဆိုသည်မှာအသုံးမလို၍ စွန့်ပစ် သည့်ပစ္စည်းများကို ဆိုလိုသည်ဟု ပြဋ္ဌာန်း ထားကြောင်း မြို့တော်ဝန်က ပြောကြားသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ယာဉ်အိုယာဉ်ဟောင်းများ၊ ယာဉ်နှင့်ဆက် စပ်ပစ္စည်းများစုပုံထားရှိသည့် လမ်းများမှာ စက်မှုလမ်းမကြီးနှင့်မောင်းမကန်ကမ်းသာ လမ်းတို့ဖြစ်ကြောင်း၊စက်မှုလမ်းမကြီးသည် စက်မှုဇုန်(၂)တွင်ပါဝင်ပြီး ၆၂ ရပ်ကွက်၊ ၆၃ ရပ်ကွက်၊ ၆၄ ရပ်ကွက် စသည့်ရပ်ကွက်သုံးခု အား ဖြတ်သန်းဖော်ထုတ်ထားသော အရှည် ပေ ၉၈၀၀ ရှိသည့် နှစ်လမ်းသွားလမ်းမကြီး ဖြစ်ကြောင်း၊ မောင်းမကန်ကမ်းသာလမ်းမှာ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊အမှတ်(၂)လမ်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဧရာ ဝဏ်လမ်းတို့နှင့်ဆက်သွယ်ထားသော အ ရှည် ၁၁၆၀၀ ပေရှိသည့် အဓိကလမ်းမကြီး ဖြစ်ပြီး အမှတ် ၁၇၊ ၁၈၊ ၁၉ ရပ်ကွက်များအား ဖြတ်သန်းဖောက်လုပ်ထားသော လမ်းဖြစ် ကြောင်း၊ စက်မှုဇုန်လမ်းမကြီး၊ ၆၃ ရပ်ကွက် နယ်နိမိတ်တွင် ယာဉ်အိုယာဉ်ဟောင်း၊ သံထည် ပစ္စည်းများနှင့် ယာဉ်နှင့်ဆက်စပ်ပစ္စည်းများ အား လမ်းနယ်တွင် ကျူးကျော်စုပုံထားရှိ ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့်၂၀၁၉ ခုနှစ် စက်တင်ဘာ ၉ ရက်နောက်ဆုံးထားဖယ်ရှား ပေးရန် ပိုင်ရှင်ဖော်ထုတ်ရရှိသည့် ယာဉ်နှင့် စက်ပစ္စည်းများအား သက်ဆိုင်ရာပိုင်ရှင်များ ထံသို့လည်းကောင်း၊ ပိုင်ရှင်ရှာဖွေမတွေ့ရှိ သော မြေပြင်ရှိယာဉ်နှင့် ဆက်စပ်ပစ္စည်းစုပုံ များ၏ အများမြင်သာသည့်နေရာတွင် အ ကြောင်းကြားစာ(Notice)များကပ်၍လည်း ကောင်း ဆောင်ရွက်ခဲ့ကြောင်း မြို့တော်ဝန် က ပြောကြားသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် စည် ပင်သာယာရေးကော်မတီအနေဖြင့် မြို့နယ်အတွင်းရှိ စစ်ဆေးတွေ့ရှိရသည့် ယာဉ်အိုယာဉ်ဟောင်း ၃၁ စီးနှင့် ယာဉ်နှင့်ဆက်စပ် ပစ္စည်းစုံပုံ အပုံပေါင်း ၇၀ တို့ကို သတ်မှတ်ရက် အတွင်း ရှင်းလင်းဆောင်ရွက်ပြီးဖြစ်ကြောင်း မြို့တော်ဝန်က ပြောကြားသည်။
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်
-
Nations League ကွာတားဖိုင်နယ်သို့ ပေါ်တူဂီနှင့် နယ်သာလန်အသင်း ထပ်မံတက်ရောက်ခဲ့ပြီး ဂျာမနီအသင်း ပြိုင်ပွဲသမိုင်းတွင် ဂိုးအပြတ်ဆုံးနိုင်ပွဲ စံချိန်တင်